အတိပြကိန်း: သချာ်

ရာရှင်နယ်ကိန်း (ခေါ်) အတိပြကိန်း (rational number) ဆိုသည်မှာ ကိန်းပြည့်တို့ဖြင့် အပိုင်းကိန်း a b }} အနေနှင့် အတိအပ ဖော်ပြနိုင်သော ကိန်းကို ခေါ်သည်။ အပိုင်းကိန်း a b }} တွင် a သည် ကိန်းပြည့်ပိုင်းဝေ (integer numerator) ဖြစ်ပြီး၊ b သည် သုညမဟုတ်သော ကိန်းပြည့်ပိုင်းခြေ (nonzero integer denominator) ဖြစ်သည်။ သာဓကဆိုရသော် ၁/၃၊ ၇/၈၊ -၁/၂ စသည်တို့မှာ ရာရှင်နယ် (ဝါ) အပိုင်းကိန်းများ ဖြစ်ကြသည်။ ပိုင်းခြေ သုညမဖြစ်ရခြင်းမှာ အရေးကြီးသည့် ကန့်သတ်ချက်ဖြစ်သည်။

မြန်မာဘာသာဖြင့် ရေရွတ်သောအခါ ၁/၃၊ ၇/၈ နှင့် -၁/၂ တို့ကို "သုံးပုံ၊ တစ်ပုံ၊" "ရှစ်ပုံ၊ ခုနစ်ပုံ၊" "အနှုတ် နှစ်ပုံ၊ တစ်ပုံ၊" စသည်ဖြင့် ပိုင်းခြေကိန်းကို ဦးစွာ ရေရွတ်ရသည်။ ("ပုံ" အစား "ပိုင်း" ဟုလည်း သုံးကြသည်။) တစ်စုံတစ်ခုကို သုံးပုံ၊ သုံးပိုင်း အညီအမျှပိုင်းပြီးနောက် တစ်ပုံနှင့် ညီမျှသော ပမာဏ၊ စသည့်ဖြင့် အနက်ကောက်ယူနိုင်သည်။

ကိန်းတစ်ခုတည်းကို အပိုင်းကိန်းဖြင့်ရေးရာတွင် တစ်မျိုးထက်ပို၍ ရေးနိုင်သည်။ သာဓကအားဖြင့် ၂/၄ နှင့် ၁/၂ နှစ်မျိုးစလုံးမှာ ကိန်းတစ်ခုတည်းကို ကိုယ်စားပြုသည်။ ထို့အတူ -၁/၂ ကို အနေဖြင့်လည်းကောင်း၊ အနေဖြင့်လည်းကောင်း ရေးနိုင်သည်။ သို့ရာတွင် အနှုတ်ကိန်းကို ပိုင်းဝေမှာထား၍ ရေးခြင်းက ပို၍တွင်ကျယ်သည်။

သဘာဝကိန်းတိုင်းမှာ ရာရှင်နယ်ကိန်းများ ဖြစ်သည်ကို သတိပြုသင့်သည်။ သာဓကဆိုသော် သဘာဝကိန်း ၅ ကို ၅/၁ ဟုရေး၍ ရသောကြောင့် ၅ မှာ ရာရှင်နယ်ကိန်းလည်း ဖြစ်သည်။ သို့သော် သဘာဝကိန်းမဟုတ်သော ရာရှင်နယ်ကိန်းများစွာရှိ၏။ သာဓက၊ ၁/၂၊ ၄/၅၊ -၁၃/၁၄။

ရာရှင်နယ်ကိန်းစုကို သင်္ကေတ သုံး၍ ရေးသည်။ အချိုး (ratio) ဟု အနက်ရသည့် “Quotient” ဆိုသည့် ဂျာမန်စာလုံးကို အရင်းပြုထားခြင်းဖြစ်သည်။ ဤသင်္ကေတကို ၁၉၆၀ ပြည့်လွန်နှစ်များဆီက ဘိုဘာကီရေး Algèbre တွင်စတင် အသုံးပြုသည်။

ကိုးကား


Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျောက်ပန်းတောင်းမြို့တပ်မတော် (လေ)မြစ်ကြီးနားမြို့ဗဒုံမင်းအလောင်းမင်းတရားစိတ်ပညာကွန်မြူနစ်ဝါဒအချစ်မြန်မာတိုင်းရင်းသားမျိုးနွယ်များသင်္ဃန်းကျွန်းမြို့နယ်ထိုင်းနိုင်ငံသီရိလင်္ကာနိုင်ငံကျန်းမာရေးမိုးလေဝသမုံရွာမြို့ကရင်လူမျိုးမြစေတီကျောက်စာစကားကြီး ဆယ်မျိုးအုပ်စုတူအဆင့်တူအချင်းချင်းများမနောပွဲကနေဒါနိုင်ငံအဏုမြူ လက်နက်မင်္ဂလသုတ်လီဆာဂါထာခြောက်ဆယ်ပျို့မော်လမြိုင်မြို့တရုတ် - မြန်မာ စစ်ပွဲများဓာရဏပရိတ်သာသနာတော်ကြွက်နို့စေတသိက်ဟစ်တလာထားဝယ်မြို့မဟတ္တမ ဂန္ဒီရှစ်ပါးသီလအားခေါင်းကိုက်ခြင်းနာရီမြန်မာအဘိဓာန်လွှမ်းပိုင်ချမ်းချမ်းမှန်နန်း ရာဇဝင်နန်းမွေစံစတုမဟာရာဇ်နတ်မင်းကြီးလေးပါးသင်္ခါရနှစ်ကျိပ်ရှစ်ဆူကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကြယ်ကျောရိုးမဲ့သတ္တဝါမျိုးပွားခြင်းငပလီကမ်းခြေပင်းယခေတ်သရဏဂုံကိုလိုနီဘုရားပင့်ပိဋကတ် သုံးပုံမြန်မာ့ အစားအစာနတ်သျှင်နောင်အပျိုမြှေးအလောင်းစည်သူကံ့ကော်ပင်မိုးကုတ်မြို့သွားပိုးစားရောဂါမြန်မာနောင်းနာဂစ်မုန်တိုင်းမာရဝိဇယဗုဒ္ဓရုပ်ပွားတော်သောတာပန်ယာဘစိတ်ချရသော လိင်ဆက်ဆံမှုရာပြည့်စစ်ကိုင်းမြို့မဂ္ဂင် ၈ ပါးမြန်မာနိုင်ငံရှိ ခရိုင်များကုန်းဘောင်ခေတ်ပြဒါးဝါကျ🡆 More