ကံ့ကော်ပင်: အပင်မျိုးစိတ်များ

ကံ့ကော်ပန်းသည် ထင်ရှားသောပန်းဖြစ်သည်။ ရှေးက တက္ကသိုလ်နယ်မြေတွင် မလေးကျွန်းဆွယ်မှရသော ပိတောက်ကို အနှံ့အပြားစိုက်သည်။ နှောင်းခေတ်၌မူ ကံ့ကော်ပင်ကိုစိုက်ပျိုးလာကြသည်။ ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိရှိသော အရိပ်အာဝါသ ကောင်းသည့် သစ်ပင်မျိုးဖြစ်သည်။ ကံ့ကော်ပန်းသည် အလွန်မွှေး၍ ဆေးဖက်လည်းဝင်သည်။ ကံ့ကော်သည် အမြဲစိမ်းလန်း စိုပြည်နေသည့်သစ်မာပင်လတ်မျိုးဖြစ်သည်။ ကံ့ကော်ပင်သည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်အပင်ဖြစ်သည်။ ကံ့ကော်(Gangaw) ၏ ရုက္ခဗေဒ အမည်မှာ Mesua ferrea ဖြစ်သည်။

ကံ့ကော်ပင်
ကံ့ကော်ပင်: အပင်မျိုးစိတ်များ
Ceylon ironwood in Thelwatta, South-East Sri Lanka.
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
(unranked):
Angiosperms
(unranked):
Eudicots
(unranked):
Rosids
မျိုးစဉ်:
Malpighiales
မျိုးရင်း:
Calophyllaceae
မျိုးစု:
Mesua
မျိုးစိတ်:
M. ferrea
ဒွိနာမ
Mesua ferrea
L.
Synonyms

Mesua coromandelina Wight
Mesua nagassarium (Burm.f.) Kosterm.
Mesua pedunculata Wight
Mesua roxburghii Wight
Mesua sclerophylla Thw.
Mesua speciosa Choisy
Mesua stylosa

ကံ့ကော်ပင်: အပင်မျိုးစိတ်များ
ကံ့ကော်ပန်း


Cobras Saffron (ကံ့ကော်)

  • Botany Term : Mesua ferrea Linn
  • Species/Family : Guttiferae


ပုံသဏ္ဌာန် : အပင် အမြဲစိမ်းပင်ကြီးမျိုး ဖြစ်သည်။ ပင်စည်ဖြောင့်မတ်၍ အခေါက် ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာသည်။ အရွက် ရွက်လွှဲထွက်သည်။ ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောဘက်၌ အဖြူရောင်အမှုန်ကလေးများ ရှိ၏။ အပေါ်မျက်နှာပြင် ပြောင်လက်၍ ချောမွတ်၏။ ရွက်ကြောများနီးကပ်၍ ထင်ရှားသည်။ ရွက်နားညီသည်။ ရွက်ညှာတို၍ ရွက်ပြားမာကြွပ်သည်။ အပွင့် တစ်ပွင့်တည်း သို့မဟုတ် စုပွင့် ၏။ အချင်း ၁ လက်မမှ ၃ လက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင်ဝါ၍ မွှေးသောဝတ်ဆံတို့သည် တစ်စုတဝေးတည်း လုံးထွေးနေ၏။ တပို့တွဲမှ တန်ခူးလအတွင်း ပွင့်သည်။ အသီး အနည်းငယ် ထိပ်ချွန်၍ လုံးဝိုင်းသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ အခြေကို တည်မြဲနေသော ပွင့်ဖတ်ဖြင့် ဝန်းရံထားသည်။ ကဆုန်နှင့် နယုန်လတွင် သီးသည်။ အစေ့ ၁ မှ ၄ စေ့ထိ ပါရှိသည်။ အညိုရောင်ရှိ၍ ချောမွတ်သည်။ အစေ့ခွံ မာကျောသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ ဝတ်ဆံ ၊ အစေ့ ၊ အမြစ် ၊ အခေါက် နှင့် အဆီ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင်တွေ့ရသည်။ အထူးသဖြင့် တနင်္သာရီတိုင်းတွင် တွေ့နိုင်သည်။ ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အမြဲစိမ်းလန်းသော သစ်တောများတွင် အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်၏။ ဥယျာဉ်ခြံများတွင်လည်း အလှအပ စိုက်ပျိုးကြသည်။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်း များအလိုအရ အစာကို ကြေစေသည်။ အရောင်အဆင်း ကို ဖြစ်စေသည်။ သွေး ဖောက်ပြန်ခြင်း ၊ နှလုံးနာကျင်ခြင်း ၊ အဆိပ်သင့်ခြင်း ၊ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း ၊ ရောင်ရမ်းခြင်းတို့ကို ပျောက်စေ၍ အားကြွစေသည်။ အသုံးပြုပုံ- အပွင့် ၁ ။ အပွင့်များကို ထောပတ် ၊ သကြား ရောစပ်၍ ကြိတ်ပြီး စားပါက ပူလောင်ခြင်း နှင့်ဒူလာသွေးကျရောဂါ ပျောက်ကင်း၏။ ၂ ။ အဆိပ်ကို ပြယ်စေသဖြင့် အဆိပ်သင့်သော ရောဂါကုဆေးများ၌ ထည့်သွင်းသုံး၏။ ၃ ။ အပွင့်ခြောက်များကို အစာအိမ်မကောင်းခြင်း ၊ ချွေးထွက်လွန်ခြင်း ၊ ချောင်းဆိုး ၊သလိပ်များ ခြင်း စသော ရောဂါများအတွက် အသုံးပြုသည်။ ဝတ်ဆံ ၁ ။ ကံ့ကော်ဝတ်ဆံကို အလွန်ပြင်းသော အဖျား ၊ဦးခေါင်း သို့ သွေးဝင်သောအနာ ၊ မီးယပ်သွေးလျှံသောအနာ၊ ထိတ်လန့်ရူးသွပ်သော အနာတို့ကို ကုသသော ဆေးဖော်စပ်ရာ၌ သုံးသည်။ ၂ ။ သကြားခဲနှင့် ကံ့ကော်ဝတ်ဆံ ရောကြိတ်၍ ဆီဦးနှင့် တေပြီးသုံးဆောင်ပါက ခြေပူခြေကွဲ ၊ ဒူလာသွေးကျရောဂါ ပျောက်၏။ ၃ ။ မီးယပ်သွေးဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြု၏။ ၄ ။ အရေပြားပေါ်တွင်ပေါက်သော အပူဖုများ၊ ယားနာများကို သနပ်ခါးနှင့် ကြိတ်၍ သွေးလိမ်းပါက အနာများကို ပျောက်၏။ အမြစ်နှင့် အခေါက် ၁ ။ အမြစ်နှင့် အခေါက်ကို အားဆေးအဖြစ် အသုံးပြု၏။ အစေ့ဆီ ၁ ။ အစေ့မှရသော အဆီကို အဆစ်အမျက်ရောင် ရောဂါ၊ ဝဲ ၊ ယားနာ စသောရောဂါများ ပျောက်ကင်း စေရန် လိမ်းဆေးအဖြစ် အသုံးပြု၏။ ၂ ။ အနာများ ပုပ်ညှီက ၎င်းအဆီကို လိမ်းပေးရ၏။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာတို့၏ကျင့်ဝတ်များငွေအမျိုးသား စာပေဆုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အလင်္ကာသီပေါမင်းကြယ်လိပ်လှိုင်မြို့နယ်စာပေတပ်မတော်နေ့ဂဠုန်ရက္ခိုင့်တပ်တော်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုဓာတ်တူနံတူ ဆေးကိုယူ၊ နံတူသတ်က အသေရနေပြည်တော်တိုင်းစစ်ဌာနချုပ်ကွန်ပျူတာသိပ္ပံပညာအနတ္တနရသူ (ပုဂံ)ဟင်္သာတပင်ရွှေထီးကိုးပါးသီလမြန်မာစာပေတပ်မတော် (ရေ)ကာလာမသုတ်သမုဒယသစ္စာစေတသိက်ကရမက်ရွှေသိမ်တော်ဘုရား (ကျောက်ဆည်)မြန်မာ့တပ်မတော် သမိုင်းကြောင်းမုတ်သုန်ကနောင်မင်းသားဒုတိယ ကမ္ဘာစစ်ဇာတ်ကြီးဆယ်ဘွဲ့ဓာတုဗေဒသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မြန်မာ့ အစားအစာလိင်စိတ်ဆွခြင်းပိုးဟပ်အသုံးလုံးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)မြန်မာ-အင်္ဂလိပ် အဘိဓာန်ဘာဂျာမှုတ်ခြင်းဒူဘိုင်းမြို့မြေပုံစစ်ကိုင်းမြို့ကိုလိုနီခေတ်ဂုဏ်ဆယ်ပါးဝီကီပီးဒီးယားယပ်ဆေးခြောက်အောင်သူ (ဘောလုံးသမား)ရေပွေး(ရောဂါ)ငရဲ (၃၁-ဘုံ)သဇင်ပန်းပအိုဝ်းလူမျိုးဆက်သွယ်ရေးစနစ်ခရေပင်နိဝရဏတရားငါးပါးလီယွန်နယ် မက်ဆီပညာရေးစိတ်ပညာချားလ်စ် ဒါဝင်အောက်ချင်းငှက်ရေးမြို့ကျောက်ဖြူမြို့မဟာဘုတ်နွေရာသီကျောက်ခေတ်လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များလူထုဦးလှဂျန် အောကဗျာလင်္ကာအင်းဝမင်းဆက်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းဓမ္မစကြာသုတ္တန်ဂျူး (စာရေးဆရာမ)🡆 More