အနတ္တ

တိတ္ထိတို့ကြံဆအပ်သော အတ္တ—မဟုတ်–မရှိ–သော။ အတ္တ(ဂ) အနက်လည်းကြည့်။ ဤပုဒ်ကို အဖွင့်အဋ္ဌကထာ ဋီကာတို့၌ အရာအားလျော်စွာ အဓိပ္ပါယ် အမျိုးမျိုးဖွင့်ပြသည်ကို တွေ့ရသည်။

အဓိပ္ပါယ် အမျိုးမျိုး

  • ယင်းတို့ “အတ္တမဟုတ်သော၊ အတ္တမရှိသော၊ အလိုသို့ မလိုက်တတ်, အလိုသို့ မလိုက်စေနိုင်သော (အဝသဝတ္တနဋ္ဌ)၊
  • ခန္ဓာအိမ်ပျက်စီးသော်လည်း မပျက်စီးပဲ အမြဲတည်နေသောအရာ (နိဝါသီ),
  • မြင်ခြင်း ကြားခြင်း စသော ကိစ္စတို့ကို ပြီးစေတတ်သောအရာ(ကာရက),
  • ချမ်းသာဆင်းရဲကို ခံစားတတ်သောအရာ (ဝေဒက),
  • ကိုယ်ကို၎င်း မျက်စိ စသည်ကို၎င်း မိမိအလိုသို့ လိုက်စေတတ်သောအရာ (သယံဝသီ)ဟု တိတ္ထိတို့ကြံဆအပ်သော အတ္တဟူသော အနှစ်သာရမရှိသော (အသာရကဋ္ဌ)၊
  • အတ္တ မှ ဆိတ်သုဉ်းသော (သုညဋ္ဌ)၊
  • အရှင်သခင်မရှိသော အရှင်သခင် မဟုတ်သော (အဿာမိကဋ္ဌ)၊
  • အစိုးမရသော အစိုးရသူမရှိသော (အနိဿရဋ္ဌ)၊
  • အတ္တကို ပယ်တတ်သော အတ္တ၏ ဆန့်ကျင်ဖက်ဟူသော (အတ္တပဋိက္ခပဋ္ဌ)၊
  • အလိုရှိတိုင်း မပြုစေနိုင်သော, အလိုရှိတိုင်း ပြုနိုင်ခြင်း မရှိသော(အကာမကာရိယဋ္ဌ)” စသည်တို့တည်း။

၎င်းတို့တွင် အဝသဝတ္တန-အနက်နှင့် အသာရက-အနက်တို့ကို အဖွင့်များသည်ကိုတွေ့ ရသည်။ အချို့အရာ၌ အနက် ၄-မျိုးစုပေါင်း၍ ဖွင့်သည်ကိုလည်း တွေ့ရသည်။

အနတ္တဟု ဟောသောသုတ္တန်များ

အနတ္တ တရားတော်ကို ဘုရားရှင်သည် အနတ္တလက္ခဏာသုတ် ၌ ရှေးဦးစွာ ဟောတော်မူပြီးနောက် ထိုထိုသုတ်တို့၌ အကြောင်းအားလျော်စွာ နည်းအမျိုးမျိုးဖြင့် ဟောတော်မူခဲ့သည်။

အချို့သုတ်တို့၌ ခန္ဓာ၅-ပါးကို အနတ္တ-ဟု ဟောတော်မူ၍ အချို့သုတ်တို့၌ စက္ခုစသည်ကိုလည်းကောင်း, ရူပါရုံ စသည်ကို၎င်း, ဥပါဒါနက္ခန္ဓာ ၅-ပါးတို့ကို၎င်း, ပထဝီဓာတ် စသည်ကိုလည်းကောင်း, နိဗ္ဗာန်အပါအဝင်အလုံးစုံသော တရားတို့ကို၎င်း, အနတ္တ ဟု-ဟောတော်မူသည်။ အနတ္တဖြစ်သော ခန္ဓာ ၅-ပါး ဓာတ်ကြီး ၄-ပါး စသည်၌ အမြင်မှန်နှင့် ရှုပုံကိုလည်း စသည်ဖြင့်လည်းကောင်း, စသည်ဖြင့်လည်းကောင်း, စသည်ဖြင့်လည်းကောင်း, စသည်ဖြင့်၎င်း စသည်ဖြင့်၎င်း ဟောတော်မူသည်။

၎င်းပြင် အတ္တ, အတ္တနိယကို အမှန်အဟုတ်အားဖြင့် မရအပ် မသိအပ်ပါလျက်သော “လောကော သော အတ္တာ”စသည်ဖြင့် ယူသော အယူကို ထက်ဝန်းကျင် ပြည့်စုံသော ဗာလဓမ္မ သက်သက်သာဖြစ်သည်ဟု အလဂဒ္ဒူပမသုတ် ၌ ဟောတော်မူသည်။

အတ္တ-မဟုတ် မရှိသော ဝတ္ထု၌ အတ္တ-ဟုမှတ်ထင် ခြင်းသည် သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ ဒိဋ္ဌိဝိပလ္လာသဖြစ်ကြောင်းလည်း ဝိပလ္လာသသုတ် ၌ ဟောတော်မူသည်။

အတ္တ, ဝါ ဇီဝ, ဝါ ပုဂ္ဂလ-မရှိပုံကို ကထာဝတ္ထု ပါဠိ၊ ပုဂ္ဂလကထာတွင်၎င်း မိလိန္ဒပဉှာ၊ ၁-မဟာ-ဝဂ္ဂ၊ ၁-ပညတ္တိပဉ္စ(၂၄-၆)နှင့် ၃-ဝိစာရဝဂ္ဂ၊ ဝေဒဂူပဉ္စ(၅၅-၈)တွင်၎င်းကြည့်။

အတ္တရှိမရှိ ဝစ္ဆ ဂေါတ္တပရိဗိုဇ်က မေးလျှောက်ရာ၌ ဆိတ်ဆိတ် နေတော်မူပုံနှင့် ယင်းသို့နေခြင်း၏အကြောင်းကို အာနန္ဒသုတ်တွင်ကြည့်။

ကိုးကား

Tags:

ဋီကာအဋ္ဌကထာအတ္တ

🔥 Trending searches on Wiki မြန်မာဘာသာ:

ရွှေအိမ်သည်ခြင်းလုံး ကစားခြင်းရခိုင်လူမျိုးအစ္စရေးနိုင်ငံသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ပဲခူးမြို့စာရာမေတိတောင်မယ်ခွေစပါးမြန်မာ သက္ကရာဇ်သဘာဝပတ်ဝန်းကျင်မြန်မာကိန်းဂဏန်းများစိန်မြန်မာဝီကီပီးဒီးယားပုလွေမှုတ်ခြင်းဂြိုဟ်တွင်းနက်ကယားပြည်နယ်သူငယ်နာဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များမြန်မာနာမည်ဂျာနယ်ကျော် မမလေးမန္တလေးတိုင်းဒေသကြီးဘုရင့်နောင်လယ်တွင်းသား စောချစ်လက်ဖက်ဗဟိုစာမျက်နှာဗီယင်ကျန်းမြို့အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံပင့်ကူပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းရွှေစည်းခုံ စေတီတော် (ပုဂံ)ဘန်ကောက်မြို့စိတ်အင်းဝမြို့ဘုရားသုံးဆူမြို့ကုန်းဘောင်မင်းဆက်ကင်ပွန်းချဉ်ပင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တာလပေါဟင်းနေတိုးကမ္ဘာဂြိုဟ်အဘိဓမ္မာပိဋကတ်ရန်ကုန်မြို့ဘိက္ခုနီစီးပွားရေးတောင်ကြီးမြို့စက္ကူပန်းပင်းတယဂူမြန်မာ့ မီးရထားမင်္ဂလာပါကိန်းစစ်ကိုင်းတိုင်းဒေသကြီးမြန်မာ့ထီးညောင်ရမ်းခေတ်တာရာမင်းဝေသာသနာတော်ကော့ကရိတ်မြို့တားရော့ပညာနမ့်စန်မြို့ရွှေမော်ဓောဘုရား(ပဲခူး)အခွန်အတုတ်အမျိုးသားစာပေဆုရစာအုပ်စာရင်းဧရာဝတီမြစ်ရုရှားနိုင်ငံရဲဘော်သုံးကျိပ်ဘာသာတရားရှမ်းပြည်နယ်ပရိတ်ကြီး ၁၁ သုတ်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်စေတသိက်ရှရွတ်ခန်းကားမလေးရှားနိုင်ငံတိရစ္ဆာန်🡆 More