အနတ္တလက္ခဏသုတ်: ဘာသာရေး

အနတ္တလက္ခဏသုတ် သည် သင်္ခတနယ်ပယ်တွင် ရှိရှိသမျှသော ငါးဝသောခန္ဓာတို့တွင် အတ္တဟူ၍ စွဲစရာမရှိပုံကို ဟောကြားထားခြင်း ဖြစ်သည်။ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားတော်ကို လက်ခံနိုင်အောင် ဟောကြားတော်မူပြီး ဝါဆိုလပြည့်ကျော် ငါးရက်နေ့တွင် စတင်ဟောကြားတော်မူခဲ့သည်။

အနတ္တသဘောကို ရှင်းလင်းတင်ပြပြီ ဝိပဿနာ ရှုကွက်ကို သင်ကြား

ဘုရားရှင်သည် သောတာပန်ဖြစ်တော်မူကြပြီးကုန်သော ပဉ္စဝဂ္ဂီဟူသော အမည်တော်ကို ရရှိကြသည့် ရဟန်းတော်တို့အား ခန္ဓာ ငါးပါးတို့၏ မိမိတို့၏ အလိုအကြိုက်သို့ မလိုက်ပါနိုင်သည့် အဝသဝတ္တနဋ္ဌ = အနတ္တသဘောကို ရှင်းလင်းတင်ပြပြီးသောအခါ ယင်း ခန္ဓာငါးပါးတို့ကို အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့ အနတ္တတစ်ကျော့ အမေးအဖြေများ ပြုလုပ်တော်မူ၏။ ပဉ္စဝဂ္ဂီရဟန်းတော်တို့က ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်ကြောင်းကို ပြန်လည်တင်ပြ လျှောက်ထားကြသောအခါ ဘုရားရှင်က ဝိပဿနာ ရှုကွက်ကို အောက်ပါအတိုင်း ညွှန်ကြားပြသတော်မူ၏။ ---

(၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ရုပ်တရားအားလုံးကို ဝိပဿနာရှုပါ

ရဟန်းတို့ ...ထိုသို့ ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်နေကြခြင်းကြောင့် ဤ သာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် ---

အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော ရုပ်တရားအားလုံးကိုလည်းကောင်း, မိမိသန္တာန်၌ ဖြစ်သော အဇ္ဈတ္တ ရုပ်တရား ပြင်ပဖြစ်သော ဗဟိဒ္ဓရုပ်တရား အားလုံးကိုလည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိက ရုပ်တရား သိမ်မွေ့နူးညံ့သော သုခုမရုပ်တရား အားလုံးကိုလည်းကောင်း, ယုတ်ညံ့သော ဟီနရုပ်တရား မွန်မြတ်သော ပဏီတရုပ်တရားအားလုံးကိုလည်းကောင်း, ဝေးသော ဒူရရုပ်တရား နီးသော သန္တိကရုပ်တရား အားလုံးကိုလည်းကောင်း ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ရုပ်တရားအားလုံးကို -----

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ

၁။ ဤ ရုပ်တရားသည် ငါ့ဟာ မဟုတ် (= ဒုက္ခ ဟု)

၂။ ဤ ရုပ်တရားသည် ငါ မဟုတ် (= အနိစ္စ ဟု)

၃။ ဤ ရုပ်တရားသည် ငါ၏အတ္တ မဟုတ် (= အနတ္တ ဟု) ---

ဤသို့လျှင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုပါ။ (သံ၊၂၊၅၆။)

အရဟတ္တဖိုလ် တည်တော်မူကြခြင်းအကြောင်း

ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာလေးပါးတို့၌လည်း ပုံစံတူပင်ရှုရန် ဘုရားရှင်က ညွှန်ကြားတော်မူပေသည်။ ဤသို့လျှင် ဤအနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၌ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုပါ ထည့်သွင်း၍ ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလိုက်၏။ ထိုညွှန်ကြားချက်များကို ဦးထိပ်ရွက်ပန်ဆင်လျက် မဂ္ဂသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် (ပဉ္စဝဂ္ဂီရဟန်းတော်များအတွက် အထက်မဂ်သုံးပါးကို ဆိုလိုပါသည်။) ဝိပဿနာသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်ဖြင့် ယင်း (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို (ဒေသနာဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်လျက်) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြသဖြင့် ပဉ္စဝဂ္ဂီဟူသော အမည်ကို ရရှိတော်မူကြသည့် ရဟန်းတော်တို့သည် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၏ အဆုံး၌ အရဟတ္တဖိုလ်၌ တည်တော်မူကြလေကုန်သည်။

တေပရိဝဋ္ဋဓမ္မဒေသနာတော်

ဤ ဂါထာမဖက် စကားပြေသက်သက် ဖြစ်သော အနတ္တလက္ခဏသုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတို့၏ စိတ်တို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့၌ တဏှာဒိဋ္ဌိတို့ဖြင့် ငါ - ငါ့ဟာ ဟု မစွဲယူမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်တော်မူကြကုန်ပြီ။

ဤကဲ့သို့ အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့ အနတ္တတစ်ကျော့ အမေးအဖြေပြုလုပ်ပြီးမှ ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသပေးသော ဒေသနာတော်မျိုးကို တေပရိဝဋ္ဋဓမ္မဒေသနာတော်ဟုခေါ်ဆို၏။ ထိုကဲ့သို့သော ပုံစံတူ တေပရိဝဋ္ဋဓမ္မဒေသနာများကား ပိဋကတော်၌ ရာနှင့်ချီ၍ များစွာပင် ရှိနေပေသည်။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်တစ်လျှောက်လုံး၌ အများဆုံး တွေ့ရှိနိုင်ပေသည်။ ထိုမျှ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ညွှန်ကြား နေတော်မူသော မဟာကရုဏာတော်ရှင် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ စကားတော်များကို နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင့်တလျက်ရှိနေသော အသင်ယောဂီသူတော်ကောင်းသည် ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်သင့်လှပေသည်။

အနတ္တလက္ခဏသုတ်

အနတ္တလက္ခဏသုတ် အမွှန်း

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။

(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ ဝိမုတ္တတ္ထံ ဘဏာမဟေ။


(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရာဏသီပြည်၏ အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိသော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍။

(ခ) နေ့ရက်အစီအစဉ် ထေရ်စဉ်ဝါအလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော်မူပြီး၍ ဝါဆိုလပြည့်ကျော် (၅) ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ ဟောတော်မူလေသည်။ ထိုအနတ္တလက္ခဏသုတ်ကို အို − သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများ ကြပါကုန်စို့။

အနတ္တလက္ခဏသုတ် နိဒါန်း

ဧဝံ မေ သုတံ…

ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြခေါ ဘဂဝါ ပဉ္စဝဂ္ဂီယေ ဘိက္ခူအာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ။


အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံးတော်မူနေ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ချစ်သားရဟန်းတို့ဟု မိန့်တော်မူ၏။

အရှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။

ရူပက္ခန္ဓာ အနတ္တ ဖြစ်ပုံ

ရူပံ ဘိက္ခဝေ အနတ္တာ…

ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။


ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရုပ်သည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တခြင်း၊ ပြုပြင်ခြင်းငှာ ရကောင်းရာ၏။ ရုပ်သည် ကိုယ်ပိုင် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။ ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှု စေခိုင်းမှုကိုလည်း ရလည်းမရပေ။

ဝေဒနာက္ခန္ဓာ အနတ္တ ဖြစ်ပုံ

ဝေဒနာ အနတ္တာ…

ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ လဗ္ဘတိ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။


ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်၊ ဝေဒနာသည် အတ္တ (ကိုယ်ပိုင်) ဖြစ်ခဲ့ငြားအံ့။ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှု စေခိုင်းမှုကို ရကောင်းရာ၏။ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။ ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှု စေခိုင်းမှု့ကို ရလည်းမရနိုင်ပေ။

သညာက္ခန္ဓာ အနတ္တ ဖြစ်ပုံ

သညာ အနတ္တာ…

သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။


ရဟန်းတို့ သညာသည် အတ္တမဟုတ်၊ သညာသည် အတ္တ (ကိုယ်ပိုင်)ဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ သညာသည် ဤသို့ ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှု၊ စေခိုင်းမှုကို ရကောင်းရာ၏။ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။ ငါ၏ သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှု၊ စေခိုင်းမှုကို ရလည်းမရနိုင်ပေ။

သင်္ခါရက္ခန္ဓာ အနတ္တ ဖြစ်ပုံ

သင်္ခါရာ အနတ္တာ…

သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။


ရဟန်းတို့ သင်္ခါရတို့သည် အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တ (ကိုယ်ပိုင်) ဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်သတည်း၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်သတည်းဟု သင်္ခါရတို့၌ တောင့်တမှု၊ စေခိုင်းမှုကို ရကောင်းရာ၏။ သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်ကုန်၏။ ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်သတည်း၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်သတည်းဟု သင်္ခါရတို့၌ တောင့်တမှု၊ စေခိုင်းမှုကို ရလည်းမရနိုင်ပေ။

ဝိညာဏက္ခန္ဓာ အနတ္တ ဖြစ်ပုံ

ဝိညာဏံ အနတ္တာ…

ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ တိ။


ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်၊ ဝိညာဏ်သည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ။ ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှု စေခိုင်းမှုကို ရကောင်းရာ၏။ ဝိညာဏ်သည် အတ္တ (ကိုယ်ပိုင်) မဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။ ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှု၊ စေခိုင်းမှုကို ရလည်းမရပေ။

ရူပက္ခန္ဓာ၌ လက္ခဏာရေး သုံးပါး

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နုတံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံဘန္တေ။


ချစ်သားတို့ ရုပ်ကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။

ရုပ်သည် မြဲသလော မမြဲသလော။

မမြဲပါ အရှင်ဘုရား။

မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။

ဆင်းရဲပါ အရှင်ဘုရား။

မမြဲသော၊ ဆင်းရဲသော၊ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏။ ဤရုပ်သည် ငါ ဖြစ်၏။ ဤရုပ်သည် ငါ၏ ကိုယ် အတ္တတည်းဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။

မသင့်လျော်ပါ အရှင်ဘုရား။

နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေး သုံးပါး

ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာတိ။ နော ဟေတံ ဘန္တေ။

ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ဝေဒနာသည် မြဲသလော မမြဲသလော။

မမြဲပါ အရှင်ဘုရား။

မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။

ဆင်းရဲပါ အရှင်ဘုရား။

မမြဲသော၊ ဆင်းရဲသော၊ ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏။ ဤဝေဒနာသည် ငါ ဖြစ်၏။ ဤဝေဒနာသည် ငါ၏ ကိုယ်အတ္တတည်းဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။

မသင့်လျော်ပါ အရှင်ဘုရား။

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော သညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါ ဖြစ်၏၊ ဤသညာသည် ငါ၏ အတ္တဖြစ်တည်းဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။

မသင့်လျော်ပါ အရှင်ဘုရား။ သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ပါဘုရား။ မမြဲသော သင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ ဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ ကိုယ် အတ္တတည်းဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။

ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ ကိုယ်အတ္တတည်းဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။

မသင့်လျော်ပါ အရှင်ဘုရား။

ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ

တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

ရဟန်းတို့ ထိုသို့ ဖြစ်ခြင်းကြောင့်

အတိတ် (တွင် ဖြစ်ခဲ့သော ရုပ်)၊ အနာဂတ် (တွင် ဖြစ်မည့် ရုပ်)၊ ပစ္စုပ္ပန် (တွင် ဖြစ်ဆဲ ရုပ်)

(ခန္ဓာကိုယ်) အတွင်း (ဖြစ်သော ရုပ်)၊ (ခန္ဓာကိုယ်) ပြင်ပ (တွင်ဖြစ်သော ရုပ်)၊

အကြမ်း (ကြမ်းတမ်းခက်ထန်သော ရုပ်)၊ အနု (နူးညံ့သိမ်မွေ့သော ရုပ်)

အယုတ် (ယုတ်ညံ့သော ရုပ်)၊ အမြတ် (မြင့်မြတ်သော ရုပ်)

အဝေး (တွင် ဖြစ်သော ရုပ်)၊ အနီး (တွင် ဖြစ်သော ရုပ်)

အလုံးစုံသော ရုပ်တို့ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်။ ဤရုပ်သည် ငါမဟုတ်။ ဤရုပ်သည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ

ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။


အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်း ဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ

ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။


အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်း ဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဟုတ်တိုင်မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ

ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။


အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်း ဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ ကိုယ်အတ္တမဟုတ်ကုန်ဟု ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ဝိဉာဏတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ

ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။


အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော၊ အတွင်း အပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်း ဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ ကိုယ် အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက် ဖြစ်ပုံ

ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ဝုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော

အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏။

ဝေဒနာ၌လည်း ငြီးငွေ့၏။

သညာ၌လည်း ငြီးငွေ့၏။

သင်္ခါရတို့၌လည်း ငြီးငွေ့၏။

ဝိညာဏ်၌လည်း ငြီးငွေ့၏။

ငြီးငွေ့သော် စွဲမက်မှု ကင်း၏။

စွဲမက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏။

ကိလေသာမှ လွတ်မြောက်သောကြောင့် ကိလေသာမှ လွတ်မြောက်ပြီဟု အသိဉာဏ် ဖြစ်ပေါ်၏။

ပဋိသန္ဓေ နေမှု ကုန်ပြီ။

အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ။

ပြုဖွယ် မဂ်ကိစ္စကို ပြုပြီးပြီ။

ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာ ဖြစ်ပုံ

ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံစ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂီယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။

အနတ္တသုလက္ခဏသုတ္တံ နိဋ္ဌိတံ။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။ ဤဂါထာမဖက် (အမေး၊ အဖြေ) သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတို့၏ စိတ်တို့သည် စွဲလမ်းမှု အာသဝေါတို့မှ လွန်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် ပြီး၏။

ကိုးကား

Tags:

အနတ္တလက္ခဏသုတ် အနတ္တသဘောကို ရှင်းလင်းတင်ပြပြီ ဝိပဿနာ ရှုကွက်ကို သင်ကြားအနတ္တလက္ခဏသုတ် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ရုပ်တရားအားလုံးကို ဝိပဿနာရှုပါအနတ္တလက္ခဏသုတ် အရဟတ္တဖိုလ် တည်တော်မူကြခြင်းအကြောင်းအနတ္တလက္ခဏသုတ် တေပရိဝဋ္ဋဓမ္မဒေသနာတော်အနတ္တလက္ခဏသုတ် အနတ္တလက္ခဏသုတ် ကိုးကားအနတ္တလက္ခဏသုတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

မောရသုတ်ပန်းမြန်မာနိုင်ငံရှိ ခရိုင်များဘဒ္ဒကမ္ဘာလား (တိရစ္ဆာန်)လေဖြတ်ခြင်းကျော်စွာလင်းဗဟိုစာမျက်နှာတွံတေးမြို့နေပြည်တော်တိုင်းစစ်ဌာနချုပ်တနင်္သာရီတိုင်းဒေသကြီးကမ္ဘာ့အလုပ်သမားနေ့ဆင်ဖြူရှင်မင်းပြည်မြို့နယ်ကာလီမယ်တော်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့လီဆာသန်လျင်မြို့အောင်လံမြို့ဗောဇ္ဈင်္ဂသုတ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းတိုကျိုမြို့ဖွားတော်ကြီးမျိုးပွားခြင်းတရုတ် - မြန်မာ စစ်ပွဲများအဲလ်ဘတ် အိုင်းစတိုင်းချောင်းကို ပစ်၍ မြစ်ကို ရှာ၊ ရေသာ များ၍ ငါးမတွေ့သစ္စာလေးပါးမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ကိုယ်ဝန်ဖျက်ချခြင်းကျိုက်ထီးရိုးဘုရားမြန်မာနိုင်ငံရှိ မြို့နယ်များရာသီဥတုပြောင်းလဲမှုယုန်ပန်ထွာဘုရင်မကြွက်နို့စိုင်းစိုင်းခမ်းလှိုင်ကနေဒါနိုင်ငံမိန်းမ မျိုးပွားအင်္ဂါဘုရား (ဗုဒ္ဓဘာသာ)ကင်ဆာရောဂါသာလွန်မင်းသိပ္ပံပညာထေရဝါဒတကောင်းဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)ငါးရာ့ငါးဆယ် နိပါတ်တော်မြန်မာနိုင်ငံ၏ သမ္မတကဏန်းမြေပုံအကုသလကမ္မပထဆယ်ပါးဘုရားပင့်ပေါင်မြို့ဟားခါးမြို့ကွန်ပျူတာသိပ္ပံပညာဟင်္သာတထွန်းရင်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုတပ်မတော်နေ့ကာလသားရောဂါအပူချိန်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သီရိလင်္ကာနိုင်ငံနို့အာနန္ဒာထေရ်ခွေးရူးပြန်ရောဂါကာကွယ်ဆေးအဏုမြူ လက်နက်အလောင်းမင်းတရားကြီးအရေးတော်ပုံမြန်မာပိတောက်🡆 More