မြန်မာတို့၏ကျင့်ဝတ်များ

စာမျက်နှာသည် အခြားဘာသာဖြင့် မရှိသေးပါ။

တပည့်ကျင့်ဝတ် ငါးပါး

    ညီညာထကြွ၊ ဆုံးမနာယူ၊
    လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
    သင်တွေးအံရွတ်၊ တပည့်ဝတ်၊
    မချွတ်ငါးခုသာ။
    (သင်္ဂဇာဆရာတော်)

ဆရာ့ဝတ္တရား ငါးပါး

    အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
    သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
    သင့်ရာအပ်ပို့၊ ဆရာတို့
    ကျင့်ဖို့ဝတ်ငါးဖြာ။
    (သင်္ဂဇာဆရာတော်)

လင်ကျင့်ဝတ်ငါးပါး

    မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
    မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
    မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။
    (သင်္ဂဇာဆရာတော်)

မယားဝတ္တရား ငါးပါး

    အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
    မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
    ပျင်းရိမမူ၊ ဝတ်ငါးဆူ၊
    အိမ်သူကျင့်အပ်ရာ။
    (သင်္ဂဇာဆရာတော်)

သားသမီးကျင့်ဝတ် ငါးပါး

    ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
    မွေခံထိုက်စေ၊ လှူမျှဝေ၍၊
    စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
    ကျင့်ဖွယ်သားတို့တာ။

မိဘကျင့်ဝတ် ငါးပါး

    မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊
    အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
    ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊
    ဖခင်မယ်တို့တာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး

    ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
    စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
    သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
    ကျင့်လေမိတ်သဟာ။

ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး

    မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊
    ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊
    သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊
    ဝတ်ငါးဆင့်၊ ပြုကျင့် မိတ်ဆွေများ။

အလုပ်ရှင်ကျင့်ဝတ် ငါးပါး

    ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊
    နာလျှင်ကုစေ၊ ငှဝေရသာ၊
    အခါကိုလွှတ်၊ အရှင်ဝတ်၊
    မချွတ် ငါးခုသာ။

အလုပ်သမားကျင့်ဝတ် ငါးပါး

    အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊
    ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊
    ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

ဒါယကာကျင့်ဝတ် ငါးပါး

    မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊
    ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
    တတ်အားလှူစေ၊ ဝတ်ငါးထွေ၊
    ပြုလေ ဒါယကာ။

ရဟန်းကျင့်ဝတ်ခြောက်ပါး

    မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊
    အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
    နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
    ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

နာယကကျင့်ဝတ် ခြောက်ပါး

    ထကြွနိုးကြား၊ သနားသည်းခံ၊
    ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူ့ ကျင့်ရာတရားတည်း။

ကိုးကား

Tags:

မြန်မာတို့၏ကျင့်ဝတ်များ တပည့်ကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ ဆရာ့ဝတ္တရား ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ လင်ကျင့်ဝတ်ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ မယားဝတ္တရား ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ သားသမီးကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ မိဘကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ မိတ်ဆွေကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ အလုပ်ရှင်ကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ အလုပ်သမားကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ ဒါယကာကျင့်ဝတ် ငါးပါးမြန်မာတို့၏ကျင့်ဝတ်များ ရဟန်းကျင့်ဝတ်ခြောက်ပါးမြန်မာတို့၏ကျင့်ဝတ်များ နာယကကျင့်ဝတ် ခြောက်ပါးမြန်မာတို့၏ကျင့်ဝတ်များ ကိုးကားမြန်မာတို့၏ကျင့်ဝတ်များ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆလုံလူမျိုးကာသန်လျင်မြို့စောဘဦးကြီးဖားရှစ်ပါးသီလစကားထာစိုးထွဋ်ကြောင် (တိရစ္ဆာန်)မင်းအောင်လှိုင်သွားပိုးစားရောဂါဗောဇ္ဈင်ခုနစ်ပါးဇီဝဇိုးငှက်အောင်လင်းဒွေးသိပ္ပံမောင်ဝပလေးတိုးကျန်းမာရေး ဝန်ကြီးဌာနဗမာပြည် ကွန်မြူနစ်ပါတီမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များရှမ်းဘာသာစကားမြင်းမိုရ်မြန်မာစာပေဆိုင်းဝိုင်းသောတာပန်တို့ဗမာ သီချင်းလာအိုဘုရင့်နိုင်ငံအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးနယူတန်မထိုးသွင်းသော လိင်ဆက်ဆံခြင်းဂျန် အောပန်းချီပါရာဇိကမြန်မာ-အင်္ဂလိပ် အဘိဓာန်အီသီယိုးပီးယားနိုင်ငံဗေဒင်နည်းပညာအောင်ရဲလင်းမဟာဘုတ်စိတ်ချရသော လိင်ဆက်ဆံမှုစောမွန်လှပညတ်တော်ဆယ်ပါးကုန်းဘောင်မင်းဆက်ကိုရီးယားနိုင်ငံဩကာသ ဘုရားရှိခိုးမြေပုံဘဲမောရသုတ်ငါးရံ့မေတ္တာသက္ကရာဇ်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါသျှင်မဟာ သီလဝံသစစ်တက္ကသိုလ် (ပြင်ဦးလွင်)ယာဘမင်းသုဝဏ်လား (တိရစ္ဆာန်)သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနော်ရထာအင်္ဂုလိမာလသုတ်ကချင်လွတ်မြောက်ရေးတပ်မတော်စစ်ရေးမုံရွာမြို့ခရေပင်မိုင်တဲလ် မြန်မာပုဂံခေတ်ဧရာဝတီတိုင်းဒေသကြီးကရမက်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မြန်မာတိုင်းရင်းသားမျိုးနွယ်များကွန်မြူနစ်ဝါဒတပ်မတော်နေ့အလင်္ကာရန်ကုန်မြို့🡆 More