ဗောဇ္ဈင်ခုနစ်ပါး

ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိသည်။ ဗောဇ္ဈင် (၇) ပါးမှာ အောက်ပါအတိုင်းဖြစ်ကြ၏။

(၁) သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိစေတသိက်

(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ် ပညာစေတသိက် (တနည်း) ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅) ပါး၊ အနုပဿနာဉာဏ် (၃) ပါးနှင့် ဝိပဿနာဉာဏ် (၁၀) ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

(၃) ဝိရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် (၄) ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်။

(၄) ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ(ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း ပီတိစေတသိက်။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့်ဖြစ်သော ကိုယ်စိတ်ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း။

(၆) သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျနိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒအမှုများစွာရှိသည်။ အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။ စကြာရတနာ (၇) ပါးနှင့် ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် (၇) ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော်အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။

မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ စာမျက်နှာ (၆ဝ)။ အဋ္ဌကထာ၊ စာမျက်နှာ (၁၇၈)၌ အကျယ်ရှု။

ဗောဓိဿ+အင်္ဂါ=ဗောဇ္ဈင်္ဂါ
ဗောဓိဿ-သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်, ဖိုလ် ဉာဏ်၏၊
အင်္ဂါ- အကြောင်းတို့တည်း၊ ဝါ, အစိတ်အပိုင်းတို့တည်း၊
ဗောဇ္ဈင်္ဂါ- သစ္စာလေးပါး သိကြောင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းတို့ကိုပွားစီးစေရသည် ဟူ၏။

ဗောဇ္ဈင် ၇-ပါး

  • (၁) သတိသမ္ဗောဇ္ဈင်- အောက်မေ့ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်'သတိ စေတသိက်'၊
  • (၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင်- တရား စိစစ်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ်'ပညာ စေတသိက်'၊
  • (၃) ဝီရိယသမ္ဗောဇ္ဈင်- လုံ့လစိုက်ခြင်း မဂ် ဖိုလ်ဉာဏ်အစိတ် 'ဝီရိယစေတသိက်'၊
  • (၄) ပီတိသမ္ဗောဇ္ဈင်- နှစ်သက်ခြင်း မဂ် ဖိုလ် ဉာဏ်အစိတ် 'ပီတိ စေတသိက်'၊
  • (၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်- အေးမြခြင်း မဂ်ဖိုလ်ဉာဏ်အစိတ် ' ကာယ, စိတ္တ ပဿဒ္ဓိ စေတသိက်'၊
  • (၆) သမာဓိသမ္ဗောဇ္ဈင်- စိတ်၏တည်ကြည်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် 'ဧကဂ္ဂတာစေတသိက်'၊
  • (၇) ဥပေက္ခာသမ္ဗောဇ္ဈင်- လျစ်လျူရှုခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် 'တတြမဇ္ဈတ္တတာစေတသိက်'။


ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

စာပေဒီမိုကရေစီစုန်းကဝေအတတ်ပင်လုံစာချုပ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ပဋိစ္စသမုပ္ပါဒ်ရှစ်ပါးသီလကဆုန်လပြည့် ဗုဒ္ဓနေ့ကားဗန်းစကားပန်ထွာဘုရင်မကျိုင်းတုံခရိုင်ငါး (တိရစ္ဆာန်)သုဂတော သုဂတဓာနံမြန်မာနိုင်ငံရှိ ပွဲတော်များမြန်မာနိုင်ငံ၏ ပညာရေးမွန်လူမျိုးအနော်ရထာမြန်မာနိုင်ငံ၏ အလံတော်အသည်းရောင် အသားဝါ ရောဂါ အေပိုးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးဝီကီပီးဒီးယားတပ်မတော် (ရေ)ကြိတ်မှန်ပင်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းကျော်ဟိန်းအင်္ဂလိပ်-မြန်မာ စစ်ပွဲများနိဝရဏတရားငါးပါးခင်ခင်ထူးအလောင်းစည်သူသမိုင်းမအင်္ဂါ အစေ့ပဲခူးတိုင်းဒေသကြီးပေါက်ပန်းဖြူမြန်မာဘာသာစကားပုပ္ပါးတောင်ကလပ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသိပ္ပံပညာလေယာဉ်ပျံအော်ကာသက္ကရာဇ်သာသနာတော်တောင်ကိုရီးယားနိုင်ငံမဏိစန္ဒာသံဖြူဇရပ်မြို့မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းပေါက်ကျိုင်းဗဒုံမင်းကြမ်းပိုးအာဆင်နယ်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)သီတဂူဆရာတော်အယုဒ္ဓယမြန်မာနိုင်ငံရှိ ခရိုင်များမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ခန္ဓသုတ်မင်္ဂလာတောင်ညွန့်မြို့နယ်လိမ်လည်မှုကွန်မြူနစ်ဝါဒမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဟင်္သာတထွန်းရင်ကြယ်မြင်းခွာပင်အစ္စရေးနိုင်ငံမြန်မာနိုင်ငံ၏ ရပ်ကွက်များဂြိုဟ်အညာပညာရေးထိုင်းနိုင်ငံ၏ ပြည်နယ်များမြဘုရား🡆 More