အသည်းရောင် အသားဝါ ရောဂါ အေပိုး

အသည်းရောင် အသားဝါ ရောဂါ ပိုးများ ၏ မိသားစုဝင် ပိုးတစ်မျိုးဖြစ်သည်။ အေပိုး သည် အသည်းကို တိုက်ခိုက်သည့် ပိုးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကူးစက်ပြန့်ပွားမှုလွယ်ကူစေပြီး၊ ပုံမှန်အားဖြင့် အစာသွင်းသည့် လမ်းကြောင်း နှင့် စအိုလမ်းကြောင်း မှတဆင့် ပြန့်ပွားခြင်းဖြစ်သည်။ ပိုးရှိနေသည့် အစားအစာ၊ သောက်သုံးရေ (သို့) ပိုးကူးစက်ခံထားရသည့်သူနှင့် တိုက်ရိုက် ထိတွေ့ခြင်းတို့မှ ကူးစက်ခြင်းဖြစ်သည်။ ကမ္ဘာတဝှမ်းတွင် နှစ်စဉ် လူဦးရေ သန်းဆယ် ချီ၍ အေပိုးကူးစက်ခံကြရသည်။ ကူးစက်ခံရပြီး အချိန်နှင့် ရောဂါလက္ခဏာပြသည့် အချိန်မှာ (ရောဂါပျိုးချိန်) ရက်သတ္တပါတ် နှစ်ပါတ် မှ ခြောက်ပါတ်အတွင်း ဖြစ်ပေါ်နိုင်ပြီး၊ ပုံမှန်ရောဂါပျိုးချိန်မှာ ၂၈ ရက်ဖြစ်သည်။ ရောဂါပိုးများမှာ အဓိက အသည်းကိုတိုက်ခိုက်သည်ပိုး ဖြစ်သော်လည်း ကူးစက်ပုံခြားနားကြသည်။ အခြား အသည်းရောင် အသားဝါ ရောဂါ ပိုးများ မှာအေပိုး(Hep A)၊ ဘီပိုး(Hep B)၊ စီပိုး(Hep C)၊ ဒီပိုး(Hep D)၊ အီးပိုး(Hep E)၊ အက်(ဖ်)ပိုး(Hep F)နှင့် ဂျီပိုး(Hep G) ဟူ၍ အတိုကောက်ခေါ်ဆိုကြသည်။

တိုးတက်ဆဲ နိုင်ငံများ နှင့် တကိုယ်ရေသန့်ရှင်းမှု စံနှုန်း နည်းပါသည့် နိုင်ငံများတွင် ကူးစက်နိုင်မှုနှုန်းသည် ပိုမိုများပြားပြီး၊ အများအားဖြင့် ငယ်ရွယ်စဉ်ကတည်းက ကူးစက်ခြင်းခံရသည်။ နေ့စဉ် ဝင်ငွေမြင့်တက်လာမှု နှင့် သန့်ရှင်းရေ ရရှိနိုင်မှုများသည့် လက္ခဏာများမှာ အေပိုးရောဂါကူးစက်ခြင်းကို ကျဆင်းစေသည်။ ရောဂါကူးစက်ခံရသည့် ကလေးများတွင် ၉၀ရာနှုန်းသည် ရောဂါလက္ခဏာပြသခြင်း မရှိဘဲ၊ တစ်သက်လုံး ကူးစက်ခံရသူတွင် ပိုးရှိနေမည်ဖြစ်ပြီး၊ ငယ်ရွယ်စဉ် ကူးစက်ခံရသူများတွင် အထူးခြားနားသည့် ရောဂါလက္ခဏာများ မရှိပေ။ ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံ နှင့် စက်မှုထွန်းကားသည့် နိုင်ငံများတွင် အဓိက ကူးစက်ပုံမှာ လူငယ်များမှ ဖြစ်သည်။ ထိုလူငယ်များသည် ရောဂါကူးစက်ခံရနှုန်း မြင့်မားသည့် နိုင်ငံများသို့ သွားရောက်လည်ပါတ်ကြရမှ ပိုးရှိသူများ(သို့) ပိုးနှင့် ထိတွေ့ကြ၍ ပြန့်ပွားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အေပိုးပြန့်ပွားပုံမှာ တိုးတက်ဆဲနိုင်ငံများတွင် ဖြစ်ပေါ်သည့်အတိုင်း၊ သန့်စင်သော သောက်သုံးရေမရရှိမှု၊ ပိုးရှိနေသော မသန့်စင်သည့် အစားအသောက်များမှ စားသုံးသူသို့ ကူးစက်ခြင်း၊ စံနစ်တကျ အိမ်သာများ အသုံးမပြုခြင်းများမှ အဓိက ရောဂါပြန့်ပွားကြသည်။

ရောဂါ လက္ခဏာ

ရောဂါ လက္ခဏာမှာ ပုံမှန်အားဖြင့် ၂လထက် နည်းသော်လည်း၊ တချို့တွင် ၆ လအထိ ကြာမြင့်နိုင်သည်။

  • နေထိုင်မကောင်း ဖြစ်ရန် ခံစားနေရခြင်း၊ နေထိုင်မကောင်းဖြစ်နေခြင်း၊ အဖျားတက်သည့် ပုံစံ နေထိုင်မကောင်းဖြစ်ခြင်း
  • အစားအသောက်စားသုံးရန် စိတ်မပါခြင်း။
  • ပင်ပန်းခြင်း (သို့) ယားယံခြင်း၊ နာကျင်ခြင်း နှင့် ခေါင်းကိုက်ခြင်းများ
  • အသားဝါခြင်း နှင့် မျက်စိအနီးတဝိုက်ရှိ အဖြူရောင်အသားတွင် အဝါရောင်ဖြစ်ပေါ်နိုင်သည်
  • ညာဘက်နံရိုးအောက်ပိုင်းအနီးတွင် အသည်းနာကျဉ်ခြင်း၊
  • ဆီးအရောင် မည်းခြင်း၊ ရေနွေး (သို့) ကိုကာကိုလာ အရောင်ပုံစံဖြစ်ခြင်း
  • မစင်တွင် အရာင်ဖြော့ခြင်း၊ ညိုခြင်း(သို့) ရွှံ့အိုးအရောင်ရှိခြင်း

ဖြစ်ပွားခြင်း နှင့် ပိုးကူးစက်ခြင်း

ကြိုတင်ကာကွယ်ရန်

ကုသခြင်း

Tags:

အသည်းရောင် အသားဝါ ရောဂါ အေပိုး ရောဂါ လက္ခဏာအသည်းရောင် အသားဝါ ရောဂါ အေပိုး ဖြစ်ပွားခြင်း နှင့် ပိုးကူးစက်ခြင်းအသည်းရောင် အသားဝါ ရောဂါ အေပိုး ကြိုတင်ကာကွယ်ရန်အသည်းရောင် အသားဝါ ရောဂါ အေပိုး ကုသခြင်းအသည်းရောင် အသားဝါ ရောဂါ အေပိုးHep BHep Cဂျီပိုးစီပိုးဒီပိုးဘီပိုးအက်(ဖ်)ပိုးအသည်းရောင် အသားဝါ ရောဂါ ပိုးများအီးပိုးအေပိုး

🔥 Trending searches on Wiki မြန်မာဘာသာ:

စမ်းချောင်းမြို့နယ်မြိတ်မြို့နာဂလူမျိုးပဋ္ဌာန်းကာကွယ်ရေးဝန်ကြီးဌာနစက်မှုတော်လှန်ရေးမြနတ်ပြည် ၆ ထပ်ကားလိုး ကော်လိုဒီဇာမဏီသိပ္ပံပညာမဂ္ဂင် ၈ ပါးကိန်းနိုင်ငံတော် သံဃမဟာနာယကအဖွဲ့မြသလွန်ဘုရားတပ်မတော် (ရေ)သန်လျင် မင်းကျောင်းဆရာတော်ကျေးရွာအုပ်စုရှစ်လေးလုံးအရေးအခင်းနှလုံးသွေးကြောကျဉ်းရောဂါဝီကီမီဒီယာ ဖောင်ဒေးရှင်းရေမွန်မြန်မာလများကျန်စစ်သားသဘာဝပတ်ဝန်းကျင်ငပလီကမ်းခြေနွေရာသီမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ဘုရား (ဗုဒ္ဓဘာသာ)စေတသိက်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းငါးမျိုးစိတ်များ စာရင်းယာဘကိုယ်ဝန်ဖျက်ချခြင်းဂျပန်သမိုင်းဒီမိုကရေစီနမ့်ခမ်းမြို့ကယန်းလူမျိုးအဋ္ဌာရသ ၁၈ ရပ်ဧရိယာကွာလာလမ်ပူမြို့အင်းဝမင်းဆက်တိုကျိုမြို့မြန်မာ့ လက်ဝှေ့ကယားပြည်နယ်ဘုရင့်နောင်ရုရှားနိုင်ငံတွံတေးသိန်းတန်ဓမ္မစကြာသုတ္တန်ဘိုးမင်းခေါင်စိတ်ချရသော လိင်ဆက်ဆံမှုဗိဿနိုးမြို့ဟောင်းမဟာဘုတ်ငါးပါးသီလအော်ကာကြို့ထိုးခြင်းဂျိန်ဖော့လူမျိုးအင်တာနက်သီတဂူဆရာတော်ခုနစ်နေ့ဘုရားရှိခိုးဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအိုမန်နိုင်ငံပေပင်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ရွှေစာရံ စေတီတော် (မန္တလေး)မင်းယုဝေအားမန္တလေးတိုင်းဒေသကြီးစစ်တွေမြို့ဂျာနယ်ကျော် မမလေးရန်ကုန်တိုင်းဒေသကြီးပြည်မြို့🡆 More