ရေမွန်: အဆိုတော်

ဝေမွန်ဦး (၁၉၈၈-၂၀၂၁) သည် ရေမွန် (Raymond) အမည်ဖြင့် လူသိများသော မြန်မာနိုင်ငံသား တေးရေး၊ တေးဆို၊ ဂီတပညာရှင်ဖြစ်သည်။

ရေမွန်
ရေမွန်: ငယ်ဘဝနှင့် ပညာရေး, ဂီတခြေလှမ်း, ပရဟိတလှုပ်ရှားမှု
ရေမွန် (ဒီဇင်ဘာ ၂၀၁၃)
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဝေမွန်ဦး
မွေးဖွား၂၆ နိုဝင်ဘာ ၁၉၈၈
ရန်ကုန်မြို့
ကွယ်လွန်၂၃ ဇွန်၊ ၂၀၂၁(2021-06-23) (အသက် ၃၂)
ကရင်ပြည်နယ်
ဂီတဟန်
  • rock
အလုပ်အကိုင်အဆိုတော်၊ တေးရေး
တူရိယာဂစ်တာ၊ အဆို
တက်ကြွသည့်နှစ်များ၂၀၀၂–၂၀၂၁

ငယ်ဘဝနှင့် ပညာရေး

ဂီတနယ်၌ ကျော်ကြားသူများဖြစ်သည့် တေးရေးတေးဆို စောခူဆဲနှင့် အဆိုတော် ခင်မြတ်မွန်တို့မှ ၁၉၈၈ ခု၌ ရန်ကုန်၌ မွေးသည်။ ငယ်အမည်မှာ တွတ်ပီဖြစ်ပြီး မွေးချင်းညီမ တစ်ယောက်ရှိသည်။ ငယ်စဉ်ကပင် မိဘများ ကွာရှင်းကြပြီး ရေမွန်ကို မိခင်က စောင့်ရှောက်သည်။

ဒဂုံ (၁) ၌ အထက်တန်းအောင်မြင်သည်အထိ ပညာသင်သည်။

ဂီတခြေလှမ်း

အထက်တန်းဖြေဆိုပြီးနောက် ယခင်ကပင် အစပျိုးရင်းဖြစ်သော အီးဒီးရော့တ်စ် (Idiots) အမည်ရှိ ရော့ခ်ဂီတဝိုင်းကို အောင်ရဲ၊ ဖိုးလုံး၊ ကျော်ခိုင်တို့နှင့်အတူ ပေါင်းထောင်သည်။ ရေမွန်က ဂစ်တာနှင့်တေးဆိုအဖြစ် ပါဝင်သည်။ ရေမွန်သည် ဂီတအမျိုးအစားမရွေးနားဆင်တတ်သူဖြစ်ပြီး ရပ်ပ်ပါ (Rapper) ဂျေးမီ (J Me) ၏ သီချင်းဖြစ်သော မငိုနဲ့တော့ သီချင်းတွင်လည်း ပါဝင်အားဖြည့်သီဆိုခဲ့သေးသည်။

အက်ဆိုင်အာ ရော့ခ်ဟောက်စ် (SIR Rock House) အမည်အောက်တွင် အီးဒီးရော့တ်စ်၊ ရီဇင်န် (Reason)၊ ဝမ့်တက်ဒ် (Wanted)၊ ဘစ်ဂ်ဘက်ဂ်ဟူသော ရော့ခ်အနွယ်ဝင် ဂီတဝိုင်းများ ပေါင်းကာ ရှိုးပွဲများ၊ သီချင်းခွေများ ထုတ်ခဲ့သည်။

အီးဒီးရော့တ်စ်အဖွဲ့အမည်အောက်တွင် လူအဂီတ (၂၀၁၁)၊ ခေ​တ်သစ်ကျောက် (၂၀၁၆) တေးစီးရီးများ ထုတ်သည်။ ဘာလို နေသေးလဲချန်ခဲ့၊ ဝမ်းနည်းတတ်တဲ့ချစ်သူ၊ ဆုလာဘ်၊ မင်းနဲ့နီးဖို့ နှင့် တခန်းရပ် သီချင်းများမှာ အထူးထင်ရှားသည်။

ပရဟိတလှုပ်ရှားမှု

ကလင်းရန်ကုန် (Clean Yangon) အကျိုးအမြတ်မယူအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး ကိုဗစ်ကာလ၌ အသွားအလာကန့်သတ်ချက်ကြောင့် စားဝတ်နေရေးအဆင်မပြေသော မိသားစုများကို ဆန်နှင့်ဟင်းချက်စရာများ လှူသည်။

ဘဝနိဂုံး

၂၀၂၁ အာဏာသိမ်းမှုဖြစ်သည်နောက် မြို့ပြဆန္ဒပြပွဲများတွင် ပေါ်ပေါ်ထင်ထင်ပါဝင်သည့်အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၅၀၅ (က) ဖြင့် ဖမ်းမိန့် အထုတ်ခံရသည်တွင် လွတ်မြောက်နယ်မြေခေါ်သော တော်လှန်ရေးအင်အားစုတို့ရှိရာသို့ ပူးပေါင်းသည်။

၂၀၂၁ ခုနှစ်၊ဇွန်လ ၂၃ ရက်နေ့မနက်တွင် အစာအိမ်သွေးကြောပေါက်ကာ ရုတ်တရက်ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်သာရှိသေးသည်။

ကိုးကား

ပြင်ပလင့်များ

Tags:

ရေမွန် ငယ်ဘဝနှင့် ပညာရေးရေမွန် ဂီတခြေလှမ်းရေမွန် ပရဟိတလှုပ်ရှားမှုရေမွန် ဘဝနိဂုံးရေမွန် ကိုးကားရေမွန် ပြင်ပလင့်များရေမွန်

🔥 Trending searches on Wiki မြန်မာဘာသာ:

နက္ခတ် ၂၇ လုံးရှင်ပြုခြင်းသဲအင်းဂူဆရာတော်လေးဖြူသင်္ချာကီလိုမီတာမြန်မာလများကျွန်းနက်နေပြည်တော်တိုင်းစစ်ဌာနချုပ်အရှေ့တောင်အာရှနိုင်ငံများအသင်းသဇင်ပန်းတောက်တဲ့ကျင့်ဝတ်မဟာရဋ္ဌသာရ၊ သျှင်စအိုဖြင့် လိင်ဆက်ဆံခြင်းစံကားဝါအာဖဂန်နစ္စတန်နိုင်ငံဦးနုကလာပ်စည်းဂုဏ်တော်ကွန်ချာကျားဘုရင့်နောင်အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ဓာရဏပရိတ်ဖင်လန်နိုင်ငံတပ်မတော်နေ့ရေမွန်ဂေါတမဗုဒ္ဓတစ်သောင်းကျပ်တန် ငွေစက္ကူသင်္ကြန်မြကြွက်နို့HTTP cookieမြန်မာပန်းချီမန်ကျည်းခန္ဓသုတ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံမောင်သာချိုရာသီဥတုပြောင်းလဲမှုအဲလ်ဘတ် အိုင်းစတိုင်းငါး (တိရစ္ဆာန်)မြသန်းတင့်မင်းအောင်အမျိုးသားစာပေဆုရစာအုပ်စာရင်းdj447Minecraftအိန္ဒိယနိုင်ငံအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသကထိန်ငါးရာ့ငါးဆယ် နိပါတ်တော်ချောင်းသာကမ်းခြေချင်းပြည်နယ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အင်းဝမင်းဆက်ရတနသုတ်ဆိုရှယ်လစ်ဝါဒဘဒ္ဒကမ္ဘာကကဆုန်လပြည့် ဗုဒ္ဓနေ့စိန်ပြောင်းသမုဒ္ဒရာအဘိညာဉ်ဂျာနယ်ကျော် မမလေးသခင်ကိုယ်တော်မှိုင်းပလေးတိုးအသည်းရောင် အသားဝါ ရောဂါ ဘီပိုးဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံကြည့်မြင်တိုင်မြို့နယ်ထိုင်းနိုင်ငံ၏ ပြည်နယ်များအယုဒ္ဓယမြန်မာ့စွယ်စုံကျမ်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်အမေနေ့၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းငါးမျိုးစိတ်များ စာရင်းတောင်ကြီးမြို့🡆 More