အမေနေ့

အမေနေ့ (မိခင်များနေ့) (Mother Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။ မြန်မာနိုင်ငံ တွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြသည်။

အမေနေ့
Julia Ward Howe ( 1819 - 1910 )

ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်သည်။ နောင်တွင်လည်း အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြဦးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ နာမည်ကြီးစာရေးဆရာမဂျူလီယာဝါ့ဒ်ဟိုး ( Julia Ward Howe (1819-1910) ) ဘဲ ဖြစ်ပါတယ်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။

၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပြီး၊ စစ်ပွဲမှာသေဆုံးခဲ့ကြသူများကို ရည်ရွယ်ပြီး၊ စစ်ပွဲကိုအလိုမရှိ၊ စစ်ပွဲကိုမုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers' Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ Julia Ward Howe ၏ စိတ်ကူးအမြင်ဟာအတော်ပြန့်နှံ့လာပြီး၊ နောက်ပိုင်းမှာတော့ Anna Jarvis တင်သွင်းတဲ့မေလမှာ ကျင်းပတဲ့ မိခင်များနေ့က နေရာယူသွားခဲ့ပါတယ်။

အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Anna Marie Jarvis က မိခင်ဖြစ်သူ Ann Maria Reeves Jarvis အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလည်း မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်သည်။ Julia Ward Howe နှင့် Anna Marie Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အဝှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်သည်။

အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံ အမေနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ပြက္ခဒိန်တွင် ပြာသိုလပြည့်အမေနေ့အဖြစ် ကမ္ပည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှုအရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဟူ၍ ပူဇော်အရိုအသေပေးခဲ့ကြသည်။ ဆရာကြီးဦးသုခက တရားဝင်ဖြစ်စေရန် ကြိုးပမ်းပေးသူ ဖြစ်သည်။ (၁၉၉၅)ခုနှစ်၊ ပြာသိုလပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်ကျင်းပပြုလုပ်ခဲ့သည်။ (၁၉၉၇)တွင် ပြာသိုလပြည့်နေ့အား အမေနေ့အဖြစ် တရားဝင်သတ်မှတ်နိုင်ခဲ့သည်။ မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ကိုးကား


Tags:

မိခင်မြန်မာနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘိုးလှိုင်၊ ဦး(ယောမင်းကြီး)ကျောက်တံခါးမြို့မဟာမောဂ္ဂလာန်ထေရ်ဂျာမနီနိုင်ငံပုသိမ်မြို့ပိဋကတ် သုံးပုံ၃၈ ဖြာ မင်္ဂလာမင်္ဂလာတရား ၃၈-ပါးဟောင်ကောင်လေဖြတ်ခြင်းနယ်သာလန်နိုင်ငံရန်ကုန်တိုင်းဒေသကြီးမြန်မာအဘိဓာန်မြင့်မြတ်အင်္ဂါဂြိုဟ်ညောင်ရေသွန်းပွဲဂဠုန်ဦးစောဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မေတ္တသုတ်ကနေဒါနိုင်ငံမြန်မာနိုင်ငံအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝဇီရ၊ ဘိုးရှမ်းဘာသာစကားဘားအံမြို့မြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းကျောက်မီးသွေးအီဂျစ်နိုင်ငံရာသီအလိုက်ပွင့်သောပန်းများဥဩဂဠုန်ပုဗ္ဗဏှသုတ်တပင်ရွှေထီးလှိုင်မြို့နယ်ဇာတ်ကြီးဆယ်ဘွဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးပိန်တံတားခွေးရေးမြို့လီဆာဇီဝဇိုးငှက်တရုတ်ဒေသနာကြားခြင်းဂျူး (စာရေးဆရာမ)တင်မိုးကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းထိုင်းနိုင်ငံ၏ ပြည်နယ်များစိတ်ပညာနီနီခင်ဇော်ပဲခူးမြို့ဝေလနိုင်ငံစင်ကာပူနိုင်ငံစစ်ကိုင်းပြတ်ရွေ့ကြောအောင်ဆန်းစုကြည်အနောက်တောင်တိုင်းစစ်ဌာနချုပ်မြန်မာ့အလင်း သတင်းစာဖွေးဖွေးနတ်ပင့်ဂါထာဝီကီပီးဒီးယားထိုင်းလူမျိုးစစ်ကိုင်းမြို့ငွေကိုင် (ပန်းချီဆရာ)တရားဂုဏ်တော်စက္ကူပန်းအမျိုးသားနေ့လတ္တီကျူပန်းပေါ်တူဂီနိုင်ငံဒါနကရင်ရိုးရာပွဲတော်များခေါင်းကိုက်ခြင်းကော့သောင်းမြို့သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ကုသိုလ်ကမ္မပထ တရား ဆယ်ပါးဟစ်တလာပစ္စည်း ၄ ပါး🡆 More