မြ

မြ သည် မျက်ရွှဲ (ခေါ်) ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ကျောက် အမျိုးအစားတစ်ခုဖြစ်သည်။ ဓာတုဗေဒဖွဲ့စည်းမှုအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် တွင် ခရိုမီယံဒြပ်စင် အနည်းငယ် ပါဝင်နေခြင်းဖြစ်ပြီး မာဆင့်အားဖြင့် ၇.၅ ရှိသည်။ သိပ်သည်းဆ ၂.၇၁ ရှိကြပြီး ဖန်ရောင်လက်တောက်ပမှုမျိုးရှိကြကာ ပုံဆောင်စနစ်မှာ ဆဌဂုဏ်စနစ်ဖြစ်သည်။ တွဲဖက်ပါဝင်သော ဓာတုဒြပ်စင်အမျိုးအစားကွဲပြားပေါ်မူတည်၍ ပတ္တမြား၊ နီလာ တို့ကဲ့သို့ပင် အရောင်များပြောင်းလဲ ခြားနားသွားတတ်ကြခြင်းဖြစ်သည်။

  • အရောင်မဲ့= ဂိုရှန်နိုက်( Goeshenite)
  • အစိမ်းရောင်= မြ (Emerald)
  • အပြာဖျော့ရောင်=မြပြာ(ခေါ်)အကွာမရင်း (Aquarmarine)
  • အဝါရောင်= ဟီလီယိုဒေါ (Heliodor)
  • ပန်းရောင်= မော်ဂန်နိုက် (Morganite)
  • အနီရောင်= ဘိဇ်ဘိုက် (Bixbite)
မြ
မြ
ကိုလံဘီယာ မြ ကျောက်ရိုင်းတုံး
ယေဘုယျ
ကဏ္ဍမျက်ရွဲ မျိုးကွဲ
ဖော်မျူလာ
(repeating unit)
Be3Al2(SiO3)6
ပုံဆောင်ခဲ စနစ်Hexagonal (6/m 2/m 2/m) Space group: P6/mсc
Space group(6/m 2/m 2/m) – dihexagonal dipyramidal
Unit cella = 9.21 Å, c = 9.19 Å; Z = 2
ခွဲခြားသတ်မှတ်ခြင်း
ဖော်မျူလာ ဒြပ်ထု537.50
အရောင်Bluish green to green
Crystal habitMassive to well Crystalline
CleavageImperfect on the [0001]
FractureConchoidal
Mohs scale hardness7.5–8
LusterVitreous
StreakWhite
DiaphaneityTransparent to opaque
Specific gravityAverage 2.76
Optical propertiesUniaxial (−)
Refractive indexnω = 1.564–1.595,
nε = 1.568–1.602
Birefringenceδ = 0.0040–0.0070
ခရမ်းလွန်ရောင်ခြည် fluorescenceNone (some fracture-filling materials used to improve emerald's clarity do fluoresce, but the stone itself does not)
ကိုးကား

ကျောက်သားအနေအထား

မြ ၊ မျက်ရွှဲ အုပ်စုဝင်များ၏ ထူးခြားသော ကျောက်သားအနေအထားမှာ မာဆင့်မြင့်မားသော်လည်း အလွန်ကြွတ်ဆတ်သောကြောင့် အလွန်ပင် ကျိုးပဲ့လွယ်လွန်းခြင်းဖြစ်သည်။ ထို့အပြင် ကျောက်သားအတွင်းတွင် အခြားသော အောင်းဝင်များ များပြားစွာ ပါဝင်လေ့ရှိတတ်သောကြောင့် ကြည်လင်သော ကျောက်မျက်ရတနာတန်းဝင်သည့် ကျောက်ကောင်းများ ရှားပါးတတ်သည်။

ထွက်ရှိရာ ဒေသများ

ရတနာတန်းဝင် မြကျောက်ထွက်ရှိရာ နိုင်ငံများမှာ ကိုလံဘီယာနိုင်ငံ ၊ ဘရာဇီးနိုင်ငံ ၊ ဇင်ဘာဘွေနိုင်ငံ ၊ ဇမ်ဘီယာနိုင်ငံ ၊ တန်ဇင်းနီးယားနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ ရုရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့ဖြစ်ကြသည်။ မြန်မာ့ ကျောက်မျက်ရတနာဈေးကွက် အတွင်းတွင် နာမည်ကျော်လူကြိုက်များသော သီတာမြ (ခေါ်) အရည်အသွေးအကောင်းဆုံးသောမြ များမှာ ကိုလံဘီယာနှင့် ဘရာဇီးနိုင်ငံများမှ အဓိက ထွက်ရှိခြင်းဖြစ်သည်။


  • မြန်မာနိုင်ငံသည် တန်ဖိုးကြီးကျောက်မျက်ရတနာများ ထွက်ရှိရာတွင် နာမည်ကျော်ကြားသောလည်း မျက်ရွှဲအုပ်စုဝင်ကျောက်များအနက် အပြာရောင် မြပြာ(ခေါ်)အကွာမရင်း သာ အများဆုံး ထွက်ရှိသည်ကို တွေ့ရပြီး အခြားသော အရောင်ရှိသည့် မျက်ရွှဲအုပ်စုဝင်ကျောက်များ လည်းအနည်းငယ်စီ ထွက်ရှိလေ့ရှိသည့်တိုင် အစိမ်းရောင် မြ မှာမူ ထွက်ရှိခြင်းမရှိကြောင်း သိရှိရသည်။

ကျမ်းကိုး

Tags:

ဓာတုဗေဒနီလာပတ္တမြားမြ-မျက်ရွဲ အုပ်စု(ခေါ်)ဘယ်ရယ် အုပ်စုသိပ်သည်းဆ

🔥 Trending searches on Wiki မြန်မာဘာသာ:

မိဿ (ဗေဒင်)နာရီကိုရီးယားစစ်ပွဲအပျိုမြှေးညောင်ရေသွန်းပွဲမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများသဇင်ပန်းမြို့မငြိမ်းတင်အောင်စန်းမြစ်ငယ်မြစ်အချိန်ခြင်းလုံး ကစားခြင်းဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မိမိကိုယ်ကို သတ်သေခြင်းလွှမ်းပိုင်မိတ္ထီလာမြို့မန္တလေးတောင်ရှင်အရဟံဒေဝဒတ်ပြင်ဦးလွင်မြို့နယ်ထားဝယ်မြို့အကျဉ်းဦးစီးဌာနမြန်မာနိုင်ငံ၏ အမည်များယေရှု ခရစ်တော်အဝလွန်ခြင်းအချိန်၊ မြန်မာ့ရိုးရာအနတ္တလက္ခဏသုတ်ပအိုဝ်းလူမျိုးမြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းနက္ခတ် ၂၇ လုံးရန်ကုန်-မန္တလေး အမြန်လမ်းဂျန် အောဒုတိယ ကမ္ဘာစစ်ရဟန်းခံခြင်းလှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်းငရဲတောက်တဲ့မြင်းရာဟုကရင်လူမျိုးလူ၏ အရိုးဖွဲ့စည်းပုံနန္ဒမာလာဘိဝံသနံ့သာဖြူပါဠိစာပေသင်္ကြန်ထမင်းအိန္ဒိယနိုင်ငံမြန်မာပြည် စာတိုက် သင်္ကေတများစာကလေးမြန်မာနိုင်ငံ၏ ပညာရေးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးနင်ဂျာမြန်မာ့တပ်မတော် သမိုင်းကြောင်းမြန်မာ့ အစားအစာဟန်နီနွေဦးဇလွန်မြို့ဂူဂယ်ပုဂံမင်းသဗ္ဗေ သတ္တာ ကမ္မသကာတဘောင်ရွှေမန်းတင်မောင်ဆိုရှယ်လစ်ဝါဒပြင်ဦးလွင်မြို့အဘိညာဉ်ငါးမန်းအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်စစ်တက္ကသိုလ် (ပြင်ဦးလွင်)ဓမ္မရံကြီးဘုရားဂေါ်ရင်ဂျီကျွန်းသခင်စိုးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)သမ္ဗုဒ္ဓေဘားအံမြို့ဦးပုညတက္ကသိုလ်ဘုန်းနိုင်ရပ်စောက်မြို့နယ်အင်္ဂုလိမာလသုတ်သင်္ကြန်မိုးဓာရဏပရိတ်🡆 More