မြန်မာပန်းချီ

မြန်မာနိုင်ငံတွင် သမိုင်းမတင်မီ ကျောက်ခေတ်ကတည်းကပင် ပန်းချီရေးဆွဲမှု အတတ်ပညာရှိခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပဒတ်လိုဏ် ဗဒလင်းဂူအတွင်း၌ နွားရုပ်၊ နေရုပ်၊ ငါးရုပ် အပါအဝင် နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်းရှိ ရှေးဟောင်း နံရံဆေးရေးပန်းချီများကို လေ့လာခြင်းဖြင့် သိနိုင်သည်။ မြန်မာ့ပန်းချီကို ခေတ်ကြီး ၆ ခေတ်ခွဲ၍ လေ့လာနိုင်သည်။ သမိုင်းမတင်မီခေတ်နှင့် ပျူခေတ်၊ ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ၂ဝ ရာစုနှင့် နောက်ပိုင်းပန်းချီဟူ၍ ဖြစ်သည်။

မြန်မာ့ပန်းချီ သမိုင်း

သမိုင်းမတင်မီခေတ်

သမိုင်းမတင်မီ ကျောက်ခေတ်လက်ရာများတွင် ကျောက်ခေတ်လူသားတို့၏ လူနေမှုဘဝ၊ အမဲလိုက်ကြပုံနှင့် သဘာဝကို ကိုးကွယ်ခြင်း အလေ့အထများကို လေ့လာတွေ့ရှိနိုင်သည်။ တောင်ကမ်းပါးကြားမှ နေထွက်ပုံ၊ လက်ဝါးပုံ၊ သားကောင်ပုံများကို ရေးဆွဲလေ့ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ဝ ခန့်က ရေးဆွဲခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းပုံများမှတဆင့် ကျောက်ခေတ်လူသားတို့၏ လူမှုဆက်ဆံရေးနှင့် နေထိုင်အသက်မွေးပုံ အတိတ်သမိုင်းတို့ကို သိရှိရသည်။ (မြန်မာနိုင်ငံရှိ ကျောက်ခေတ်လက်ရာများကို ရှမ်းပြည်နယ်၊ တောင်ကြီး - ဟန်မြင်းမိုရ် ကားလမ်းရှိ ရွာငံဒေသ၊ ပြဒါးလင်းဂူတွင် ယနေ့တိုင်ရှိကြောင်း လေ့လာသိရှိရသည်။)

ပျူခေတ်

ပျူခေတ်တွင်မူ ပန်းဆယ်မျိုးအပါအဝင် ပန်းပု၊ ပန်းတိမ်နှင့် ပန်းချီတို့ထွန်းကားခဲ့မည်ဟု ယူဆနိုင်သော်လည်း သေချာသောအထောက်အထား မရှိသေးပါ။

ပုဂံခေတ်

မြန်မာပန်းချီ 
ဗုဒ္ဓပုံ နံရံဆေးရေး ပန်းချီ

ပုဂံခေတ်သည် ပန်းချီရေးဆွဲမှုအတတ်ပညာ အမြင့်မားဆုံးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး သမိုင်းဝင်ပန်းချီခေတ်ဦးဖြစ်သည်။ ပုဂံခေတ်တွင် နံရံဆေးရေးပန်းချီရေးဆွဲခဲ့ကြပြီး မဇ္ဈိမဒေသမှ ပြန့်ပွားလာသော ဗုဒ္ဓအယူဝါဒများနှင့် အတူတွဲဖက်ပါဝင်လာသော ပါလ ပန်းချီရေးနည်းမှ ဆင်းသက်လာခြင်းဖြင့်သည်။ ကောက်ကြောင်းရေး ဆေးပိန်းခြယ်သော နည်းစနစ်ကို အသုံးပြုခဲ့ကြသည်။ နိပါတ်တော်၊ ဗုဒ္ဓဝင်၊ ခြေရာတော်၊ ဟိန္ဒူဆိုင်ရာဝါဒများ၊ ကနုတ်ပန်း အနွယ်အခက်များကို ‌ရေးဆွဲကြသည်။ သာသနာတော်ဖွံ့ဖြိုးခြင်းကြောင့် ဂူဘုရားများတွင် ပန်းချီရေးခြင်းလည်း အမြင့်မားဆုံးဖွံ့ဖြိုးခဲ့သည်။ ညောင်ရမ်းခေတ်တွင်မူ အိန္ဒိယဟန် နည်းပါးသွားပြီး မြန်မာဆန်ဆန်ရေးဆွဲလာကြသည်။ ပုဂံရှိ တိလောကဂုရုလှိုဏ်ဂူအတွင်း နံရံဆေးရေးလက်ရာများကို လေ့လာလျှင် ဗုဒ္ဓဝင်ခန်းများ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်မှ ကောက်နှုတ်သရုပ်ဖော်ချက်များ၊ ကနုတ်ပန်းများသည် မြန်မာမှု မြန်မာ့ဟန်ကို အလေးကဲ၍ မြန်မာဆန်ဆန်ရေးဆွဲလာကြောင်း တွေ့ရသည်။

ကုန်းဘောင်ခေတ်

ကုန်းဘောင်ခေတ်တွင် ရေးခြယ်ခဲ့သော ဥပါလိသိမ်မှ နံရံပန်းချီလက်ရာများ ပုဂံမြို့ဟောင်းရှိ အာနန္ဒာအုတ်ကျောင်း ပန်းချီလက်ရာများ၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ရုပ်စုံဘုရားမှ ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများကို လေ့လာကြည့်လျှင် မြန်မာမှုမြန်မာဟန်များ ပိုမိုပါဝင်လာသည်ကို တွေ့နိုင်သည်။ ရတနာပုံ မန္တလေးခေတ်တွင်မူ ပုဂံခေတ်ကဲ့သို့ ဘာသာရေးပုံများသာ မဟုတ်တော့ဘဲ ပန်းချီရေးဆွဲသည့် အကြောင်းအရာ များလည်း ကျယ်ပြန့်လာခဲ့သည်။ မင်းနှင့်စပ်ဆိုင်သော အကြောင်းများ၊ မင်းခမ်းမင်းနား၊ မင်းမိန့်၊ နက္ခတ်ကျမ်းများကိုလည်း ပန်းချီပညာဖြင့် သရုပ်ဖော်လာကြသည်။ ရေးဆွဲရာတွင်လည်း အုတ်နံရံများတွင်သာမက ပုရပိုက်၊ ပေများပေါ်တွင်လည်း ရေးဆွဲလာကြသည်။ နိပါတ်ပန်းချီ၊ စပ်ပန်းချီများလည်း စတင်ထွန်းကားလာခဲ့သည်။

၂ဝ ရာစုနှင့် နောက်ပိုင်း

မြန်မာပြည် ပန်းချီအသင်းကြီး (Burma Art Club)ကို ၁၉၁၈-ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ စစ်ကြိုခေတ်စစ်ကြိုခေတ်တွင်မူ မြန်မာ့ပန်းချီလောကတွင် ဦးဘဉာဏ်၊ ဦးဘဇော်တို့ကဲ့သို့သော် နိုင်ငံခြားပညာတော်သင် ပန်းချီဆရာကြီးများ ပေါ်ထွက်လာခဲ့သည်။ ဥရောပသားများနှင့် အဆက်အဆံများပြားလာခြင်းကြောင့် ဥရောပရေးနည်းစနစ်များမြန်မာ့ပန်းချီလောကအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မဂ္ဂဇင်းများတွင် သရုပ်ဖော်ပုံများထည့်သွင်းခြင်း၊ ဒဂုန်မဂ္ဂဇင်း ကဲ့သို့သော မဂ္ဂဇင်းများက အနုပညာကဏ္ဍတစ်ခုထည့်သွင်းပေးခြင်းတို့ကြောင့် ပန်းချီသည် ပြည်သူလူထု အကြားတွင် သက်ဝင်လာခဲ့သည်။ စစ်ပြီးခေတ်တွင် ပန်းချီကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်းကြီး သည် ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာ့ပန်းချီလောကကို ထူထောင်မြှင့်တင်ပေးခဲ့သည်။ ၁၉၅ဝ ဝန်းကျင်နှစ်များတွင် မြန်မာနိုင်ငံ၌ ပန်းချီကျောင်းများကို ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်ကာ အနုပညာရှင်ကြီးများက ဝါသနာပါသူ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာအမွေပေးခဲ့ကြသည်။ ၁၉၉၃-ခုနှစ်တွင် ရန်ကုန်မြို့၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ဖွင့်လှစ်ထူထောင်ပေးကာ ပန်းချီပညာကို ပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးခဲ့သည်။ ယခုအခါတွင် မန္တလေးမြို့၌လည်း အနုပညာ တက္ကသိုလ် တစ်ခု ထပ်မံဖွင့်လှစ်ကာ သင်ကြားပေးနေပါသည်။

ယနေ့ ၂၁ ရာစုတွင်မူ ထိုသို့တက္ကသိုလ်ကျောင်းများမှ မွေးထုတ်ပေးသော ပန်းချီအနုပညာရှင်လူငယ်များစွာသည် မိမိတို့၏ အတတ်ပညာများဖြင့် ပန်းချီလောကကြီး ရှင်သန်တိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။ ပန်းချီပြခန်းများစွာ ပေါ်ပေါက်လာခဲ့ပြီး တစ်နှစ်ပတ်လုံး ပန်းချီပြပွဲများဖြင့် စည်ကားနေသည်။ ပန်းချီရေစီးကြောင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်၌ ယနေ့ခေတ်တိုင်အောင် အရှိန်အဟုန်ဖြင့် စီးဆင်းနေပါသည်။

မြန်မာ့ပန်းချီရေးဆွဲနည်း အခြေခံမူများ

အမျိုးသားဟန်ပါသော ရှေးရိုး မြန်မာ့ပန်းချီတွင် “မူ” စနစ်များ ရှိသည်။ ကနုတ်၊ နာရီ၊ ကပီ၊ ဂဇာ ဟူသော အခြေခံ နည်းစနစ်များ ဖြစ်သည်။ အခြေခံ ပန်းချီစနစ် လေးမျိုးနှှင့် ပတ်သက်၍ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ် သာယာဝတီမင်းလက်ထက် ဒုတိယနဝဒေးရေးသားသည့် ရဲတင်းမော်ကွန်း၌ “လောကသမုတ်၊ ကနုတ်နရီ၊ ကပီ၊ ဂဇာ၊ ဂုဏ်ပညာလည်း” ဟု ထည့်သွင်း ရေးသားစပ်ဆိုခဲ့ဖူးပါသည်။ မြန်မာ့ပန်းချီ ပညာရပ်၌ (၁) အခြေခံပညာရပ်၊ (၂) ဆေးရောင်စုံ ဖော်စပ်သုံးစွဲနည်းပညာရပ်ဟူ၍ နှစ်မျိုးရှိသည်။ ကနုတ်၊ နရီ၊ ကပီ၊ ဂဇာဟူသော ရေးနည်းလေးမျိုးကား မြန်မာပန်းချီရေးနည်း အခြေခံပညာရပ်များပင် ဖြစ်သည်။

ကနုတ်မှာ ခြူးပန်းခြူးနွယ် ကနုတ်ပန်းရေးနည်း၊ နရီမှာ မိန်းမရုပ်ရေးနည်း၊ ကပီမှာ မျောက်၊ ဘီလူး၊ နဂါး၊ ဂဠုန် စသည့် အရုပ်များကို ရေးဆွဲနည်းနှင့် ဂဇာမှာ ဆင်အမျိုးမျိုးနှင့် ကိုယ်ထည်ကြီးမားသော ရုပ်ပုံအမျိုးမျိုးကို ရေးဆွဲနည်း ဖြစ်သည်။ ထိုအခြေခံပညာရပ်များကို မီးသွေး၊ ကံ့ကူဆံတို့ဖြင့် လေ့ကျင့်ရသည်။ ထိုသို့ လေ့ကျင့်ရာတွင် ပိုင်နိုင်ကျွမ်းကျင်လာပါက ဆေးရောင်စုံဖြင့် ဖော်စပ်သုံးစွဲနည်းကို တက်ခွင့်ရသည်ဟု ဆိုသည်။

မြန်မာပန်းချီဆရာများ အခြေခံထား၍ သုံးစွဲခဲ့သော ဆေးရောင်များမှာ ဆေးဒါန်း၊ ဟင်္သာပဒါး၊ ဒုတ္ထာ၊ ရေနံချေးမှိုင်း၊ မင်အနက်ရောင်နှင့် မြေဖြူ မြေနီ မြေဝါတို့ ဖြစ်သည်။ အဆိုပါအရောင်များမှာ အခြေခံအရောင်များ ဖြစ်ကြသည်။ မြန်မာပန်းချီဆရာကြီးများသည် အဆိုပါဆေးရောင်စုံများကိုလည်း ကိုယ်တိုင်ဖော်စပ် ရေးဆွဲကြသည်။

စွန်တောင်မွေး၊ ငှက်ကြီးဒုံစပ်မွေး စသည်တို့ကို စုတ်တံအကြီးများ ပြုလုပ်ရာတွင် သုံးပြီး ခိုမွေး၊ ချိုးမွေး၊ ယုန်နားရွက်မွေး၊ ငှက်ခါးတောင်မွေး၊ နွားနားရွက်မွေး စသည်တို့ကို အနုစား စုတ်တံအငယ်များ ပြုလုပ်ရာတွင် သုံးကြသည်။ စုတ်တံအရိုးကို ဝါးဘိုးရင့်ရင့်ဖြင့် ကိုယ်တိုင်ပြုလုပ်သုံးစွဲကြရသည်။

မြန်မာ့ပန်းချီ အမျိုးအစားများ

  1. နိပါတ်ပန်းချီ
  2. စပ်ပန်းချီ
  3. ခဲပန်းချီ
  4. ဆီဆေးပန်းချီ
  5. ရေဆေးပန်းချီ
  6. ယွန်းပန်းချီ
  7. ရွှေဇဝါယွန်းပန်းချီ
  8. ကောက်ရိုးပန်းချီ
  9. ပါတိတ်ပန်းချီ
  10. ကျောက်မျက်ပန်းချီ
  11. ဆိုင်းဘုတ်ပန်းချီ
  12. မှန်ပန်းချီ
  13. ပုလင်းပန်းချီ
  14. နံရံဆေးရေးပန်းချီ

မြန်မာပန်းချီကျော်များ

မြန်မာနိုင်ငံရှိ ထင်ရှားသော ပန်းချီဆရာ အချို့မှာ

စန်းလှိုင်

4

ပြင်ပလင့်ခ်များ

ကိုးကား

Tags:

မြန်မာပန်းချီ မြန်မာ့ပန်းချီ သမိုင်းမြန်မာပန်းချီ မြန်မာ့ပန်းချီရေးဆွဲနည်း အခြေခံမူများမြန်မာပန်းချီ မြန်မာ့ပန်းချီ အမျိုးအစားများမြန်မာပန်းချီ ကျော်များမြန်မာပန်းချီ ပြင်ပလင့်ခ်များမြန်မာပန်းချီ ကိုးကားမြန်မာပန်းချီကုန်းဘောင်ခေတ်ကျောက်ခေတ်ညောင်ရမ်းခေတ်နံရံဆေးရေးပန်းချီပန်းချီပုဂံခေတ်ပျူခေတ်ဗဒလင်းဂူမြန်မာနိုင်ငံရှမ်းပြည်နယ်သမိုင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ကံ့ကော်ပင်သန်လျင်မြို့အောင်ခြင်း ၈ ပါးမြန်မာ့စွယ်စုံကျမ်းနှစ်ကျိပ်ရှစ်ဆူလာအိုနိုင်ငံလများ (အချိန်အတိုင်းအတာ)ကြူကြူလှဘိန်းမြန်မာစာရေးဆရာများ စာရင်းတပ်မတော်ငရဲကရင်နှစ်သစ်ကူးနေ့ကျောက်စိမ်းစေတီတော်ဂျိန်းဘာသာမြောက်ဥက္ကလာပမြို့နယ်ငါးရာ့ငါးဆယ် နိပါတ်တော်တင်ဇလွန်မြို့ဆီးချိုရောဂါလက္ခဏာများတရားစိုးဝင်း၊ ဗိုလ်ချုပ်ကြီးနာရီရာမာယဏပုပ္ပါးတောင်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဒိုးလုံးသီလစံပယ်ပန်းဆိပ်ကြီးခနောင်တိုမြို့နယ်လှော်ကားသဘာဝဥယျာဉ်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဘုရားထိုင်းနိုင်ငံသမုဒ္ဒရာတောင်ငူမြို့ဂျပန်ဘာသာစကားအတ္တာဟိ အတ္တနော နာထောဖျားနာခြင်းမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းကရင်ပြည်နယ်ကြာသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ဆီးချိုရောဂါမိဿ (ဗေဒင်)ပထမ အင်္ဂလိပ် - မြန်မာစစ်သိပ္ပံမောင်ဝအရှေ့တောင်အာရှနိုင်ငံများအသင်းချင်းပြည်နယ်တပ်မတော် (လေ)မာမာအေးခရီးသွားခြင်းမနူဟာဘုရားမြန်မာ သက္ကရာဇ်သရက်ကုန်းရွာ၊ နောင်ချိုမြို့နယ်အင်္ဂလန်နိုင်ငံသောမတ် အက်ဒီဆင်ညိုစောမယ်နုအုတ်ကျောင်းဗင်းဆင့် ဗန်ဂိုးလီဆူလူမျိုးမဟာစန္ဒာမုနိဘုရားနိရောဓသစ္စာသရက်သီးဓုတင်ရိုဟင်ဂျာအာရပ်-အစ္စရေး ပဋိပက္ခဘားအံမြို့မြန်မာနိုင်ငံရှိ ပွဲတော်များဝါထပ်ခြင်းရွှေဝါရောင် တော်လှန်ရေးသံလိုက်အိမ်မြှောင်မြန်မာအက္ခရာသမိုင်းမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များတရုတ်ပြည်သူ့သမ္မတနိုင်ငံသနပ်ခါးတောင်ကိုရီးယားနိုင်ငံ🡆 More