စအိုဖြင့် လိင်ဆက်ဆံခြင်းဆိုသည်မှာ စအိုအတွင်းသို့ အခြားသူတစ်ဦးက လိင်တံကိုထိုးသွင်း၍ လိင်ဆက်ဆံခြင်းဖြစ်သည်။ ဤလိင်ဆက်ဆံမှုကို မိန်းမလျှာများ၊ အကျဉ်းကျနေသူ ယောက်ျားများ၏ အပြုအမူဟု အစဉ်အလာယူဆခဲ့ကြသော်လည်း လိင်ကွဲချစ်သူစုံတွဲများ ကြားတွင်လည်း ဤအပြုအမူ တွင်ကျယ်လာသည်။ အမျိုးသမီးများတွင် စအိုတွင်းသို့ လိင်တံထိုးသွင်းဆက်ဆံခံရမှုကြောင့် သာယာကျေနပ်မှုရရှိသူ နည်းပါးသဖြင့် လက်ထပ်သည်အထိ အပျိုစင်ဘဝကို ထိန်းသိမ်းထားလိုသော ဘာသာရေးယုံကြည်ချက် ပြင်းထန်သူများနှင့် ကိုယ်ဝန်ရင့်မာချိန် သဘာဝနည်းလမ်းဖြင့် လိင်မဆက်ဆံလိုသူများသာ ဤနည်းကို ခံယူလေ့ရှိကြသော်လည်း စအိုတွင်းဆက်ဆံခံရခြင်းကို သဘာဝနည်းလမ်းထက် ပိုကြိုက်သည်ဟုဆိုသော အမျိုးသမီးများလည်း ယနေ့ခေတ်တွင် ရှိလာသည်။ ယောက်ျားများတွင်လည်း မိန်းမ၏စအိုကိုအသုံးပြုလိင်ဆက်ဆံခြင်းအား အလွန်ရွံရှာမုန်းတီးကြသူများရှိသကဲ့သို့ လိင်တံကို စအိုဝထိန်းကြွက်သားကွင်း၏ ဖြစ်ညှစ်မှုအားကောင်းခြင်းကြောင့် မိန်းမ၏စအိုကို ပိုမိုနှစ်သက်စွဲလမ်းကြသူများလည်းရှိကြသည်။ ယနေ့ခေတ် စီးပွားဖြစ်ရိုက်ကူး ထုတ်လုပ်နေသော လိင်ဆိုင်ရာ ဓာတ်ပုံ၊ ရုပ်ရှင် စသည်တို့တွင် မိန်းမ၏စအိုကိုအသုံးပြုလိင်ဆက်ဆံခြင်းအား အသားပေးဖော်ပြကြသည်ကို ကြည့်ခြင်းဖြင့် ဤအပြုအမူကို လူအများစိတ်ဝင်စားမှု များပြားလာသည်ဟု ယူဆနိုင်သည်။ တကယ့်လက်တွေ့ဘဝတွင်မူ လိင်ဆက်ဆံမှုသက်တမ်း ရှည်ကြာပြီဖြစ်သော ချစ်သူစုံတွဲ၊ လင်မယားများတွင် အသစ်အဆန်းစမ်းသပ်သည့် သဘောဖြင့် ပြုလုပ်ကြသည်ကများပါသည်။ လိင်ဆိုင်ရာ ရုပ်ရှင်များတွင် စအိုလိင်ဆက်ဆံခြင်းပုံမှန်ပြုလုပ်ကြသူ သရုပ်ဆောင်အမျိုးသမီးများသည် အမျှင်ဓာတ်များသည့် စားသောက်မှုပုံစံ ကျင့်သုံးကြပြီး ရုပ်ရှင်ရိုက်ကူးမှုမတိုင်မီ ကြိုတင်အစာရှောင်/ဝမ်းနှုတ်ခြင်း၊ စအိုတွင်း ရေပန်းဖြင့် ကြိမ်ဖန်များစွာ ဆေးကြောခြင်း၊ လိင်တံအတု အရွယ်အမျိုးမျိုးတို့ ထိုးသွင်းကာ စအိုဝထိန်းကြွက်သားကွင်း ဖြစ်ညှစ်မှုအားလျော့စေရန် လေ့ကျင့်ပေးခြင်းတို့ကို နာရီများစွာ ပြုလုပ်ထားကြပြီး ပုံမှန်ချစ်သူစုံတွဲများအဖို့ ၎င်းတို့ ပြုလုပ်ကြသကဲ့သို့ ချက်ချင်းအတုခိုး လုပ်ဆောင်နိုင်ရန် ခဲယဉ်းပါသည်။ ၁၉၈၀ ပြည့်နှစ်များအထိ လိင်ဆိုင်ရာ ရုပ်ရှင်များတွင် မိန်းမစအို လိင်ဆက်ဆံခြင်းကို ရှားရှားပါးပါးသာ တွေ့မြင်ခဲ့ကြရပြီး သရုပ်ဆောင် Ginger Lynn မှစတင်ကာသာ ထိုအလေ့ ကျယ်ပြန့်လာခဲ့သည်။ ထိုခေတ် သရုပ်ဆောင် အမျိုးသမီးများအဖို့ စအိုဖြင့် လိင်ဆက်ဆံမှု ခံယူရခြင်းအား အမျိုးသမီးတို့ ဂုဏ်သိက္ခာ ညှိုးနွမ်းဖွယ်၊ ရွံစရာကိစ္စဟု ယူဆကာ သရုပ်ဆောင်ကြေး မြင့်မားစွာဖြင့် ကမ်းလှမ်းစေကာမူ မလုပ်ဘဲ ငြင်းပယ်ခဲ့ကြသော်လည်း Ginger Lynn ကမူ ရုပ်ရှင်များစွာ လိုလိုလားလား လက်ခံသရုပ်ဆောင်ခဲ့ရုံမက ယောက်ျားနှစ်ဦးဖြင့် မအင်္ဂါနှင့်စအို နှစ်မျိုးလုံး တပြိုင်နက် ထိုးသွင်းဆက်ဆံမှုများပါ လုပ်ဆောင် ရိုက်ကူးခဲ့မှုများကြောင့် ၁၉၈၀ ပြည့်နှစ်များ၏ အကျော်ကြားဆုံး သရုပ်ဆောင်ဖြစ်ခဲ့ကာ နောင်ခေတ် သရုပ်ဆောင် အမျိုးသမီးများအတွက် လမ်းသစ်ထွင်ပေးခဲ့သည်။ အမျိုးသားသရုပ်ဆောင်များအနက် Rocco Siffredi သည်အမျိုးသမီးများစွာတို့နှင့် စအိုလိင်ဆက်ဆံမှု ရုပ်ရှင်အမြောက်အမြား ရိုက်ကူးခဲ့ပြီး ကြမ်းတမ်းစွာ လိင်ဆက်ဆံမှုပြုတတ်သည့် စရိုက်ရှိစေကာမူ သူ၏ဆက်ဆံမှု ခံယူရိုက်ကူးလိုသည့် သရုပ်ဆောင်အမျိုးသမီးများ မရှားခဲ့ပါ။ ယနေ့ခေတ် သရုပ်ဆောင်အမျိုးသမီးများတွင်မူ စအိုလိင်ဆက်ဆံမှု မပြုလုပ်သူ မရှိသလောက်ရှားကာ အာရှရုပ်ရှင်များတွင်ပါ ကျေနပ်စွာ သရုပ်ဆောင် ရိုက်ကူးလာကြပြီ ဖြစ်သည်။ ယောက်ျားနှင့်မိန်းမ စအိုတွင်းသို့ လိင်တံထိုးသွင်း ဆက်ဆံခြင်းတွင် မျိုးဆက်ပြန့်ပွားရေးရည်ရွယ်ချက် မရှိဘဲ ယောက်ျား၏ မိန်းမအပေါ် ဗိုလ်ကျလွှမ်းမိုး၊ အနိုင်ကျင့်လိုသော သဘောနှင့် မိန်းမ၏ လုံးဝအလျှော့ပေး လက်နက်ချအညံ့ခံလိုက်ရသော သဘောတို့ ရောယှက်နေပါသည်။ ဤနည်းဖြင့် ဆက်ဆံခြင်းတွင် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကူးစက်နိုင်ချေ အမြင့်ဆုံးဖြစ်သဖြင့် အကာအကွယ်ဖြင့်သာ ဆက်ဆံသင့်ပါသည်။ ထို့အပြင် စအိုတွင်းရှိ ဘက်တီးရီးယားများကြောင့် ဆီးလမ်းကြောင်းတွင်း ပိုးဝင်နိုင်သဖြင့် တစ်ဦးနှင့်တစ်ဦး သစ္စာခိုင်မြဲစွာပေါင်းဖော်ကြသော ချစ်သူ၊ လင်မယားများကြားတွင်လည်း အကာအကွယ်မဲ့ မဆက်ဆံသင့်ပါ။ စအိုတွင်းထိုးသွင်းပြီးသော လိင်တံ၊ လက်ချောင်းနှင့် အခြားအရာများကို သေချာကျနစွာ ဆေးကြောသန့်စင်မှုမပြုဘဲ ပါးစပ်၊ မိန်းမအင်္ဂါ စသည်တို့အတွင်းသို့ ထပ်မံမထည့်သွင်းရပါ။ စအိုတစ်ရှူးများသည် ထိခိုက်စုတ်ပြဲလွယ်ပြီး သဘာဝအတိုင်းလည်း ချောဆီမထွက်ခြင်းကြောင့် အထူးစီမံထုတ်လုပ်ထားသော ချောဆီများကို အသုံးပြုရပါမည်။ အဆီများသည် စအိုအတွင်းသားများနှင့် ဓာတ်မတည့်တတ်ခြင်း၊ အကာအကွယ်ရာဘာအစွပ်ကို စုတ်ပြဲစေတတ်ခြင်းကြောင့် ရေဓာတ်အခြေခံထုတ်လုပ်ထားသော ချောဆီများကို ပေါများစွာအသုံးပြု၍ ဖြည်းညင်း၊ ညင်သာစွာ ထိုးသွင်းဆက်ဆံသင့်ပါသည်။ မိန်းမစအို လိင်ဆက်ဆံခြင်း စတင်စမ်းသပ်ပြုလုပ်လိုသူ ချစ်သူစုံတွဲများအဖို့ တဦးနှင့်တဦး ပွင့်လင်းစွာတိုင်ပင်ကာ အချိန်ယူကြိုတင် ပြင်ဆင်ခြင်း၊ လိင်တံထိုးမသွင်းမီ စအိုဝထိန်းကြွက်သားကွင်း ဖြစ်ညှစ်မှုအားလျော့စေရန် စိတ်ရှည်စွာစောင့်ဆိုင်း လေ့ကျင့်ပေးခြင်း၊ အဆင်မပြေမှုများ ရှိခဲ့ပါကလည်း နားလည်လက်ခံခွင့်လွှတ်ပေးခြင်း တို့ဖြင့် နှစ်ဦးနှစ်ဖက် ကျေနပ်သာယာမှုရစေမည့် အသစ်အဆန်း လိင်ဆက်ဆံမှုတခုကို အန္တရာယ်ကင်းစွာ ရေရှည်လုပ်ဆောင်နိုင်ရုံမက သဘာဝသားဆက်ခြားနည်းလမ်းတခုအဖြစ်ပါ အသုံးဝင်နိုင်စေ ဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article စအိုဖြင့် လိင်ဆက်ဆံခြင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.