သားသမီးကျင့်ဝတ်၅ပါး
- မိဘနှစ်ပါးအားလုပ်ကျွေး မွေးမြူရမည်။
- မိဘတို့၏ အလုပ်အကိုင်အမှုကိစ္စကို ကောင်းစွာ ဆောင်ရွက်စီမံရမည်။
- မိမိအနွယ်ကို ရှည်မြင့်စွာ တည်အောင် စောင့်ရှောက်ရမည်။
- မိဘတို့ အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာ ပြုဆောင်ကျင့်ရမည်။
- မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အား ရည်ညွန်း၍ လှူဒါန်းပေးကမ်း အမျှပေးဝေရမည်။
မိဘကျင့်ဝတ် ၅ပါး
- မကောင်းမှုမှ သားသမီးများကို တားမြစ်ခြင်း။
- သားသမီးတို့ ကောင်းမှုပြုအောင် တိုက်တွန်းခြင်း။
- သားသမီးတို့ အတတ်ပညာကို သင်ကြားစေခြင်း။
- လျောက်ပတ်သင့်လျော်သော အချိန်၌ အမွေဥစ္စာ အပ်နှင်းရခြင်း။
- အရွယ်ရောက် လျောက်ပတ်သော အချိန်၌ ထိမ်းမြားပေးခြင်း။
တပည့်ကျင့်ဝတ် ၅ပါး
- ပညာသင်ကြားရာ၌ လုံ့လဝီရိယ ညီညာထကြွမှု ရှိခြင်း။
- ဆရာ့ထံ၌ လိုအပ်သည်များကိုအမြဲမပြတ် ခစားလုပ်ကျွေးဆည်းကပ်ရခြင်း။
- ဆရာ၏ဆိုဆုံးမစကားကို ရိုသေစွာ လိုက်နာခံယူခြင်း။
- ဆရာလာသောအခါ ခရီးဦးကြို အရိုအသေပေးရခြင်း။
- အတတ်ပညာကို ဂရုတစိုက် တန်ဖိုးထာ၍ ရိုသေစွာ သင်ကြားလေ့ကျင့်ခြင်း။
ဆရာ့ကျင့်ဝတ် ၅ပါး
- အတတ် ပညာ သင်ကြားပေးရခြင်း။
- တပည့်တို့ လိမ္မာယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ပေးရခြင်း။
- သင်ပေးရမည့် ပညာကို ခြွင်းမချန်မထားရခြင်း။
- မိမိတပည့်အပေါ် ကျရောက်မည့် အန္တရာယ် ဘေးရန်အပေါင်းကို တားဆီးကာကွယ်ပေးရခြင်း။
- မိမိထံ၌ အတတ်ပညာစုံညီပါက သင့်ရာပညာကို သင်ကြားစေရန် အခြားဆရာ့ထံအပ်၍ ရွှေပြောင်းပေးရခြင်း။
မယားကျင့်ဝတ် ၅ပါး
- အိမ်တွင်းမှု ပြုဖွယ် ကြီးငယ်ကိစ္စမှန်သမျှတို့ကို စေ့ငှစွာ ပြုလုပ်ရခြင်း။
- လင်ရှာ၍ရသော ပစ္စည်းဥစ္စာများကို ထိန်းသိမ်း စောင့်ရှောက်ရခြင်း။
- မိမိလင်မှ တပါးယောက်ျားကို မတပ်မက် မနှစ်သက်မကျူးလွန် မပျော်မွေ့ခြင်း။
- မိမိဆွေမျိုး လင်၏ဆွေမျိုးတို့ကို လျော်သလို ချီးမြှောက်ထောက်ပံ့ရခြင်း။
- အမှုကိစ္စတို့၌ လိမ္မာနားလည် သိမြင်၍ အပျင်းမထူ အိမ်သူပီလှစွာ အိမ်၌နေထိုင်ရခြင်း။
လင်ကျင့်ဝတ် ၅ပါး
- မိမိမယားအား ချစ်ခင်နှစ်သက်စုံမက်မြတ်နိုးစွာ ကြည်ဖြူသဒ္ဓါရခြင်း။
- မိမိမယားအပေါ်၌ မထီမဲ့မြင် စိမ်းစိမ်းကားကား ဘာသိဘာသာနှင့် မကျင့်ကြံဘဲ နှစ်သက်စွာ နေထိုင်ရခြင်း။
- မူး၊ ပဲ၊ ပိုင်ကစ၍ အလုပ်မှ ရသမျှဥစ္စာကို မယားအား အပ်နှင်းရခြင်း။
- မိမိမယားမှတပါး အခြားသော မိန်းမသားတို့များ၌ မေတ္ဆာတရား မမှား မလိုက်ရခြင်း။
- မိမိမယားနှင့် သင့်တော်သော အဝတ်တန်ဆာ အစားသောက် တို့ကို ကြည်ဖြူချစ်ခင်စွာ ဆင်ယင်ဝယ်ခြမ်း၍ ပေးရခြင်း။
ကျွန်ကျင့်ဝတ် ၅ပါး
- အရှင်မထမီ ရှေးဦးစွာ ထရခြင်း။
- အရှင်အိပ်ပြီးနောက်မှ အိပ်ရခြင်း။
- အရှင်ပေးမှ ယူရခြင်း။
- လုပ်ခင်းဆောင်တာဟူသမျှကို စေ့စပ်သေချာစွာ လုပ်ကိုင်ဆောင်ရွက်ရခြင်း။
- အရှင့်ကျေးဇူးကိုသာ ချီးကျူးပြောဆိုရခြင်း။
အရှင်သခင်ကျင့်ဝတ် ၅ပါး
- ခွန်းအားအလျောက်သာ ချင့်ချိန်၍ အမှုကိစ္စကို ပြုစေရခြင်း။
- အခရိက္ခာကို အလုပ်နှင့် သင့်တန်အောင် မှန်ကန်စွာ ပေးကမ်းထောက်မခြင်း။
- ကျွန်များမကျန်းမမာသောအခါ ပြုစုပေးခြင်း။
- ထူးဆန်းကောင်းမွန်သော စားဖွယ်သောက်ဖွယ် ရှိလတ်သော် ခွဲဝေပေးခြင်း။
- အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း၊ အဝတ်တန်ဆာစသည်ပေးခြင်း။
ဒါယကာကျင့်ဝတ် ၅ပါး
- ချစ်ကြည်မြတ်နိုးသော မေတ္တာစိတ်ကို အမြဲထားရခြင်း။
- ဆောင်ရွက်ပြုလုပ်ရမည့် ဝတ်ကြီး ဝတ်ငယ်တို့ကို အစဉ်မပြတ် ပြုလုပ်ပေးရခြင်း။
- ရဟန်းတို့နှင့်တွေ့သောအခါ ခင်မင်ချိုသာစွာနှင့် ကျန်းမာ ချမ်းသာကြောင်းစသော သာရဏီယကထာ စကားတို့ကို ပြောကြားနှုတ်ဆက်ရခြင်း။
- ပစ္စည်းလေးပါးနဲ့ ရဟန်းတို့လိုသမျှ တောင်းယူနိင်အောင် ဝိနည်းကံအားလျော်စွာ ဖိတ်ကြား၍ထားရခြင်း။
- ထိုသို့ပစ္စည်းလေးပါး ဒါယကာဖြစ်သည်နှင့်အညီ မိမိတတ်အားသမျှကိုပေးလှူ ပူဇော်ရခြင်း။
ရဟန်းကျင့်ဝတ် ၆ပါး
- မကောင်းသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို မပြုလုပ် မကြံစည်အောင် တားဆီးပိတ်ပေးရခြင်း။
- ကောင်းသောအမှုအရာနှင့် သုစရိုက်မှုတို့ကို ပြုလုပ် ကျင့်ကြံနိင်ရန် ညွှန်းလှစ်၍ ပြရခြင်း။
- အသစ်အသစ်ဖြစ်သော တရားတို့ကို ဟောကြားရခြင်း။
- နာကြားဖူးပြီးသော တရားတို့ကို တဖန်ထပ်မံ၍ သိနိင်ရန် မမေ့နိင်ရန်အတွက် ဟောကြာ၍ပေးရခြင်း။
- နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်းလမ်းကို ညွန်ကြားခြင်း။
- မိမိအပေါ်၌ အကျိုးကျေးဇူးများသော ဒါယိကာ ဒါယိကာမ တို့ကို အကျိုးကျေးဇူးများသလို မေတ္တာတရား ပွားများပေးရခြင်း။
မိတ်ဆွေဝတ္တရား ၅ပါး
- အချင်းချင်း ပေးကမ်းချီးမြှင့်ခြင်း။
- စိတ်ရော ကိုယ်ပါ တန်းတူရည်တူ ဆက်ဆံခြင်း။
- အချင်းချင်း အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။
- ယဉ်ကျေးချိုသာ ချစ်ဖွယ်သော စကားကိုပြောဆိုခြင်း။
- အချင်းချင်း မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။
တုံ့လှည့်ဥပကာပြု မိတ်ဆွေဝတ္တရား ၅ပါး
- မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။
- မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ခြင်း။
- ကြောက်လန့်ဖွယ်ဖြစ်သောအခါ တစ်ယောက်နှင့်တစ်ယောက်အချင်းချင်း အားထားမှီခိုရာ ဖြစ်ခြင်း။
- ဘေးအန္တရာယ်နှင့် တွေ့ကြုံသောအခါ စွန့်ပစ်မသွားပဲ အေးအတူပူအမျှ အတူတကွ ရပ်တည်ပေးခြင်း။
- မိတ်ဆွေ၏ သား၊ မြေ၊း မြစ် အစဉ်အဆက် မိတ်ဆွေမပျက်စေခြင်း။
နာယကဂုဏ် လူကြီးကျင့်ဝတ် ၆ပါး
ခမ | ဇာဂရိယ | ဥဋ္ဌာန | သံဝိဘာဂ | ဒယာ | ဣက္ခနာ |
သည်းခံခြင်းခေါ် ခန္တီတရားများ ထားရှိခြင်း။ | အစစအရာရာမှာ သတိထပ်ကြပ်ပါခြင်း၊ နိုးကြားခြင်း။ | ငယ်သားတို့ထက် ဆထက်များစွာ လွန်သာသော လုံ့လရှိခြင်း။ | လျောက်ပတ် လျော်ကန် တော်တန်သလို ခွဲစိတ် ချီးမြှောက်ထောက်ပံ့ရခြင်း။ | သူတပါးအား ကိုယ်နှင့်မခြား သနားကြင်နာရခြင်း။ | အလုံးစုံသောအခွင့်ရေးကို တွေးတောမြော်မြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံရခြင်း၊ စုံစမ်းခြင်း။ |
နာယကပုဂ္ဂိုလ်တို့၏ အသိဉာဏ် ၅ပါး
အတ္ထညူ | ဓမ္မညူ | မတ္တညူ | ကာလညူ | ပရိသညူ |
ကျိုးစီပွား ရှိ၊ မဲ့ ကိုသိရမည်။ | တရားကောင်းနှင့် ညီ၊ မညီကို သိရမည်။ | သွားလာ စားသောက် လုပ်ဖော်ကိုင်ဘက် ကိစ္စဟူသမျှကို အတိုင်းအရှည် သိရမည်။ | ကိစ္စမှန်သမျှ အချိန် သင့်၊ မသင့်ကို သိရမည်။ | ပရိသတ်နောက်လိုက် လူထုတို့၏ စိတ်ထားကို သိရမည်။ |
ကျင့်ဝတ်
ရဟန်းနဲ့ဒါယကာ၊ တပည့်နဲ့ဆရာ၊ လင်နဲ့မယား၊ မိဘနဲ့ သားသမီးတို့ကြာရှည်တည်မြဲစွာ တန်ဖိုးရှိသော အလုပ်ကိစ္စတစ်ခုခု လက်တွဲခြေပူး အတူတူလျှောက်လှမ်း ဖြတ်သန်းနိင်ရန် ဖော်ရွေမေတ္တာ ကြင်နာမှုတွေ ပျက်ပြယ် ဖရိုဖရဲဖြစ်မသွားအောင် ကျင့်ဝတ်တရားသည် ရစ်ပတ်တုပ်နှောင်ချည်သည့် ဘုရားပေးခဲ့သော သံမဏိကြိုးဖြစ်သည်။
ဒါန | သီလ | ပရိစာဂ | မုဒုက | ဥပေါသထ | အက္ကောဓ | အဝိရောဓ | အဟိဟိံသန | ခန္တီ | သမ္မာပဋိပန္န |
အလှူပေးခြင်း။ | ငါးပါးသီလ ဆယ်ပါးသီလကို ဆောက်တည်ရခြင်း။ | ပေးကမ်းချီးမြင့် စွန့်ကြဲရခြင်း။ | ကိုယ် နှုတ် နူးညံသိမ်မွေးရခြင်း။ | အဋ္ဌင်္ဂသီလ စောင့်သုံးရခြင်း။ | အမျက်မထွက်ရခြင်း။ | ရဟန်း ရှင် လူ ပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း။ | ပြည်သူလူထုတို့ကို အခွန်အတုတ် အမျိုးမျိုးတို့ဖြင့် မညှင်းဆဲရခြင်း။ | သည်းခံရခြင်း။ | ဖြောင့်မတ် မှန်ကန်စွာ ကျင့်ရခြင်း။ |
ကျင့်ဝတ်
ရဟန်းနဲ့ဒါယကာ၊ တပည့်နဲ့ဆရာ၊ လင်နဲ့မယား၊ မိဘနဲ့ သားသမီးတို့ကြာရှည်တည်မြဲစွာ တန်ဖိုးရှိသော အလုပ်ကိစ္စတစ်ခုခု လက်တွဲခြေပူး အတူတူလျှောက်လှမ်း ဖြတ်သန်းနိင်ရန် ဖော်ရွေမေတ္တာ ကြင်နာမှုတွေ ပျက်ပြယ် ဖရိုဖရဲဖြစ်မသွားအောင် ကျင့်ဝတ်တရားသည် ရစ်ပတ်တုပ်နှောင်ချည်သည့် ဘုရားပေးခဲ့သော သံမဏိကြိုးဖြစ်သည်။
ကာလေန | ဘူတေန | သဏှေန | အတ္တသံဟိတ | မေတ္တာစိတ္တ |
သင့်လျော်သော ကာလ၌သာ ပြောဆိုရခြင်း။ | ဟုတ်မှန်သော စကားဖြင့်သာ ပြောဆိုရခြင်း။ | နူးညံ့သိမ်မွေ့သော စကားဖြင့်သာ ပြောဆိုရခြင်း။ | အကျိုးနှင့်စပ်သော စကားဖြင့်သာ ပြောဆိုရခြင်း။ | မေတ္တာစိတ်ဖြင့်သာ ပြောဆိုရခြင်း။ |
ကိုးကား
အနာဂတ် သားငယ်သမီးငယ်များအတွက် ဗုဒ္ဓဓမ္မယဉ်ကျေးမှု သိစေလိုသော ရည်ရွယ်ချက်ဖြစ်ရေးသားခြင်းဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ကျင့်ဝတ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.