လူ၏ အရိုးဖွဲ့စည်းပုံ: လူသား၏ အရိုးများ

လူသည် အရိုးများဖြင့် ဖွဲ့စည်းထား၍သာ လမ်းလျှောက်နိုင်၊ သွားနိုင်၊ လာနိုင်လေသည်။ သိပ္ပံနည်းကျ လေ့လာမှုများအရ လူကြီးတယောက်တွင် ၂ဝ၆ ရိုးရှိသည်။ ကလေးအရွယ်၌ အရိုး ၃၅ဝ ရှိခဲ့သည်။ အမျိုးသမီးများတွင်လည်း အရိုး ၂ဝ၆ ရိုး ရှိသော်လည်း အရွယ်အစားငယ်ကြသည်။ ထိုသို့ အရိုးများအား ဖွဲ့စည်းထားပုံကို အင်္ဂလိပ်ဘာသာဖြင့် Skeletal System သို့မဟုတ် Human skeletonဟုခေါ်သည်။

လူ၏ အရိုးဖွဲ့စည်းပုံ: Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများ, Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများ, (ဗာတီဘရယ်-ကော်လံ) အကောက်လေးခု
လူ့အရိုးဖွဲ့စည်းပုံကို အရှေ့ဘက်မှ မြင်ရပုံ

လူသည် ကျောရိုးရှိသတ္တဝါဖြစ်၍ Bone (ဘုန်း) အရိုး၊ Cartilage (ကားတလေ့ရှ်) အရိုးနု၊ Ligament (လစ်ဂမင့်) အရွတ်၊ Tendon (တန်ဒွန်) အချောင်းလိုက်ရှိသော အရွတ်တို့ ပါရှိသည်။ လူ့အလေးချိန်၏ ၂ဝ% သည် အရိုးစနစ်ကဖြစ်သည်။ ပျော့သည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ နှလုံး၊ အဆုပ်တို့အား ကာကွယ်မှုပေးထားသည်။ ကြွက်သားစနစ် နှင့် တွဲဖက်၍ လှုပ်ရှားမှုကို ဖြစ်စေသည်။ ကယ်လ်စီယန်ဓာတ်သည် အရိုးထဲတွင် အခြားအင်္ဂါများထက်ပို၍ ပါဝင်နေသည်။ အရိုး(ဆဲလ်)အသစ်များသည် Bone marrow (ဘုန်း-မဲရိုး)ရိုးတွင်းခြင်ဆီကဖြစ်လာသည်။ ရိုးတွင်းခြင်ဆီမှ သွေးနီဥ RBC (Red blood cell)၊ သွေးဖြူဥ WBC (White blood cell)၊ သွေးမှုံ (Platelets) များကိုလည်း ဖြစ်လာစေသည်။ ထို့ပြင် ဒေါင်လိုက်ရိုးများ (၈ဝ)နှင့် ဆက်တွဲအရိုး (၁၂၆)ရိုး တို့ဟူ၍ (၂)ပိုင်း ခွဲထားသည်။ ဒေါင်လိုက်ရိုး (၈ဝ)နှင် ဦးခေါင်းခွံရိုးမှာ (၂၈)ရိုသေးသည်။

လူ၏ အရိုးဖွဲ့စည်းပုံ: Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများ, Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများ, (ဗာတီဘရယ်-ကော်လံ) အကောက်လေးခု
လူ့အရိုးဖွဲ့စည်းပုံကို နောက်ဘက်မှမြင်ရပုံ

Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများ

ခေါင်းဘေးရိုး (အရေအတွေက်-၂) (Parietal)
နားထင်ရိုး (အရေအတွေက်-၂) (Temporal)
နဖူးရိုး (အရေအတွေက်-၁) (Frontal)
နောက်စေ့ရိုး (အရေအတွေက်-၁) (Occipital)
မျက်လုံးအတွင်းရိုး (အရေအတွေက်-၁) (Ethmoid)
နားထင်နှင့် မျက်လုံးကြားရိုး (အရေအတွက်-၁) (Sphenoid)

Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများ

မဲလီယပ်စ် (အရေအတွေက်-၂) (Malleus)
အင်းနပ်စ် (အရေအတွေက်-၂) (Incus)
စတေးပိစ် (အရေအတွေက်-၂) (Stapes)
ဟိုင်းဝိုက် (အရေအတွေက်-၁) (Hyoid)
ခါးရိုးမကြီး (Vetebral Column)
လည်ပင်းရိုး (အရေအတွေက်-၇) ( Cervical vertebrae)
ရင်ခေါင်းရိုး (အရေအတွေက်-၁၂) (Thoracic vertebrae)
ခါးရိုး (အရေအတွေက်-၅) (Lumbar vertebrae)
တင်ပါးရိုး (အရေအတွေက်-၁) (Sacrum)
အမြီးပိုင်းရိုး (အရေအတွေက်-၁) (Coccyx)

(ဗာတီဘရယ်-ကော်လံ) အကောက်လေးခု

၁။ လည်ပင်းပိုင်းအကောက် (ဆာဗိုက်ကယ်-ကာ့ဖ်)
၂။ ရင်ခေါင်းပိုင်းအကောက် (သိုရက်ဆစ် ကာ့ဖ်)
၃။ ခါးပိုင်းအကောက် (လမ်းဘား-ကာ့ဖ်)
၄။ တင်ပိုင်းအကောက် (ဆေခရယ်-ကာ့ဖ်)

Thoracic Cage ရင်ခေါင်းအုံ

ရင်ညွန့်ရိုး (အရေအတွေက်-၁) (Sternum (1) စတာနမ်၊ ) (နှစ်ပိုင်းရှိသည်။)
နံရိုးများ (Ribs) ၁၂ စုံရှိသည်။ နံရိုးအောက်ဆုံး ၂ စုံမှလွဲပြီး အားလုံးသည် ရင်ညွန့်ရိုးအား လာဆက်နေကြသည်။

  • လက်အုံပိုင်း (Pectoral girdles (ပက်တိုရယ်-ဂါဒယ်))
  • ကလက်ဗီကယ်၊ ညှပ်ရိုး(အရေအတွေက်-၂) (Clavicle)
  • လက်ပြင်ရိုး (အရေအတွေက်-၂) (Scapula၊ စကက်ပြူလာ၊ (တောင်ပံ))

လက်အရိုးများ

လက်မောင်းရိုး (၂) (Humerus-2)
လက်ဖျံအပြင်ရိုး (၂) (Radius-2)
လက်ဖျံအတွင်းရိုး (၂) (Ulna-2)
လက်ကောက်ဝတ်ရိုး (၁၆) (Carpals-16)
လက်ဝါးအတွင်းရိုး (၁ဝ) (Metacarpals-10)
လက်ချောင်းအရိုး (၂၈) (Phalanges-28)

ခြေထောက်ပိုင်းအရိုးများ (Lower Extremity)

ပေါင်ရိုး (အရေအတွေက်-၂) (Femur )
ခြေသလုံးအတွင်းရိုး (အရေအတွေက်-၂) (Tibia)
ခြေသလုံးအပြင်ရိုး (အရေအတွေက်-၂) (Fibula)
ဂုံညင်းရိုး (အရေအတွေက်-၂) (Patella)
ခြေခြင်းဝတ်ရိုး (အရေအတွေက်-၁၄) (Tarsals)
ခြေဖဝါးရိုး (အရေအတွေက်-၁ဝ) (Metatarsals)
ခြေချောင်းကလေးများ (အရေအတွေက်-၂၈) (Phalanges)

တစ်ချောင်းဆီရှိသော အရိုးများ

တင်ပဆုံရိုးကွင်း (Pelvic Girdle (ပဲလဗစ်ဂါဒယ်) )
တင်ပဆုံနောက်နှင့် အပေါ်ပိုင်းရိုး (Ilium (အီလီယန်) )
ခါးဘေးဘက် နှင့် ပေါင်ထိပ်ရိုးနေရာ (Iliac crest (အီလီယက်-ခရက်စ်) )
ထဆီးစပ်ဘေးရိုး (Iliac crest (အီလီယက်-ခရက်စ်) )
ပေါင်ရိုးကဆက်သည့်နေရာရှိ အရိုး (Asetabulum (အဆက်တဗျူလမ်) )
ဆီးစပ်ရိုး (Pubis (ပြူးဗစ်) )

Reference


Tags:

လူ၏ အရိုးဖွဲ့စည်းပုံ Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများလူ၏ အရိုးဖွဲ့စည်းပုံ Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများလူ၏ အရိုးဖွဲ့စည်းပုံ (ဗာတီဘရယ်-ကော်လံ) အကောက်လေးခုလူ၏ အရိုးဖွဲ့စည်းပုံ Thoracic Cage ရင်ခေါင်းအုံလူ၏ အရိုးဖွဲ့စည်းပုံ လက်အရိုးများလူ၏ အရိုးဖွဲ့စည်းပုံ ခြေထောက်ပိုင်းအရိုးများ (Lower Extremity)လူ၏ အရိုးဖွဲ့စည်းပုံ တစ်ချောင်းဆီရှိသော အရိုးများလူ၏ အရိုးဖွဲ့စည်းပုံ Referenceလူ၏ အရိုးဖွဲ့စည်းပုံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ပထဝီဝင်မြန်မာနိုင်ငံ၏ လူဦးရေရေးမြို့နတ်မင်းကြီးလေးပါးရေသည်ပြဇာတ်အောင်လင်းဒွေးတပ်မတော် (ရေ)ကနောင်မင်းသားဘန်နီဖြိုးလိမ်လည်မှုပေပင်လာအိုနိုင်ငံအင်ဒိုနီးရှားနိုင်ငံRဇာနည်မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးအဆင့်များနှင့် အဆောင်အယောင်တံဆိပ်များရှမ်းပြည်တပ်မတော်ကမ္ဘာ့အထိမ်းအမှတ်နေ့ဓမ္မရံကြီးဘုရားတာချီလိတ်မြို့မြန်မာမိဖုရားများ စာရင်းမုံရွာမြို့အသည်းရောင် အသားဝါ ရောဂါ စီပိုးသရက်ချောင်းမြို့နယ်ဘဲ (မျိုးစု)ခရစ္စတီယာနို ရော်နယ်လ်ဒိုဘရာဇီးနိုင်ငံအိချောပိုသရက်သီးထားဝယ်မြို့ကိလေသာလိင်ဘီလူးဗမာ့ထွက်ရပ်ဂိုဏ်းအမျိုးသမီးသုံး ကွန်ဒုံးအာဆင်နယ်ရေမွန်နေအဖွဲ့အစည်းမြန်မာနိုင်ငံ၏ ပထဝီဝင်သင်္ဂါယနာမြန်မာ-အင်္ဂလိပ် အဘိဓာန်ချောင်းဘားအံမြို့စစ်ပွဲစိုက်ပျိုးရေးစတီဖင် ချောင်ညှင်းသင်္ချာအမျိုးသားစာပေဆုရစာအုပ်စာရင်းမြန်မာနာမည်တိုက်နန္ဒဘုရင်အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်နွားလူသားတစ်ဦး၏လိင်တံအရွယ်အစားနယ်ခြားစောင့်တပ်ဖွဲ့ဗီယက်နမ်နိုင်ငံအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်သီတဂူဆရာတော်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များတစ်ကိုယ်ရည်အာသာဖြေခြင်းစအိုဖြင့် လိင်ဆက်ဆံခြင်းတိရစ္ဆာန်အစားအစာမြဝတီမြို့အိန္ဒြာကျော်ဇင်ငါးမျိုးစိတ်များ စာရင်းမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)ကရမက်မြန်မာ သက္ကရာဇ်ဖိလစ်ပိုင်နိုင်ငံအစ္စရေးနိုင်ငံပစ္စည်း (သဒ္ဒါ)သန်လျင် မင်းကျောင်းဆရာတော်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အမရပူရမြို့ဗင်နီဇွဲလားနိုင်ငံလူဦးရေအသုံးလုံး🡆 More