မြန်မာနိုင်ငံ၏ လူဦးရေ

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် (၅၁,၄၈၆,၂၅၃) ဦးဖြစ်သည်။ အမျိုးသား (၂၄,၈၂၄,၅၈၆)ဦး၊ အမျိုးသမီး (၂၆,၆၆၁,၆၆၇) ဦးဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေ (၇)သန်းကျော်ဖြင့် အများဆုံးနေထိုင်သောဒေသဖြစ်ကာ ကယားပြည်နယ်သည် လူဦးရေ (၂)သိန်းကျော်ဖြင့် အနည်းဆုံးဖြစ်သည်။

အစိုးရမှ အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးရှိကာ ၎င်းတို့ကို အုပ်စုဖွဲ့ထားသော အဓိကလူမျိုးစုကြီး (၈)စုရှိသည်။ ၎င်းတို့အနက် ဗမာလူမျိုးများသည် (၆၈)ရာခိုင်နှုန်းနေထိုင်ကြသည်။ ထို့နောက် ရှမ်းလူမျိုးများက (၉)ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်သူအများဆုံးဖြစ်ကာ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သူ၊ အခြားဘာသာကိုးကွယ်သူများနှင့် မည်သည့်ဘာသာမှ မကိုးကွယ်သူများ အစဉ်လိုက်များပြားသည်။

သန်းခေါင်စာရင်းအလိုက် လူဦးရေများ

ရှေးမြန်မာဘုရင်များလက်ထက်ကပင် သန်းခေါင်စာရင်းကဲ့သို့သော စစ်တမ်းများ ကောက်ယူခဲ့သည်။ ၁၈၈၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိလူဦးရေ ၄ သန်းကျော်ခန့်ရှိမည်ဟု ပညာရှင်များက ခန့်မှန်းခဲ့သည်။ တစ်နိုင်ငံလုံး သန်ခေါင်စရင်းကောက်ခံမှုကို ဗြိတိသျှလက်ထက် ၁၈၉၁ ခုနှစ်တွင်စတင်ကောက်ခံခဲ့သည်။ ၁၈၉၁ခုနှစ်တွင် ၇.၇ သန်း၊ ၁၉၀၁ခုနှစ်တွင် ၁၀.၅ သန်း၊ ၁၉၁၁ခုနှစ်တွင် ၁၂.၁ သန်း၊ ၁၉၂၁ခုနှစ်တွင် ၁၃.၂ သန်း၊ ၁၉၃၁ခုနှစ်တွင် ၁၄.၇ သန်းနှင့် ၁၉၄၁ခုနှစ်တွင် ၁၆.၈ သန်း ရှိခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက် ပါလီမန်ခေတ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းခဲ့သည်။ သို့သော် တိုင်းပြည်အခြေအနေအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကောက်ခံနိုင်ခဲ့ပေ။ ၁၈၅၃ခုနှစ်တွင် မြို့ပေါင်း (၂၅၂)မြို့၊ ၁၉၅၄ခုနှစ်တွင် ကျေးရွာအုပ်စုပေါင်း (၃,၀၀၀) ကျော်ကိုသာ စာရင်းကောက်ယူနိုင်ခဲ့သည်။ ၁၉၇၃ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့သည်။ ၁၉၇၃သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ (၂၈.၉)သန်းရှိသည်။ (၁၀)နှစ်အကြာ ၁၉၈၄ခုနှစ်တွင် ကောက်ယူသော ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေသည် (၃၅.၃)သန်း ရှိသည်။ ထို့နောက် အခြေအနေအရပ်ရပ်ကြောင့် သန်းခေါင်စရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိပေ။ထို့ကြောင့် ၂၀၁၀နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်လူဦးရေကို သန်း(၆၀) ဟု မှတ်ယူခဲ့ကြသည်။ ၂၀၁၄ခုနှစ်တွင်မှ သန်းခေါင်စာရင်း ထပ်မံကောက်ယူနိုင်ခဲ့ရာ ၂၀၁၄ခုနှစ် မတ်လ (၂၉)ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် (၅၁.၄) သန်းဖြစ်သည်။ ၁၉၈၃ သန်းခေါင်စာရင်းထက် (၄၆)ရာခိုင်နှုန်း ပိုမိုတိုးတက်လာသည်။

မြန်မာနိုင်ငံ၏ လူဦးရေ 
သန်း​ခေါင်စာရင်းအလိုက် မြန်မာ့လူဦး​ရေ

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

နိဗ္ဗာန်အမျိုးသားနေ့သိမ်းငှက်ပါရမီမြန်မာ့ဝတ်စားဆင်ယင်မှုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိတ်နေမြင့်သူဘုရင့်နောင်မန္တလေး နန်းတော်ခန္ဓသုတ်မိုးညိုမြို့နယ်နယ်ခြားစောင့်တပ်ဖွဲ့ပုလွေမှုတ်ခြင်းသက္ကာယဒိဋ္ဌိမန္တလေးတိုင်းဒေသကြီးအင်္ဂုလိမာလသုတ်အီပိုးမြို့ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းမြန်မာအဘိဓာန်ပဋ္ဌာန်းကြေးမုံ သတင်းစာဗောဇ္ဈင်္ဂသုတ်နေဝင်း (သီချင်းရေးဆရာ)အင်ဒိုနီးရှားနိုင်ငံMinecraftသုက်ပန်းခြင်းလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံအားကစားဗြိတိသျှအင်ပါယာမကွေးတိုင်းဒေသကြီးလများ (အချိန်အတိုင်းအတာ)စမူဆာဂြိုဟ်ရိုဟင်ဂျာစံကားဝါပီမိုးနင်းအစားအစာနန်းမတော်မယ်နုမိတ္ထီလာမြို့မြန်မာသရုပ်ဆောင်များစာရင်းစိတ်ပညာမြန်မာနိုင်ငံ၏ ပထဝီဝင်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်လေဖြတ်ခြင်းလိင်မှတဆင့် ကူးစက်တတ်သော ရောဂါဘားအံမြို့သွား(လူ)သာရိပုတ္တရာထေရ်မြန်မာနိုင်ငံ၏ လူဦးရေရှောင်းကျန့်မြန်မာ့စွယ်စုံကျမ်းအနောက်တောင်တိုင်းစစ်ဌာနချုပ်သင်္ကြန်လှိုင်မြို့နယ်မေတ္တာကျောက်ကပ်မြန်မာစာရေးဆရာများ စာရင်းငွေဟောင်ကောင်ချင်းလူမျိုးဂဠုန်ဦးစောမလေးရှားနိုင်ငံစောမောင် (ဗိုလ်ချုပ်မှူးကြီး)ခင်မောင်တိုးဗီတိုအနာကြီးရောဂါတဏှာကြွက်နို့ရောဂါကလေးမြို့အင်္ဂါရွှေအစ္စရေးနိုင်ငံမဇ္ဈိမ သတင်းဌာနလတ္တီကျူမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုစဝ်ကြာဆိုင်အမျိုးသမီးများ၏ အခွင့်အရေးမိန်းမ မျိုးပွားအင်္ဂါ🡆 More