ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း

မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတော်မူသော ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူရာတွင် ရွတ်ဆိုရမည့် စာသားနှင့် ဆုတောင်းများ ဖြစ်သည်။ ဘုရားရှိခိုးပါ။

ဆွမ်းတော်ကပ်ရန်

    ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
    ရှင်တော်မြတ်ဘုရားအား ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို၊ ပေးလှူပါရ ဤပုညကြောင့်၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ မြနှယ်ရွှေနှင့် အနေတင့်၊ အဆင့်ဆင့်မြင့်ရလို။

ရေချမ်းကပ်လှူရန်

    ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
    ရှင်တော်မြတ်ဘုရားအား စမ်းသီတဂူ ရေဖြူဖြူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

ကြည်လင်အေးမြ ရေလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်၊ ကြည်လင်အေးမြလို။

ပန်းကပ်ရန်

    ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
    ရှင်တော်မြတ်ဘုရားအား၊ ရနံ့မွေးကြူ ပန်းဆူဆူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

အနံ့လည်းသင်း အဆင်းလည်းလှ၊ ပန်းလှူရ၍ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျှက် သွယ်သွယ်ဂုဏ်နှင့်၊ အစုံဆင့် ထုံသင်းကြိုင်ရလို။

ဆီမီးကပ်ရန်

    ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
    ရှင်တော်မြတ်ဘုရားအား၊ ရောင်ဝါထိန်ညီး မြတ်ဆီမီးကို၊ ပိုပြီးသဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

ထွန်းလင်းတောက်ပ မီးလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ လနှယ်နေနှင့် အသေရေတင့်၊ ဆင့်ဆင့်ထွန်းတောက်လို။

ဆက်စပ်ဖတ်ရှုရန်

Tags:

ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း ဆွမ်းတော်ကပ်ရန်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း ရေချမ်းကပ်လှူရန်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း ပန်းကပ်ရန်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း ဆီမီးကပ်ရန်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း ဆက်စပ်ဖတ်ရှုရန်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းဇနကာ၊ ဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံဆရာတော်)

🔥 Trending searches on Wiki မြန်မာဘာသာ:

ချင်းလူမျိုးစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သရက်ကုန်းရွာ၊ နောင်ချိုမြို့နယ်မိတ္ထီလာမြို့နယ်ဒုတိယ ကမ္ဘာစစ်နန်းမတော်မယ်နုစကားပြောအတတ်မဟာသမယသုတ်ဇီဇဝါစက်တော်ရာကျော်စွာလင်းမြန်မာဝီကီပီးဒီးယားပိန္နဲပင်စိုင်းစိုင်းခမ်းလှိုင်လီဆူလူမျိုးကံ၃၁-ဘုံနေပြည်တော်မြို့ကျေးရွာအုပ်စုဥဩ၁၀၂၇ စစ်ဆင်ရေးမင်္ဂလာတရား ၃၈-ပါးမိုင်တဲလ် မြန်မာပစ္စဝေက္ခဏာဆင်ခြင်ခြင်းကံ့ကော်ပင်စိန်မဂ္ဂသစ္စာအုန်းပင်လားရှိုးမြို့ခွေးအသရက်သီးမာမာအေးဒီမိုကရေစီခန္ဓသုတ်ဆောင်ခရမ် အားလပ်ရက်ကရင်လူမျိုးမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများဘင်္ဂလားဒေ့ရှ်နိုင်ငံအင်္ဂလန်နိုင်ငံမင်္ဂလာပါသိဒ္ဓတ္ထမင်းသားဘီလူးလျင်မြန်တုံ့ပြန်မှုကုဒ်ကသည်းလူမျိုးလှော်ကားသဘာဝဥယျာဉ်မုန့်ဟင်းခါးထေရဝါဒလေဖြတ်ခြင်းခင်ဝင့်ဝါဗမာလူမျိုး၁၃၈၆တရားသက္ကာယဒိဋ္ဌိယူကျူ့ဘ်နန်းခင်ဇေယျာကပိလဝတ်ပြည်အလောင်းစည်သူလိင်တူစုံမက်ခြင်းဖွေးဖွေးမြန်မာနိုင်ငံ၏ အလံများ စာရင်းနတ်မြန်မာနိုင်ငံ၏ အမည်များသားမြီးယပ်ရတနသုတ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထားဝယ်လူမျိုးရှမ်းဘာသာစကားပီမိုးနင်းဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအပြာရောင်ငှက်ကုလားအုတ်ကိုယ်ဝန်ဆောင်ခြင်းအင်းဝမြို့၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမြန်မာ စံတော်ချိန်မိုင်းခရပ်ဖ်ဝင်းမြင့် (နိုင်ငံတော်သမ္မတ)🡆 More