နေပြည်တော် ပြည်ထောင်စုနယ်မြေ

နေပြည်တော် ပြည်ထောင်စုနယ်မြေ (အင်္ဂလိပ်: Naypyidaw Union Territory)သည် မြန်မာနိုင်ငံ၏ အဓိကအကျဆုံးသော အုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော် တည်ရှိရာ နယ်မြေဖြစ်သည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေ
ပြည်ထောင်စုနယ်မြေ
Naypyidaw Union Territory
နေပြည်တော် ပြည်ထောင်စုနယ်မြေ၏ အလံတော်
အလံတော်
နေပြည်တော် ပြည်ထောင်စုနယ်မြေ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နေပြည်တော် ပြည်ထောင်စုနယ်မြေ
နေပြည်တော် ပြည်ထောင်စုနယ်မြေ
နေပြည်တော် ပြည်ထောင်စုနယ်မြေ တည်နေရာ
ကိုဩဒိနိတ်: 19°45′0″N 96°6′0″E / 19.75000°N 96.10000°E / 19.75000; 96.10000
နိုင်ငံနေပြည်တော် ပြည်ထောင်စုနယ်မြေ မြန်မာ
ဒေသမြန်မာနိုင်ငံ အလယ်ပိုင်း
မြို့တော်နေပြည်တော်
အစိုးရ
 • မြို့တော်ဝန်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်
လူဦးရေ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း)
 • စုစုပေါင်း၁,၁၅၈,၃၆၇
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+၆:၃၀)

သမိုင်းကြောင်း

လက်ရှိ နေပြည်တော်ပြည်ထောင်စုနယ်မြေသည် ယခင်က မန္တလေးတိုင်းရမည်းသင်းခရိုင်မှ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး မြို့နယ်များ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ပျဉ်းမနားမြို့အနီးတွင် မြို့အသစ်တည်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံ၏မြို့တော်ကို ထိုနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး မြို့နယ်များဖြင့် ပျဉ်းမနားခရိုင်အသစ်ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့တွင် ထိုမြို့နယ်များမှ နယ်မြေအချို့အား ခွဲထုတ်၍ နေပြည်တော်မြို့နယ်ဟု ဖွဲ့စည်းခဲ့သည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ပျဉ်းမနားခရိုင်အား နေပြည်တော်ခရိုင်ဟု လည်းကောင်း၊ မတ်လတွင် နေပြည်တော်မြို့နယ်အား သီရိ (၅) မြို့နယ်များအဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ပြည်ထောင်စုနယ်မြေဟူသော အုပ်ချုပ်ရေးနယ်မြေတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် နေပြည်တော်ခရိုင်သည် ပြည်ထောင်စုနယ်မြေ ဖြစ်လာခဲ့ပြီး ခရိုင် (၁)ခု၊ မြို့နယ် (၈) မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုနယ်မြေသည် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတိုင်း အဆင့်(၁) အဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေတစ်ခုဖြစ်သည်။ ပြည်ထောင်စုနယ်မြေကို နိုင်ငံတော်သမ္မတကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်ကာ နေပြည်တော်မြို့တော်ဝန်က ဥက္ကဋ္ဌလုပ်သည့် နေပြည်တော်ကောင်စီမှ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် အခွင့်အာဏာ တူညီသည်။

၂၀၁၃ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် နေပြည်တော်ခရိုင် တောင်ပိုင်းကို ဒက္ခိဏခရိုင်၊ မြောက်ပိုင်းကို ဥတ္တရခရိုင်ဟု ခွဲခြားခဲ့သည်။ ဒက္ခိဏခရိုင်တွင် ဇမ္ဗူသီရီ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေး မြို့နယ်များ၊ ဥတ္တရခရိုင်ကို ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ တပ်ကုန်း မြို့နယ်များဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် အိမ်စောင့်အစိုးရမှ ခရိုင်အသစ်များ ဖွဲ့စည်းရာ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် ခရိုင် (၄)ခု၊ မြို့နယ် (၈) မြို့နယ် ပါဝင်ဖွဲ့စည်းသည်။

အုပ်ချုပ်ရေး

နေပြည်တော်ပြည်ထောင်စုနယ်မြေကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ကွပ်ကဲသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ဥက္ကဋ္ဌတစ်ဦး၊ ကောင်စီဝင် အများဆုံး ကိုးဦးတို့ဖြင့် နေပြည်တော်ကောင်စီ ကို ဖွဲ့စည်းထားသည်။ နေပြည်တော် မြို့တော်ဝန်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် အခွင့်အာဏာ တူညီကာ ကောင်စီဝင်များသည်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အလားတူဖြစ်သည်။ ကောင်စီဝင်များသည် မိမိတို့ ကဏ္ဍအလိုက် တာဝန်များခွဲဝေ ယူကြရသည်။

အခြား​သော သက်ဆိုင်ရာ ဌာနဆိုင်ရာများသည်လည်း ပြည်​ထောင်စုနယ်​မြေတွင် အခြား တိုင်းဒေသကြီး/ပြည်နယ်ရုံးများ ကဲ့သို့ပင် ညွှန်ကြား​ရေးမှူးအဆင့် ဦး​ဆောင်​သော ရုံးများ ဖွင့်လှစ်ထားရှိသည်။ အုပ်ချုပ်​ရေးမြို့​တော် တည်ရှိရာ နယ်​မြေဖြစ်သည်နှင့် အညီ ဝန်ကြီးဌာနများ၏ ပြည်​ထောင်စုဝန်ကြီးရုံးများ၊ ညွှန်ကြား​ရေးမှူးချုပ်ရုံးအများစု တို့သည် ပြည်​ထောင်စုနယ်​မြေတွင် တည်ရှိသည်။

ဥပဒေပြုရေး

နေပြည်တော်ကောင်စီနယ်မြေသည် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများကဲ့သို့ နယ်မြေဆိုင်ရာ သီးသန့်လွှတ်တော် မရှိပေ။ ပြည်ထောင်စု နယ်မြေဆိုင်ရာ ဥပဒေကိစ္စများအတွက် ပြည်ထောင်စုလွှတ်တော်နှင့် တိုက်ရိုက် သက်ဆိုင်သည်။ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေများတွင် မြို့နယ်အလိုက် သတ်မှတ်ကာ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေများတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အဖြစ် သတ်မှတ်သည်။

တရားစီရင်ရေး

ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်/ခရိုင် တရားရုံးများ၊ စည်ပင်အထူးတရားရုံးများသည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် လက်အောက်တွင် ရှိသည်။ တိုင်းပြည်၏ အမြင့်ဆုံး တရားရုံးဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြို့တော် နေပြည်တော်တွင် တည်ရှိသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

ခရိုင်များ

  1. ဥတ္တရခရိုင်
  2. ဇေယျာသီရိခရိုင်
  3. လယ်ဝေးခရိုင်
  4. ပျဉ်းမနားခရိုင်

ခရိုင်ရှိမြို့နယ်

ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်  • တပ်ကုန်းမြို့နယ်
​ဇေယျာသီရိခရိုင် ဇေယျာသီရိမြို့နယ်  • ပုဗ္ဗသီရိမြို့နယ်
လယ်​ဝေးခရိုင် လယ်ဝေးမြို့နယ်  • ဒက္ခိဏသီရိမြို့နယ်
ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ်  • ဇမ္ဗူသီရိမြို့နယ်

မြို့ပေါင်း (၈)မြို့၊ ရပ်ကွက်ပေါင်း (၅၇)ကွက်၊ ကျေးရွာအုပ်စု (၁၈၇) အုပ်စု၊ ရွာပေါင်း (၇၉၅) ရွာ ရှိသည်။


လည်ပတ်ရန်နေရာများ

နေပြည်တော်တွင် လည်ပတ်စရာကောင်းသော နေရာများအဖြစ် နေပြည်တော်ရေပန်းဥယျာဉ်၊ လှေခွင်းတောင်ရေချိုးဆိပ်၊ ဥပ္ပါတသန္တိ စေတီတော်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ပျဉ်းမနား သမိုင်းဝင် ကိုးဆူဘုရား၊ လယ်ဝေး သမိုင်းဝင် ဖောင်တော်ချက်မဘုရား၊ လယ်ဝေး သမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တဌာန စေတီတော်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် ၊ စစ်သမိုင်းပြတိုက်၊ စာကြည့်တိုက်များ၊ ဥတ္တရသီရိ အိုးရှင်း စသည့်ဖြင့် နေရာများစွာ ရှိသည်။

ကိုးကား


Tags:

နေပြည်တော် ပြည်ထောင်စုနယ်မြေ သမိုင်းကြောင်းနေပြည်တော် ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေးနေပြည်တော် ပြည်ထောင်စုနယ်မြေ လည်ပတ်ရန်နေရာများနေပြည်တော် ပြည်ထောင်စုနယ်မြေ ကိုးကားနေပြည်တော် ပြည်ထောင်စုနယ်မြေနေပြည်တော်မြန်မာနိုင်ငံမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များဆံပင်မဲခေါင်မြစ်ငါးပါးသီလလက်ဖက်သုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်္ဂလသုတ်ကော့ကရိတ်မြို့သီပေါမင်းမှော်ပညာပုဂံဘားအံမြို့နာဂစ်မုန်တိုင်းဘူးပင်နို့စေတနာကြို့ထိုးခြင်းတောက်တဲ့မြန်မာအက္ခရာရက်ထပ်နှစ်နေကြတ်ခြင်း နှင့် လကြတ်ခြင်းပြည်မြို့အလောင်းမင်းတရားအသည်းရောင် အသားဝါ ရောဂါ ဘီပိုးခန္ဓာငါးပါးပညတ်ရှရွတ်ခန်းစိုးလွင်လွင်နီပေါနိုင်ငံရတနသုတ်တယ်လီဖုန်း ကုတ်နံပါတ်ပရိက္ခရာ ၈-ပါးငါးမျိုးစိတ်များ စာရင်းသမုဒ္ဒရာGrand Theft Auto Vပန်းနောင်ချိုမြို့နယ်ထက်ထက်မိုးဦးနေ့နံဘာသာစကားဒါနဓာရဏပရိတ်ဘုရားဂုဏ်တော်ဂျပန်သမိုင်းမြန်မာနိုင်ငံ၏ ရွာများကမ္ဘာ့လူဦးရေနေခြည်ဦးအမျိုးသမီးသုံး ကွန်ဒုံးယုဒသန်မြပုသိမ်မြို့အကြည်တော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဗေဒင်မိမိကိုယ်ကို သတ်သေခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနန်းမွေစံချောင်းသာကမ်းခြေဗုဒ္ဓဝင်သစ္စာ၅၂၈-သွယ်မေတ္တာသိပ္ပံပညာဘုရားပင့်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)ကွန်ဒုံးခွေးတောက်ပင်ညှင်းမပြည့်သည့်အိုး ဘောင်ဘင်ခတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့လူ့အခွင့်အရေးမော်လဒိုက်နိုင်ငံဧရာဝတီမြစ်ဂျင်မီ နျူထရွန် - ကောင်လေး ဉာဏ်ကြီးရှင်သီလရှင်ကျင့်ဝတ်ကမ္ဘာဂြိုဟ်စကားပုံ🡆 More