လေးဖြူ သည် မြန်မာ ရော့ခ် အဆိုတော် တစ်ဦး ဖြစ်ပြီး ၁၉၆၅-ခုနှစ်၊ မေလ(၁၉)ရက်တွင် မွေးဖွားခဲ့သည်။ အင်းလေးဇာတိ ဖြစ်သည်။ ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အကို အရင်း ဖြစ်သည်။ မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
လေးဖြူ | |
---|---|
၂၀၁၃ မေလတွင် ဖျော်ဖြေမှု ပြုလုပ်နေသော လေးဖြူ | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | ဝင်းလှိုင်စိုး |
မွေးဖွား | ၁၉ မေ၊ ၁၉၆၅ |
မူလတိုင်းပြည် | အင်းလေး၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
ဂီတဟန် | Hard rock, heavy metal, soft rock |
အလုပ်အကိုင် | ဂီတပညာရှင်၊ ဂီတထုတ်လုပ်သူ |
တူရိယာ | ဂစ်တာ၊ ဒရမ် |
တက်ကြွသည့်နှစ်များ | ၁၉၉၂ - လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ | Iron Cross Entertainment |
ပူးတွဲ ပါဝင်မှု | Iron Cross, LMN |
လေးဖြူသည် ၂၀၀၆ ခုနှစ်ခန့်မှစ၍ စင်မြင့်ဂီတ ဖျော်ဖြေပွဲများ၌ ပါဝင် သီဆိုခွင့်မရရှိပဲ ခေတ္တရပ်နားခဲ့ရသည်။ ၂၀၀၉-ခုနှစ်မှ စ၍ စင်မြင့်ဖျော်ဖြေပွဲများ၌ Iron Cross Band နှင့်အတူ ဆက်လက် သီဆိုခွင့်ရရှိခဲ့သည် ။ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ပြုလုပ်သော စင်မြင့်ဖျော်ဖြေပွဲ၌ အဆိုတော်လေးဖြူအား အားပေးကြိုဆိုသော သူ၏ အမာခံပရိသတ်များကြောင့် ရန်ပုံငွေ အများအပြား ရရှိခဲ့သည်။
ဇနီးဖြစ်သူမှာ ဒေါ်နွယ်နွယ်သန်း ဖြစ်သည်။ သမီးကြီး ၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည်။
"ဘင်္ဂလားပင်လယ်အော်" စီးရီးမှာ မြန်မာနိုင်ငံတွင် Mobile Stero ဖြင့် ပထမဆုံးတီးခတ်အသံသွင်းပြုလုပ်ထားသော တေးစီးရီးဖြစ်သည်။ Mobile Stero မှာ ကမ်းခြေတစ်ခု (သို့) တစ်ခုခုသောနေရာ၏ အခန်းတစ်ခန်းထဲတွင် ကြိုတင်သီချင်းတိုက်ထားခြင်းမရှိပဲ ရင်ထဲကခံစားချက်အတိုင်း တီးခတ်သီဆိုပြီး အသံသွင်းခြင်းကို တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article လေးဖြူ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.