မောရသုတ်တော်မှာ ဇာတကပါဠိတော်၊ ဒုကနိပါတ်၊ မောရဇာတက မှလာသော ဘုရားအလောင်းတော် ရွှေဥဒေါင်းမင်းဘဝက ရွတ်ဆိုပူဇော်ခဲ့သည့် ဘုရားဂုဏ်တော်၊ သစ္စာလေးပါးဂုဏ်တော်နှင့် ရဟန္တာဂုဏ်တော်တို့ကို ချီးကျူးကော်ရော်ပူဇော်သော ဂါထာဖြစ်သည်။ ဘုရားအလောင်းရွှေဥဒေါင်းမင်းသည် ဤဂါထာကို နေထွက်နေဝင် နေ့စဉ်ရွတ်ဖတ်ပူဇော်ခဲ့ရာ လာရောက်ဖမ်းယူရန် ကြိုးစားခဲ့သော မုဆိုးများ မျိုးဆက် (၇) ဆက်တိုင်တိုင် ရွှေဥဒေါင်းမင်းကို ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ဘုရားအလောင်းတော်ရွှေဥဒေါင်းမင်း ဤဂါထာတော်ကို ရွတ်ဖတ်ပူဇော်သဖြင့် အဖမ်းအဆီးအနှောင်အဖွဲ့ မှ လွတ်မြောက်ခဲ့ခြင်းကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များက မိမိတို့သည်လည်း အဖမ်းအဆီး အနှောင်အဖွဲ့ ဘေးရန်အမျိုးမျိုးမှ လွတ်မြောက်ပါစေခြင်း အကျိုးငှါ ဤ မောရသုတ်ဂါထာတော်ကို ပရိတ်တော်အဖြစ်ရွတ်ဖတ် ပူဇော်ကြသည်။ ဤ ပရိတ်တော်သည် ဗုဒ္ဓဘာသာဝင်များ ရွတ်ဖတ်ပူဇော်လေ့ရှိကြသည့် ပရိတ်ကြီး (၁၁) သုတ်တွင် (၅) သုတ်မြောက် ပရိတ်တော်ဖြစ်သည်။
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၁။ ပူရင်တံ ဗောဓိသမ်ဘာရေ
နိတ်ဗတ်တံ မောရ-ယောနိယံ
ယေန သံဝိဟိတာရက်ခံ
မဟာသတ်တံ ဝနေစရာ
၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။ ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂။ စိရတ်သံ ဝါယမန်တာပိ၊
နေဝ သက်ခိမ်သု ဂန်နှိတုံ
ဗြန်မ-မန်တန်တိ အက်ခါတံ
ပရိတ်တံ တံ ဘဏာမ ဟေ
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ၊
၃။ အုဒေတယံ စက်ခုမာ အေက-ရာဇာ
ဟရိတ်သ-ဝဏ်ဏော ပထဝိတ်ပ,ဘာသော
တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ
ပထဝိပ်ပ, ဘာသံ
တယစ်ဇ ဂုတ်တာ ဝိဟရေမု ဒိဝသံ
၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
၄။ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ
တေ မေ နမော တေ စ မံ ပါလယန်တု
နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ
နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ
အိမံ သော ပရိတ်တံ ကတ်တဝါ
မောရော စရတိ အေသနာ
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၅။ အပေတယံ စက်ခုမာ အေက-ရာဇာ
ဟရိတ်သ-ဝဏ်ဏော ပထဝိပ်ပ,ဘာသော
တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ
ပထဝိပ်ပ-ဘာသံ
တယစ်ဇ ဂုတ်တာ ဝိဟရေမု ရတ်တိမ်
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။
၆။ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ
တေ မေ နမော, တေ စ မံ ပါလယန်တု
နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ
နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ
အိမံ သော ပရိတ်တံ ကတ်တဝါ
မောရော ဝါသ'မ-ကပ်ပယိ
မောရသုတ္တံ နိဋ္ဌိတံ။
မောရ-သုတ်တံ နိတ်ထိတံ
ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ် ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။
၁။ အရှင်ဝါသေဋ္ဌာဘိဝံသ၊ ပရိတ်ကြီးနိဿယသစ် (ရန်ကုန်၊ မိခင်ဧရာဝတီ၊ ၁၉၉၉)၊ ၄၂၂-၃၂။
This article uses material from the Wikipedia မြန်မာဘာသာ article မောရသုတ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.