ရန်ကုန်တိုင်းဒေသကြီး (အင်္ဂလိပ်: Yangon Region; သတ်ပုံဟောင်း: Rangoon Division) သည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတို့တွင် အကျဉ်းဆုံးဖြစ်ပြီး လူနေအထူထပ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မုတ္တမပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ရန်ကုန်မြို့ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး | |||
---|---|---|---|
တိုင်းဒေသကြီး | |||
| |||
မြန်မာနိုင်ငံတွင်း တည်နေရာ | |||
ကိုဩဒိနိတ်: 17°0′N 96°10′E / 17.000°N 96.167°E 96°10′E / 17.000°N 96.167°E | |||
နိုင်ငံ | မြန်မာ | ||
ဒေသ | အောက်မြန်မာပြည် | ||
မြို့တော် | ရန်ကုန်မြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဦးစိုးသိန်း | ||
• အစိုးရအဖွဲ့ | ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် | ||
• တရားလွှတ်တော် | ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် | ||
ဧရိယာ | |||
• စုစုပေါင်း | ၁၀၂၇၆.၇ စတုရန်းကီလိုမီတာ (၃၉၆၇.၉ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | ၁၄ | ||
လူဦးရေ (၂၀၁၄) | |||
• စုစုပေါင်း | ၇,၃၆၀,၇၀၃ (ဗမာ ၅,၈၅၇,၁၁၄သန်း၊တခြားလူမျိုး၁,၅၀၃,၅၈၉သန်း ) | ||
• အဆင့် | ၁ | ||
Demographics | |||
• လူမျိုးများ | မြန်မာ(လူများစု)၊ ကရင်၊ ရခိုင်၊ ရှမ်း၊တရုတ်၊ အိန္ဒိယ၊ မွန်၊ တခြား | ||
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ | ||
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | ||
ISO 3166 ကုဒ် | MM-06 | ||
စာတတ်မြောက်မှုနှုန်း (၂၀၁၄) | ၉၆.၆% | ||
ဝက်ဘ်ဆိုဒ် | yangon.gov.mm |
၁၉၇၂-ခုနှစ်၊ ဩဂုတ်လမှစ၍ အုပ်ချုပ်ရေး စနစ်သစ် ဖော်ထုတ်ရေးအစီအစဉ်အရ ယခင်တည်ရှိခဲ့သော ခရိုင်အဆင့်များ ဖျက်သိမ်းချိန်နှင့်အတူ၊ ရန်ကုန်တိုင်းကိုလည်း ဖွဲ့စည်းခဲ့သည်။ ယခင်ပဲခူးတိုင်းတွင် ပါဝင်ခဲ့သော မြို့နယ်အချို့မှာ ရန်ကုန်တိုင်းအတွင်း ပါဝင်လာသည်။ ရန်ကုန်မြို့တော်အတွင်းရှိ ယခင်ရပ်ကွက်ကြီးများမှာလည်း ရန်ကုန်တိုင်း၏ မြို့နယ်များအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းအပါအဝင် မြို့နယ်ပေါင်း (၄၀) ပါဝင်တည်ရှိခဲ့သည်။
ရန်ကုန်ကမ်းရိုးတမ်းဒေသသည် ပိုမိုကျယ်ပြန့်သည့် တောင်ပိုင်းမြစ်ဝကျွန်းပေါ်အတွင်း တည်ရှိပြီး အနောက်ဘက်တွင် ဧရာဝတီဒေသကြီး၊ မြောက်ဘက်နှင့်အရှေ့ဘက်တွင် ပဲခူးဒေသကြီးနှင့် တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့တို့ တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးသည် စတုရန်းကီလိုမီတာ ၁ဝ၁၇၁ ကျယ်ဝန်းပြီး၊ အုပ်ချုပ်ရေးအရ မြို့နယ် (၄၅)မြို့နယ် ခွဲခြားထားသည်။ ကုန်းမြေဧရိယာအားဖြင့် မြန်မာနိုင်ငံ၏ အသေးဆုံး တိုင်းဒေသကြီးဖြစ်သော်လည်း ၂၀၁၄-ခုနှစ်၊ သန်းခေါင်စာရင်းအရ ၇,၃၆၀,၇၀၃ ဦးဖြစ်ပြီး လူဦးရေအထူထပ်ဆုံး ဖြစ်ကာ၊ လူဦးရေသိပ်သည်းမှုမှာ ၁ စတုရန်းကီလိုမီတာလျှင် ၅၈၆ ယောက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး လူဦး ရေ၏ ၆၇% သည် မြို့ပြဒေသတွင်နေထိုင်ကြပြီး၊ ကျန်ရှိသော ၃၃% သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာလူမျိုးအများဆုံးနေထိုင်ကြပြီး၊ကရင်၊မွန်၊ရခိုင်၊ရှမ်း၊တရုတ်စသည့်လူမျိုးများလည်း အနည်းငယ်နေထိုင်ကြသည်။ရန်ကုန်သည် မြို့ပြဒေသတွင်နေထိုင်သော လူဦးရေရာခိုင်နှုန်းအများဆုံး ဒေသကြီးဖြစ်သည်။ ရန်ကုန် တောင်ပိုင်းဒေသသည် တိုင်းပြည်အတွင်းရှိ အထူးစီးပွားရေးဇုန် ၃ ခု ထဲမှ တစ်ခုဖြစ်သည့် သီလဝါအထူးစီးပွား ရေးဇုန် တည်ရှိရာဒေသ လည်းဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၂၀မိနစ် မှ ၁၇ ဒီဂရီ ၅၀ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၃၅ ဒီဂရီ ၄၅ မိနစ် မှ ၉၆ ဒီဂရီ ၄၆ မိနစ်အတွင်း တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကိုကိုးကျွန်းအပါအဝင် စုစုပေါင်း ဧရိယာ ၃,၉၂၇.၁၅ စတုရန်းမိုင် ကျယ်ဝန်းသည်။
ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီး စွတ်စိုသော ရာသီဥတုရှိသည်။ ပျှမ်းမျှ အားဖြင့် အပူဆုံးအချိန်ဖြစ်သည့် ဧပြီလတွင် ၉၅ ဒီဂရီဖာရင်ဟိုက် ရှိသည်။ နေ့ခင်းဘက်အပူချိန်မှာ ၁၀ဝ ဒီဂရီမှ ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ ရှိတတ်သည်။ အအေးဆုံးဖြစ်သည့် ဒီဇင်ဘာလတွင် အပူချိန်မှာ ၇၇ ဒီဂရီဖာရင်ဟိုက်ရှိပြီး ညဘက်အပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းတတ်သည်။ ပျှမ်းမျှမိုးရေချိန်မှာ ၁၀၃ လက်မထိရှိသည်။ မိုးကာလမှာ မေလမှ အောက်တိုဘာလ အထိ ရှည်လျားပြီး ဇူလိုင်လနှင့် ဩဂုတ်လများမှာ မိုးအများဆုံးရွာသွန်းလေ့ရှိ သည့်လများဖြစ်သည်။
အဓိက အသုံးအများဆုံး စနစ်မှာ မော်တော်ယာဉ်စနစ်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် ယာဉ်လိုင်းပေါင်း တစ်ရာကျော် ပြေးဆွဲပြီး အများစုမှာ ဆူးလေ တစ်ဝိုက်တွင် အစပြုပြီး ပြေးဆွဲကြခြင်းဖြစ်သည်။ ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းတို့သည် အရေးပါသော နေရာများဖြစ်ကြပြီး ကားအများစုမှာ ယင်းနေရာများသို့ရောက်ရှိကြသည်။ ရန်ကုန်နေလူအများစု၏ နေ့စဉ်သွားလာမှုအတွက် မော်တော်ယာဉ်လိုင်းများမှာ အဓိကအရေးပါသည်။
အခြားအသုံးများသော ပို့ဆောင်ဆက်သွယ်ရေးစနစ်မှာ ရထားဖြစ်သည်။ ရထားများသည် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ရှိပြီး မြို့တစ်ပါတ်ပါတ်ကာ ရန်ကုန်ဘူတာကြီးမှာပင် အဆုံးသတ်သော မြို့ပါတ်ရထား၊ အင်းစိန်ဘူတာတွင် အဆုံးသတ်သောရထား၊ မင်္ဂလာဒုံဘူတာတွင် အဆုံးသတ်သောရထား၊ လှော်ကားသို့သွားသောရထား၊ တိုးကြောင်ကလေးဘက်သို့ သွားသောရထားစသည်ဖြင့် အမျိုးမျိုးရှိသည်။
၂၀၁၇ခုနှစ် ဇန်နဝါရီ ၁၆ မှစ၍ စနစ်ဟောင်း မ.ထ.သ ကိုဖျက်သိမ်းပြီး ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု YBS စနစ်ကို စတင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏မြို့တော်မှာ ရန်ကုန်မြို့ ဖြစ်သည်။
၂၀၁၁ခုနှစ် စနစ်သစ်စတင်ချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အုပ်ချုပ်လျက်ရှိသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသည် ရွှေတိဂုံဘုရားအနောက်ဘက် ပြည်လမ်းနှင့် အလုံလမ်းထောင့်တွင် တိုင်းဒေသကြီးလွှတ်တော်နှင့် ပူးတွဲဖွင့်လှစ်ထားသည်။ ထိုနေရာသည် ကိုလိုနီခေတ်က ဘုရင်ခံအိမ်တော်၊ လွတ်လပ်ရေးရပြီးစတွင် သမ္မတအိမ်တော်၊ ဆိုရှယ်လစ်ခေတ်တွင် ပြည်သူ့လွှတ်တော် နေရာဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် အုပ်ချုပ်ခဲ့သည်။
၂၀၁၁ခုနှစ် စနစ်သစ်စတင်ချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိလွှတ်တော်အဆောက်အဦးမှာ ၁၉၇၄ခုနှစ်မှ ၁၉၈၈ခုနှစ်အတွင်း ပြည်သူ့လွှတ်တော် ကျင်းပရာ အဆောက်အဦးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်လက်အောက်တွင် ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ စည်ပင်သာယာတရားရုံးများနှင့် အထူးတရားရုံးများ တည်ရှိသည်။ တရားလွှတ်တော်တည်နေရာမှာ ယခင် ပြည်ထောင်စုတရားရုံးချုပ်တည်ရှိခဲ့ရာ အဆောက်အဦးဖြစ်သည်။
ယခင်က ရန်ကုန်တိုင်းဒေသကြီးတွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ ခရိုင် (၄)ခုသာရှိခဲ့သည်။၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ထိုခရိုင်များကို (၁၄)ခရိုင်အထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။
မြို့ပေါင်း (၂၁) မြို့၊ ရပ်ကွက်ပေါင်း (၇၄၃) ကွက်၊ ကျေးရွာအုပ်စု (၆၂၁) အုပ်စု၊ ရွာပေါင်း (၂၁၄၃) ရွာ ရှိသည်။
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article ရန်ကုန်တိုင်းဒေသကြီး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.