၉ပါး ရွှေတိဂုံ၏ အံ့ဖွယ်

ရွှေတိဂုံစေတီတော် အထက်ပစ္စယံတွင် အံ့ဖွယ် (၁) ဖြစ်သော ပတ္တမြားမျက်ရှင် ဘုရား ရှိသည်။ ပတ္တမြားမျက်ရှင် ဘုရားကို ရှေးခေတ်က မင်းညီမင်းသားများ စစ်ထွက်ခါနီးတိုင်း စစ်နိုင်ဖို့အရေး ဆုတောင်းလေ့ရှိပြီး ဆုတောင်း ပြည့်သည်ဟု ဆိုသည်။ အထက်ပစ္စယံကို အမျိုးသားများသာ တက်ရောက်ခွင့်ရှိပြီး တက်ရောက်ခွင့်ရရန် မှတ်ပုံတင်၊ ရဝတ ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ များကို ယူလာပြီး ဂေါပကကို လျှောက်ရသည်။ အထက်ပစ္စယံကို ဗုဒ္ဓဟူးထောင့် မှနေ၍ တက်ရောက်နိုင်သည်။ အထက်ပစ္စယံသည် အလွန်ပဲ အေးချမ်းဆိတ်ငြိမ်လှပြီး လေကောင်းလေသန့်တစ်ဝကြီး ရှူနိုင်၍ ရင်ပြင်တော်ပေါ်ကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။ အထက်ပစ္စယံပေါ် တက်ပြီး ဖူးမြော်ခွင့်မရရှိသည့် သူများအတွက် ရွှေတိဂုံဘုရား မုခ်တိုင်းတွင် Flat screen TV ကြီးနှင့် ပတ္တမြားမျက်ရှင်ဘုရားကို ပြသထားသည်။

၉ပါး ရွှေတိဂုံ၏ အံ့ဖွယ်

ရွှေတိဂုံစေတီတော် အထက်ပစ္စယံတွင် အံ့ဖွယ် (၁) ဖြစ်သော ပတ္တမြားမျက်ရှင် ဘုရား ရှိသည်။ ပတ္တမြားမျက်ရှင် ဘုရားကို ရှေးခေတ်က မင်းညီမင်းသားများ စစ်ထွက်ခါနီးတိုင်း စစ်နိုင်ဖို့အရေး ဆုတောင်းလေ့ရှိပြီး ဆုတောင်း ပြည့်သည်ဟု ဆိုသည်။ အထက်ပစ္စယံကို အမျိုးသားများသာ တက်ရောက်ခွင့်ရှိပြီး တက်ရောက်ခွင့်ရရန် မှတ်ပုံတင်၊ ရဝတ ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ များကို ယူလာပြီး ဂေါပကကို လျှောက်ရသည်။ အထက်ပစ္စယံကို ဗုဒ္ဓဟူးထောင့် မှနေ၍ တက်ရောက်နိုင်သည်။ အထက်ပစ္စယံသည် အလွန်ပဲ အေးချမ်းဆိတ်ငြိမ်လှပြီး လေကောင်းလေသန့်တစ်ဝကြီး ရှူနိုင်၍ ရင်ပြင်တော်ပေါ်ကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။ အထက်ပစ္စယံပေါ် တက်ပြီး ဖူးမြော်ခွင့်မရရှိသည့် သူများအတွက် ရွှေတိဂုံဘုရား မုခ်တိုင်းတွင် Flat screen TV ကြီးနှင့် ပတ္တမြားမျက်ရှင်ဘုရားကို ပြသထားသည်။

  1. ပတ္တမြားမျက်ရှင် ဘုရား
  2. ဝိဇ္ဇာဇော်ဂျီ ဘုရား
  3. ရှင်စောပုဘုရား
  4. ဆံတော်တွင်း ရုပ်ပွားတော်
  5. ရှင်အဇ္ဇဂေါဏဘုရား
  6. ဘိုးဘိုးအောင်ဂူဘုရား
  7. ရှင်မထီးဘုရား
  8. လက်ပက်လက်ဘုရား
  9. ပြဒါးရှင် ဘုရား တို့ဖြစ်သည်။

အံ့ဖွယ် (၁) - ပတ္တမြားမျက်ရှင် ဘုရား

အံ့ဖွယ် (၂) - ဝိဇ္ဇာဇော်ဂျီ ဘုရား

စနေဒေါင့်အလွန် ရှေ့တည့်တည့်တွင် ရေသန့်စက်ကြီးတည်ရှိပြီး ရေသန့်စက်ကြီး၏ ဘယ်ဖက်တွင် ဝိဇ္ဇာဇော်ဂျီ ဘုရားတည်ရှိသည်။ ဝိဇ္ဇာဇော်ဂျီ ဘုရားသည် ဘုရားလှိုဏ်ဂူတော် အပေါ်တွင် ရေးချယ်ထားသော ကနုတ်ပန်းများနေရာ၌ ဇော်ဂျီပုံများကို တွေ့ရပေလိမ့်မည်။

အံ့ဖွယ် (၃) - ရှင်စောပု ဘုရား

မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ဘုရားဖြစ်သည်။

အံ့ဖွယ် (၄) - ဆံတော်တွင်း ရုပ်ပွားတော်

သောကြာဒေါင့် ဒဂုံဒေါ်ခင်ခင်လေး အဆောက်အဦးနှင့် မျက်နှာခြင်းဆိုင်တွင် တည်ရှိသည်။ တန်ဆောင်းထဲတွင် နဂါး၊ မနုဿီဟပုံများနှင့် ငုံပြီး တည်ထားသော နေရာမှာ လှိုဏ်ဂူ ရှိသည်။ ထိုလှိုဏ်ဂူထဲမှာ ဧရာဝတီမြစ် ရေကြောနှင့် ဆက်စပ်နေသော ရေစီးကြောင်း ရှိသောကြောင့် ဧရာ၀တီမြစ် ရေတက်ရေကျ အတိုင်း အထဲက ရေစီးကြောင်းကလည်း အတက်အကျရှိသည်ဟု သိရသည်။ ဆံတော်တွေ ဋ္ဌာပနာခါနီးမှာ ဒီရေစီးကြောင်းက ရေများနှင့် ဆေးခဲ့သည်ဟု မှတ်တမ်းမှာ ဖော်ပြထားသည်။

အံ့ဖွယ် (၅) - ရှင်အဇ္ဇဂေါဏ ဘုရား

ရှင်အဇ္ဖဂေါဏ ဆိုသည်မှာ ပုဂံရာဇဝင်မှ ဖိုထိုးတာ မအောင်၍ ပေးထားသော ကတိအတိုင်း မျက်လုံး နှစ်ဖက် ဖောက်ထုတ်ပြီး ဓာတ်လုံးကို မစင်တွင်းထဲ လွှင့်ပစ်လိုက်လေသည်။ ဓာတ်လုံးသည် မစင်နှင့် ဓာတ်ပြုပြီး ဓာတ်လုံးအောင်သွား၍ ဆုံးရှုံးသွားသော မျက်လုံး နှစ်လုံးကို ဈေးမှာ အစားသွားဝယ်ခိုင်းလိုက်သည်။ ဈေးကွဲချိန်ဖြစ်၍ ရသည့် မျက်လုံးက ဆိတ် မျက်လုံးတစ်ဖက်၊ နွားမျက်လုံး တစ်ဖက်သာ ရခဲ့သည်။ ရသည့် မျက်လုံး နှစ်လုံးကို အစားပြန်တပ်သောအခါ အဇ္ဖ=ဆိတ် ၊ ဂေါဏ =နွား ဟု အမည်တွင်သွားခဲ့သည်ဟု ဆိုပေသည်။

အံ့ဖွယ် (၆) - ဘိုးဘိုးအောင် ဂူဘုရား

ရှင်အဇ္ဇဂေါဏ တန်ဆောင်း၏ ညာဘက်တွင် ဘိုးဘိုးအောင် ဂူဘုရား တည်ရှိသည်။

အံ့ဖွယ် (၇) - ရှင်မထီးဘုရား

နောင်တော်ကြီးစေတီတော်ရဲ့ မြောက်ဘက်အာရုံခံတန်ဆောင်းတွင်းတွင် တည်ရှိသည်။

အံ့ဖွယ် (၈) - လက်ပက်လက်ဘုရား

အရှေ့ဘက် အာရုံခံတန်ဆောင်းတွင်းတွင် တည်ရှိပြီး ကကုသန်မြတ်စွာဘုရားရှင် ရုပ်ပွားတော်ဖြစ်သည်။

အံ့ဖွယ် (၉) - ပြဒါးရှင် ဘုရား

အင်္ဂါထောင့်ရှိ စေတီငယ်တစ်ဆူရဲ့ မုခ်အတွင်း စံပယ်နေသည်။

ကိုးကား

Tags:

၉ပါး ရွှေတိဂုံ၏ အံ့ဖွယ် ရွှေတိဂုံ စေတီတော်၏ အံ့ဖွယ် (၉)ပါး၉ပါး ရွှေတိဂုံ၏ အံ့ဖွယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

မဟာစန္ဒာမုနိဘုရားစက္ကူပန်းသဗ္ဗမင်္ဂလာဂါထာတော်ရာသီခွင်နန္ဒမာလာဘိဝံသရာမာယဏဧဝရတ်တောင်နင်ဂျာကစားခြင်းဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရမက်ပုပ္ပါးတောင်ကလပ်ရွှေဝါရောင် တော်လှန်ရေးရခိုင်ပြည်တပ်မတော်မုသာဝါဒအင်္ဂလိပ်-မြန်မာ စစ်ပွဲများတီဘီရောဂါမြန်မာနိုင်ငံတွင်း စီအိုင်အေ၏ လှုပ်ရှားမှုများမြန်မာအမျိုးသမီးများနေ့လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များပရိတ်ကြီး ၁၁ သုတ်မင်္ဂလာတရား ၃၈-ပါးတပင်ရွှေထီးဓာရဏပရိတ်သီလနေတိုး (ရုပ်ရှင်သရုပ်ဆောင်)မိုဟာမက်ရာသီဥတုပြောင်းလဲမှုကာမိုင်းမြို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မြန်မာတိုင်းရင်းသားမျိုးနွယ်များညောင်ရေသွန်းပွဲပန်းဆယ်မျိုးမိုးလေဝသကျော်ဟိန်းဇီဇဝါသွား(လူ)ရန်ကုန်တိုင်းဒေသကြီးမြန်မာအက္ခရာသမိုင်းဝိသုဒ္ဓိသမုဒ္ဒရာအဆိပ်ပစ္စဝေက္ခဏာဆင်ခြင်ခြင်းသာသနာ သက္ကရာဇ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံသာဓုကန်စေတီတော်တောင်ငူမြို့တမာပင်XVideosသန္ဓေတားဆေးပထမ ကမ္ဘာစစ်အတ္တာဟိ အတ္တနော နာထောမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထိုင်းဘာသာစကားကရင် အမျိုးသား အစည်းအရုံးအီရန်နိုင်ငံငါးခူကုန်းဘောင်မင်းဆက်မောရသုတ်ကလောမြို့နောင်ချိုမြို့နယ်မိုးဟေကိုဗုဒ္ဓဘာသာဂျာနယ်ကျော် မမလေးနိဗ္ဗာန်ကီလိုမီတာကဆုန်လပြည့် ဗုဒ္ဓနေ့ဘဝင်စိတ်နိရောဓသစ္စာမြန်မာစာရေးဆရာများ စာရင်းမုန့်လက်ဆောင်းငါး (တိရစ္ဆာန်)မြောက်ကျွန်းဇော်ဂျီ (စာရေးဆရာ)ဘိုးမင်းခေါင်ချင်းလူမျိုးသိဒ္ဓတ္ထမင်းသား🡆 More