ဖူးခက်: ထိုင်းနိုင်ငံ ကျွန်း၏ မြို့တော်

ဖူးခက် ( /puːˈkɛt/ poo-KET ; ထိုင်း: ภูเก็ต အသံထွက် ) သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်း၏ အရှေ့တောင်ဘက်ရှိ မြို့ဖြစ်သည်။ ဖူးခက်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ၂၀၀၇ ခု စာရင်းအရ အမြဲတမ်းနေထိုင်သူ ၇၅၅၇၃ ယောက် ရှိတယ်။ ခရိုင်ခွဲများမှာ တလက်ရိုင် (ထိုင်း: ตลาดใหญ่)၊ တလက်မွေ (ထိုင်း: ตลาดเหนือ)၊ မြွံဖူးခက် (Mueang Phuket) တို့ ဖြစ်သည်။

ဖူးခက်
ภูเก็ต
City Municipality
ဖူးခက် မြို့တော်
เทศบาลนครภูเก็ต
ဖူးခက်
ဖူးခက်
ဖူးခက်၏ တံဆိပ်တုံး
စည်းတံဆိပ်
ဖူးခက် သည် ထိုင်းနိုင်ငံ တွင် တည်ရှိသည်
ဖူးခက်
ဖူးခက်
ထိုင်းနိုင်ငံမှ နေရာ
ကိုဩဒိနိတ်: 7°53′17″N 98°23′51″E / 7.88806°N 98.39750°E / 7.88806; 98.39750
Countryထိုင်းနိုင်ငံ
Provinceဖူးခက်ပြည်နယ်
Districtမြွံဖူးခက်ခရိုင်
အစိုးရ
 • အမျိုးအစားမြို့တော်စည်ပင်
 • မြို့တော်ဝန်Somjai Suwansupana
ဧရိယာ
 • City Municipality၁၂ စတုရန်းကီလိုမီတာ (၅ စတုရန်းမိုင်)
 • မြို့ပြကြီး၂၂၄ စတုရန်းကီလိုမီတာ (၈၆ စတုရန်းမိုင်)
လူဦးရေ (2007)
 • City Municipality၇၅,၅၇၃
 • သိပ်သည်းမှု၆၃၀၀/km (၁၆၀၀၀/sq mi)
 • မြို့ပြကြီး၂၃၀,၀၀၀
အချိန်ဇုန်ICT (UTC+7)
Area code(+66) 12
Geocode8399
ဝက်ဘ်ဆိုဒ်phuketcity.go.th

နောက်ခံသမိုင်း

ဖူးခက်: နောက်ခံသမိုင်း, ယဉ်ကျေးမှု, သယ်ယူပို့ဆောင်ရေး 
ဖူးခက်ရင်ပြင်

ဖူးခက်သည် ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး မြို့တမြို့ ဖြစ်သည်။ [ကိုးကားချက်လိုသည်] မလေးကျွန်းဆွယ်မှ ရွှေ့ပြောင်းတရုတ်တို့ ဦးစွာခြေချသော အရေးပါသည့် ဆိပ်ကမ်းဖြစ်ခဲ့သည်။ ၂၀၀၄ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မြို့အဆင့် (ထိုင်း: เทศบาลนคร) သို့ မြှင့်သည်။

ဖူးခက်ရှိ အဆောက်အအုံဟောင်းများက ယခင် မြို့ပြအဆင့်အတန်းကို ပြသည်။ ကျွန်းပေါ်၌ သွပ်တူးခြင်းကို အဓိကလုပ်ကိုင်စဉ်က တည်ခဲ့သော အဆောက်အဦများ ဖြစ်သည်။ စိနို-ပေါ်တူဂီခေါ်သော ဗိသုကာပုံစံသည် တရုတ်ခေတ်သစ်နှင့် ဥရောပဟန်ပန် ရေသော ပုံစံမျိုး ဖြစ်သည်။ ထိုဗိသုကာပုံစံသုံး အဆောက်အဦမှာ ကျဉ်းသော ရှေ့မျက်နှာစာကို ကာမိရန် ခပ်ရှည်ရှည်ဆောက်ထားသော တထပ် (သို့) နှစ်ထပ်တိုက်များ ဖြစ်သည်။ တံခါးများ၊ ဖောက်ထားသည့် ပြတင်းပေါက်များနှင့် အခြားအသေးစိတ်အချက်အလက်များအား တရုတ်နှင့် ဥရောပဟန်များ လွှမ်းသည်။ ဖူးခက်မြို့ဟောင်းသည် ၂.၇ ကီလိုမီတာပတ်လည် (ရိုင် ၂၁၀) ရှိသည်။ ကလန်း၊ ဖန်င၊ ရာဇိန္ဒ၊ ဒေးဘောက်၊ ကရဘီ၊ သက္ကဆတြီ၊ ဖူးခက်၊ ယောဝရပ်၊ စတွန်၊ ဆွိုင်ရမ္မနီ လမ်း ၁၀ လမ်းတို့ ရှိသော အဝန်းအဝိုင်းတွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် ပြည့်နှက်နေသည်။ ၂၀၁၉ ခုတွင် အနုပညာဦးစီးဌာန နှင့် ဖူးခက်ပြည်နယ် အာဏာပိုင်တို့က ဖူးခက်မြို့အား ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်သတ်မှတ်ရန် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ အဆိုပြုချက် တင်ရန် ပြင်နေသည်။

ယဉ်ကျေးမှု

အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်သည်။ မြို့တွင်းရှိ ဘုရားစေတီများသည်လည်း ပြည်တွင်းနှင့် ပြည်ပမှာ ခရီးသွားတို့အတွက် စိတ်ဝင်စားဖွယ် လည်စရာ ဖြစ်သည်။ လမ်းဘေးဝဲယာတွင် ဂန္နယာနှင့် ဗြဟ္မာတို့၏ ရုပ်တုများကို သရုပ်ဖော်ထားသော ဟိန္ဒူဘုရားကျောင်းများကိုလည်း တွေ့နိုင်သည်။

သယ်ယူပို့ဆောင်ရေး

ဖူးခက်: နောက်ခံသမိုင်း, ယဉ်ကျေးမှု, သယ်ယူပို့ဆောင်ရေး 
ဖူးခက်နိုင်ငံတကာလေဆိပ်

ညီအစ်မမြို့ကြီးများ

  • အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လာ့ဗီးဂတ်
  • မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဂျော့တောင်း

ဓာတ်ပုံများ

ကိုးကား

ပြင်ပလင့်များ

  • ဖူးခက်: နောက်ခံသမိုင်း, ယဉ်ကျေးမှု, သယ်ယူပို့ဆောင်ရေး  Wikivoyage ရှိ Phuket Town သို့ ခရီးသွားလမ်းညွှန်များ

Tags:

ဖူးခက် နောက်ခံသမိုင်းဖူးခက် ယဉ်ကျေးမှုဖူးခက် သယ်ယူပို့ဆောင်ရေးဖူးခက် ညီအစ်မမြို့ကြီးများဖူးခက် ဓာတ်ပုံများဖူးခက် ကိုးကားဖူးခက် ပြင်ပလင့်များဖူးခက်ထိုင်းနိုင်ငံထိုင်းဘာသာစကားဝီကီပီးဒီးယား:IPA for English

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်းလေးကန်ဆီးချိုရောဂါအောင်လင်းဒွေးမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများရေကြက်စွယ်တော်ပင်သဗ္ဗညုဘုရား(ပုဂံ)Rဇာနည်ဂျူး (စာရေးဆရာမ)အဘိဓမ္မာပိဋကတ်မုတ်သုန်ကျိုက်ထီးရိုးဘုရားရှမ်းပြည်တပ်မတော်စီးပွားရေးလုပ်ငန်း အမျိုးအစားများခင်ပွန်းကြီးဆယ်ပါးခွေးရူးပြန်ရောဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံငါးမျိုးစိတ်များ စာရင်းသရေခေတ္တရာဆူခွိုင်း ၃၀အင်္ဂလိပ်ဘာသာစကားကြာဆံဝါဆိုလပြည့်နေ့တို့ဗမာအစည်းအရုံးလိင်စိတ်ဆွခြင်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရွှေစာရံ စေတီတော် (မန္တလေး)အောင်လအန်ဆန်းလား (တိရစ္ဆာန်)သိပ္ပံမောင်ဝသီပေါမင်းမြထွန်းဦးမောရသုတ်ပြည်ထဲရေး ဝန်ကြီးဌာနဘိန်းနည်းပညာကစားခုန်စားခြင်းဝတ်မှုန်ရွှေရည်မြန်မာအက္ခရာသမိုင်းပုလွေမှုတ်ခြင်းပေါက်မြို့နယ်ကဆုန်လပြည့် ဗုဒ္ဓနေ့ဓဇဂ္ဂသုတ်ထိုင်းနိုင်ငံအောင်သူ (ဘောလုံးသမား)ကျိုက်ထိုမြို့ကုလသမဂ္ဂမင်္ဂလသုတ်ခရေပင်သီတဂူဆရာတော်သင်္ဂါယနာဘဲဉာဏ်ရည်တုလိင်မှတဆင့် ကူးစက်တတ်သော ရောဂါကိုယ်ကျင့်တရားမြန်မာနိုင်ငံမိုးကုတ်တရားစိုးဝင်း၊ ဗိုလ်ချုပ်ကြီးနေဝင်း (ဗိုလ်ချုပ်ကြီး)ဝေလနိုင်ငံဘဲ (မျိုးစု)သံဃာဂုဏ်တော်အောက်ချင်းငှက်ဟင်္သာတမြို့နယူတန်သံလွင်မြစ်တပ်မဟာ၉၉၉ပျူမြို့ပြနိုင်ငံများနတ် (ဝိညာဉ်)ငှက်မုန့်လုံးရေပေါ်စိန်သမ္ဗုဒ္ဓေနာဂစ်မုန်တိုင်းအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်🡆 More