ကိုယ်ကျင့်တရား

ကိုယ်ကျင့်တရား (Morality) သည် လူတို့တွင် မရှိမဖြစ်လိုအပ်သော ဂုဏ်တစ်ရပ် ဖြစ်သည်။ ကိုယ်ကျင့်သီလကောင်းခြင်းသည် အကောင်းဆုံးဝါဒဖြစ်သည်။ လူသားတိုင်း ရိုးသားဖြောင့်မတ်စွာကျင့်ကြံရာ၏။ လူသားတိုင်း ရိုးသားဖြောင့်မတ်ရန် ကိုယ်ကျင့်တရားကောင်းရန် အရေးကြီး၏။ ကိုယ်ကျင့်တရားသည် ကောင်းကျိုးအားလုံး၏ အရင်းခံ ရေသောက်မြစ်ကြီးဖြစ်သည်။ ကောင်းရာ သုဂတိဘဝသို့ ပို့ဆောင်ပေးနိုင်သော အထူးယာဉ်ကြီးလည်း ဖြစ်သည်။ မျက်မှောက်သံသရာ နှစ်ဖြာသော ဘဝအတွက် အရိပ်ပမာ အမြဲလိုက်ပါလျက် အကျိုးဆောင် မိတ်ကောင်းမိတ်စစ် ဖြစ်သည်။ အလှတိုးစေနိုင်သော အဆင်းတန်ဆာကောင်းလည်း ဖြစ်သည်။ ကိုယ်နှုတ်ကိုယဉ်ကျေးအောင်ထိန်းကွပ်ပေးသော သက်ဆိုင်ရာကျင့်ဝတ်သီလများကို ကိုယ်ကျင့်တရား ဟု ခေါ်သည်။ ကိုယ်ကျင့်တရားသည် လူတစ်ယောက်နေ့စဉ်ပြုကျင့်သည် အပြုအမူ၊ အကျင့်စရိုက်၊ အကျင့်စာရိတ္တ၊ ကျင့်ဝတ္တရား၊ အလေ့အထ စသည်တို့ဖြစ်သည်။ ...ကိုယ်ကျင့်တရားရှိမှ ယဉ်ကျေးသူဖြစ်မည်။ ...အများချစ်ခင်လေးစားမည်။ ...မိမိကိုယ်တိုင်လည်း စိတ်ချမ်းသာမည်...

ဟု မြို့မ-မြင့်ကြွယ် က မှတ်ချက်ပြုသည်။ အထူး အောင်မြင်ကျော်ကြားသော ခေါင်းဆောင်ဆရာကြီးများ အမြင့်ဆုံးသော အတိုင်းအတာတစ်ခု အထိ ရောက်သွားသည့်အခါ ရုတ်တရက် ဆုံးရှုံးပြိုလဲသွားခြင်းမျိုး သတိပြုမိကြပါလိမ့်မည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ ကိုယ်ကျင့်တရား ကြောင့် ဖြစ်သည်။ ချမ်းသာကြယ်ဝခြင်း ဆုံးရှုံးသည့်အခါ ဘာမှ ဆုံးရှုံးမှုမရှိပါ။ ကျန်းမာရေး ဆုံးရှုံးသည့်အခါ တစ်စုံတစ်ခုကို ဆုံးရှုံးပါသည်။ ကိုယ်ကျင့်တရားဆုံးရှုံးပျက်စီးသည့်အခါ ဘဝတစ်ခုလုံး ဆုံးရှုံးသည်။ ... ဟု အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီး က ဤသို့ ဆိုခဲ့ဖူးပါသည်။ စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး စသော ကောင်းကျိုးသီးပွင့်များ ဖြစ်ရခြင်းသည် ကိုယ်ကျင့်တရားမှ အခြေခံခဲ့သည်။ ကိုယ်ကျင့်သီလကောင်းခြင်း SILA သည် ဗုဒ္ဓဘာသာ တွင် လွန်စွာအရေးကြီးသော အရည်အချင်းတစ်ရပ်လည်းဖြစ်သည်။ သီလ ဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊နှုတ်၊စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပာယ်ရသည်။ Sīla is one of the three practices foundational to Buddhism and the non-sectarian Vipassana movement — sila, samadhi, and panna as well as the Theravada foundations of sīla, dana, and bhavana. ကိုယ်ကျင့်သီလ ကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာသုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်သည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါး တွင်လည်း သီလပါရမီ သည် တစ်ခုအပါအဝင်ဖြစ်သည်။ နူးညံ့သိမ်မွေ့သောလူတစ်ယောက်ဖြစ်လာ၏။ ကောင်းသောအသက်မွေးခြင်း ဖြင့်လည်း နေထိုင်တတ်လာ၏။ ထိုသို့ ကိုယ်ကျင့်သီလကောင်းများရှိလာသည့်အတွက်လည်း မိမိ၏ကိုယ်ကျင့်သီလကောင်းများကို ယုံကြည်လေးစားတန်ဖိုးထားကာ မိမိ၏ ပတ်ဝန်းကျင်ရှိ သူတို့ကလည်း အတုလိုက်နေထိုင်လာကြလျှင် မိမိကြောင့် ပတ်ဝန်းကျင်ရှိ သူတကာတို့ အကျင့်ကောင်းများ အတုလိုက်၍ ကျင့်ကြံနိုင်လာကြပေမည်။ ကိုယ်ကျင့်သီလ ကောင်းသူတို့ အချင်းချင်း ပေါင်းဖော်လုပ်ကိုင်ဆောင်ရွက်ကြရသော မည်သည့်လုပ်ငန်းဖြစ်စေ အောင်မြင် ကြီးပွား အကျိုးများသည်သာဖြစ်ချေသည်။ ဒါန သီလ ဘာဝနာ သုံးပါးတို့တွင် သီလသည် ကုသိုလ်တရားအားလုံးတို့၏ အစဖြစ်၍ သီလကို ရှေးဦးစွာ လုံခြုံစေပြီးမှသာ ကျန်ကုသိုလ်များကို ပြုရသည့်အတွက် ကုသိုလ်အားလုံးတွင် “ကိုယ်ကျင့်တရား (သီလ) သည်သာ ပဓာန” ဖြစ်သည်။

ကျမ်းကိုး

Tags:

ဗုဒ္ဓဘာသာမြင့်ကြွယ်၊ မြို့မ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဝီကီသလင်းကျောက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ထိုင်းလူမျိုးမှန်လုံအိမ်ဓာတ်ငွေ့တရုတ်အနော်ရထာမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းသဇင်ပန်းအာဋာနာဋိယသုတ်ဘိုးမင်းခေါင်တောင်ရိုးလူမျိုးဝါကျလူထုဦးလှမင်းသုဝဏ်နပိုလီယန်နိုင်ငံရေးယေရှု ခရစ်တော်မင်္ဂလာအောင်မောင်းလက်ဖက်နိဗ္ဗာန်ဣန္ဒြေ၂၇ မတ်စမရတုရက္ခိုင့်တပ်တော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထားနေပြည်တော်တိုင်းစစ်ဌာနချုပ်ကရင်ပြည်နယ်ပုသိမ်မြို့ဒုလ္လဘတရားငါးပါးခြင်းလုံးပုဗ္ဗဏှသုတ်တပ်မတော်နေ့မောင်စစ်အေးတိုက်ပွဲကျော်ဟိန်းတေလာ ဆွစ်ဖ်အေ (အက္ခရာ)ကထိုင်းနိုင်ငံရာသီအလိုက်ပွင့်သောပန်းများဘားအံမြို့ဒေါပုံမြို့နယ်ကုန်းဘောင်ခေတ်လများ (အချိန်အတိုင်းအတာ)ဘာသာစကားအာဟာရဓာတ်များမိုင်းလားမြို့မြောင်လူမျိုးပဒေသရာဇ်စနစ်နေ့နံသမ္ဗုဒ္ဓေတိုင်းစစ်ဌာနချုပ်ပန်ထွာဘုရင်မခန္ဓာငါးပါးအသည်းရောင် အသားဝါ ရောဂါ စီပိုးသံလွင်မြစ်ကျော်သူ၂၀၁၅မြွေမြန်မာနိုင်ငံရှိ ခရိုင်များသံဃာဂုဏ်တော်ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကမ္ဘာ့အထိမ်းအမှတ်နေ့ပြည်သူ့ခုခံတော်လှန်စစ်တောင်ကိုရီးယားနိုင်ငံပိုက်သာဂိုရ သီအိုရမ်အချိန်ရှမ်းလူမျိုးနဝရတ် ကိုးပါးဥရောပသစ်ပင်ကုလားအုတ်ဆမ်ဆောင်းပရိမိတ္တဇာလသုတ်🡆 More