ကုလသမဂ္ဂ (အင်္ဂလိပ်: United Nations) သည် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃) နိုင်ငံရှိပြီး အဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ဖွဲ့စည်းထားသည်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများပြ မြေပုံ | |
ဌာနချုပ် | နယူးယောက်မြို့ (International territory) |
ရုံးသုံးဘာသာစကားများ | |
အမျိုးအစား | Intergovernmental organization |
အဖွဲ့ဝင် | အဖွဲ့ဝင် ၁၉၃ နိုင်ငံ လေ့လာစောင့်ကြည့်သူ ၂ နိုင်ငံ |
ဦးဆောင်သူများ | |
အန်တိုနီရို ဂူတာရက်စ် | |
• ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် | အမီနာ မိုဟာမက် |
• အထွေထွေညီလာခံ ဥက္ကဋ္ဌ | ပီတာ သွန်မဆင် |
• စီးပွားရေးနှင့် လူမှုရေးကောင်စီ ဥက္ကဋ္ဌ | Frederick Musiiwa Makamure Shava |
• လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ | Elbio Rosselli |
တည်ထောင် | |
• ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုး | ၂၆ ဇွန် ၁၉၄၅ |
• Charter entered into force | ၂၄ အောက်တိုဘာ ၁၉၄၅ |
ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ သမိုင်းအမွေကို ဆက်ခံသော အဖွဲ့ကြီး ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) ဟူသော အမည်သည် ၁၉၄၂ ခုနှစ်၊ ကုလသမဂ္ဂ ကြေညာစာတမ်း (Declaration By United Nations) တွင် [[ဝင်စတန်ချာတန်] နှင့် ရုစဗဲ့ကာစင်တို့က စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ဧပြီ (၂၅) တွင် ကုလသမဂ္ဂ ညီလာခံကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၅၀) တက်ရောက်ခဲ့ကြကာ ကုလသမဂ္ဂ ကြေညာစာတမ်း (Carter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြသည်။ ၁၉၄၅ အောက်တိုဘာ (၂၄) တွင် ကုလသမဂ္ဂ အမည်ဖြင့် တရားဝင် ပေါ်ထွန်းခဲ့ပြီး ပြင်သစ်၊ တရုတ်၊ ဆိုဗီယက်၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံ (၅) နိုင်ငံသည် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်လာကာ အခြား နိုင်ငံ (၄၆) နိုင်ငံလည်း ပါဝင်ခဲ့သည်။ ပထမဆုံး အထွေထွေ ညီလာခံကို ၁၉၄၆ ဇန်နဝါရီတွင် လန်ဒန်မြို့၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ (၅၁) နိုင်ငံ တက်ရောက်ခဲ့ကြ ပြီးအောင်ဆန်းအက်တလီစာချုပ်ကို ကျောက်စာ ရေးထိုး ဂတိ ပြုခဲ့ ကြ သည်။။။။
၁၄ ဇူလိုင် ၂၀၁၁ ခုနှစ်တွင် တောင်ဆူဒန်နိုင်ငံမှ ၁၉၃ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂသို့ ဝင်လာခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများ | ထည့်ဝင်မှု (% of UN budget) |
---|---|
အမေရိကန် | ၂၂.၀၀၀ |
တရုတ် | ၁၂.၀၀၅ |
ဂျပန် | ၈.၅၆၄ |
ဂျာမနီ | ၆.၀၉၀ |
ယူနိုက်တက်ကင်းဒမ်း | ၄.၅၆၇ |
ပြင်သစ် | ၄.၄၂၇ |
အီတလီ | ၃.၃၀၇ |
ဘရာဇီး | ၂.၉၄၈ |
ကနေဒါ | ၂.၇၃၄ |
ရုရှား | ၂.၄၀၅ |
တောင်ကိုရီးယား | ၂.၂၆၇ |
ဩစတြေးလျ | ၂.၂၁၀ |
စပိန် | ၂.၁၄၆ |
တူရကီ | ၁.၃၇၁ |
နယ်သာလန် | ၁.၃၅၆ |
မက္ကဆီကို | ၁.၂၉၂ |
ဆော်ဒီအာရေဗျ | ၁.၁၇၂ |
ဆွစ်ဇာလန် | ၁.၁၅၁ |
အာဂျင်တီးနား | ၀.၉၁၅ |
ဆွီဒင် | ၀.၉၀၆ |
အိန္ဒိယ | ၀.၈၃၄ |
ဘယ်လ်ဂျီယမ် | ၀.၈၂၁ |
ပိုလန် | ၀.၈၀၂ |
အယ်လ်ဂျီးရီးယား | ၀.၇၈၈ |
နော်ဝေ | ၀.၇၅၄ |
အခြား အဖွဲ့ဝင်နိုင်ငံများ | ၁၂.၁၆၈ |
ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများမှ အချိုးကျ ထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ရပ်တည်သည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် ရန်ပုံငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ (၄.၁၉) ဘီလီယံ ခန့် ရှိသည်။ အဓိက အသုံးစရိတ်များသည် ကုလသမဂ္ဂ၏ အဓိက လုပ်ငန်းဖြစ်သော လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် အသုံးပြုသည်။ ၂၀၀၅ - ၀၆ ဘဏ္ဍာနှစ်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့် ရှိသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဦးဆောင် ကျင်းပသူဖြစ်ပြီး ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ခေါင်းဆောင်လည်း ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်ကို မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ထောက်ခံမှုဖြင့် အထွေထွေညီလာခံက အတည်ပြုခြင်း ဖြစ်သည်။ မဲပေးရာတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတိုင်းက မဲပေးခွင့် ရှိသည်။
ဤ ကုလသမဂ္ဂနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ဤ အဖွဲ့အစည်းနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article ကုလသမဂ္ဂ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.