သတိပဋ္ဌာန်

သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပာယ်ရသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် သတိစေတသိက်တပါးတည်း ဖြစ်သော်လည်း အာရုံ (၄) မျိုး၊ ပယ်ခွာခြင်းကိစ္စ (၄) မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် (၄) မျိုး ပြားရခြင်း ဖြစ်သည်။

၎င်းတို့မှာ

  1. ကာယာနုပဿနာ သတိပဋ္ဌာန် - ထွက်သက်ဝင်သက်အစရှိသော ကိုယ်အင်္ဂါအစု၌ အရှူအမြင် အထင်စွဲမြဲသော သတိတရား။
  2. ဝေဒနာနုပဿနာ သတိပဋ္ဌာန် - သုခ ဒုက္ခစသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။
  3. စိတ္တာနုပဿနာ သတိပဋ္ဌာန် - သရာဂ, သဒေါသ စသော စိတ်အစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။
  4. ဓမ္မာနုပဿနာ သတိပဋ္ဌာန် - ကာမစ္ဆန္ဒ စသောဓမ္မအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။

တို့ဖြစ်သည်။

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော (၃၂) ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းဖြစ်သည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်၊ လိပ်ပြာ၊ ဝိညာဏ်) ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသ (အတ္တရှိ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အာဋာနာဋိယသုတ်ရန်ကုန်တိုင်းဒေသကြီးပြဇာတ်နှလုံးသွေးကြောကျဉ်းရောဂါပုပ္ပါးတောင်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များမြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းတွံတေးသိန်းတန်ကျန်းမာရေး ဝန်ကြီးဌာနကွန်မြူနစ်ဝါဒသမ္မာကျမ်းစာမြိတ်မြို့ရက္ခိုင့်တပ်တော်လင်ခန်းမယားခန်း ပြတ်စဲခြင်းသိမ်းငှက်ကြေးမုံ သတင်းစာမျိုးကြီးအာဆီယံထိပ်သီးအစည်းအဝေးဂျိုးဇတ် စတာလင်နတ်ဆူခွိုင်း ၃၀တွံတေးမြို့ကချင်လွတ်မြောက်ရေးတပ်မတော်နတ်ပင့်ဂါထာနွေရာသီခြင်းလုံး ကစားခြင်းကမ္ဘာ့အလုပ်သမားနေ့အင်္ဂလိပ်ဘာသာစကားမြန်မာနိုင်ငံ၏ ရပ်ကွက်များတပင်ရွှေထီးထန်းပင်ရွှေတိဂုံစေတီတော်ကထိန်မိုးလေဝသလိင်တူစုံမက်ခြင်းဂုဏ်ဆယ်ပါးရသတပ်မဟာ၉၉၉ရွှေဘိုမြို့အမေရိကန်ပြည်ထောင်စုလိင်စိတ် နိုးထခြင်းသရေခေတ္တရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအောင်ချိမ့်အဖြူဆင်းခြင်းဗေဒင်ကုလသမဂ္ဂစိုးလွင်လွင်ဖူးခက်လူသားတစ်ဦး၏လိင်တံအရွယ်အစားကောသလမင်း အိပ်မက် (၁၆)ချက်ဗဒင်ဝိနည်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်အရေပြားလေးဘက်နာရောဂါပြည်သူ့ကာကွယ်ရေးတပ်မတော်စိတ်ရခိုင်ပြည်နယ်မြန်မာနိုင်ငံ၏ လူဦးရေဓူဝံကြယ်ကျုံးထားဝယ်လူမျိုးဖင်လန်နိုင်ငံမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့အင်္ဂါဂြိုဟ်ဖေ့စ်ဘွတ်ခ်လက်ဖက်မဟာရဋ္ဌသာရ၊ သျှင်ဘရူနိုင်းနိုင်ငံရှမ်းပြည်တပ်မတော်-တောင်ပိုင်းအပြင် ၃၇ မင်းမြန်မာနိုင်ငံ၏ အလံတော်🡆 More