အောင်ချိမ့် (၁၉၄၈–၉ ဩဂုတ် ၂၀၂၁) သည် မြန်မာနိုင်ငံသား ကဗျာဆရာဖြစ်သည်။ ခေတ်ပေါ်ကဗျာ(သို့) မော်ဒန်ကဗျာခေတ်ကို ဦးဆောင်ပုံဖော်ခဲ့သော ကဗျာဆရာများထဲမှ တစ်ယောက်ဖြစ်သည်။ အောင်ချိမ့်သည် မြန်မာကဗျာဆရာများအပေါ် ဩဇာလွှမ်းမိုးခဲ့သောကဗျာအများအပြားကိုရေးသားခဲ့သည်။
အောင်ချိမ့် | |
---|---|
မွေးဖွား | ကျော်သန်း ၁၉၄၈၊မေလတစ်ရက် ကျောက်မြောင်း၊ ရန်ကုန်မြို့ |
ကွယ်လွန် | ဩဂုတ် ၉၊ ၂၀၂၁ ရန်ကုန် | (အသက် ၇၂–၇၃)
အလုပ်အကိုင် | ကဗျာဆရာ |
ကျော်ကြားမှုအရင်းခံ | ခင်ခင်ပျို၊ ဂန္ထဝင်မမ |
အိမ်ထောင်ဖက်(များ) | ဒေါ်ညွန့်ညွန့်သိန်း |
မိဘ(များ) | ဦးဘအေး၊ ဒေါ်သန်း |
အောင်ချိမ့်ကို ၁၉၄၈ ခုတွင် မွေးဖွားခဲ့သည်။ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး စာပေသင်ယူခြင်းထက် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ကျောင်းသားလှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စား၍ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၆၄ခုနှစ်၊ အသက် (၁၆) နှစ်အရွယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်တွင်း(၁၅)လ နေခဲ့ရ၏ ။ တိုက်ပိတ်ခံရစဉ် ကာလများမှစ၍ ကဗျာများစတင်ရေးခဲ့သည်။
အောင်ချိမ့်သည် သုခမိန်လှိုင်(သိဒ္ဓတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေးအပါအဝင် အခြားသော ကဗျာဆရာများနှင့်အတူ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး တို့ (၃) ဦးရေးသားခဲ့သော သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်သည်။ အောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့မှာ ဂန္ထဝင်မမ (၁၉၇၄ တွင် ရေးသားခဲ့ပြီး ၁၉၇၇ တွင် ထုတ်ဝေ)၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာ၊ တောလား တို့ဖြစ်သည်။
အောင်ချိမ့်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ ည ၈ နာရီ ၊ ၁၂ မိနစ်တွင် ကွယ်လွန်ခဲ့သည်။
စဉ် | စာအုပ်အမည် | ထုတ်ဝေခုနှစ် | မှတ်ချက် |
---|---|---|---|
၁ | သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ | ၁၉၇၄ | (တရားမဝင်ထွက်ခဲ့) |
၂ | ဂန္ထဝင်မမ | ၁၉၇၉ | |
၃ | ဂန္ထဝင်မမ | ၁၉၉၃ | (ဒုတိယအကြိမ်) |
၄ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၁ | ၁၉၉၅ | |
၅ | သမိုင်းဖတ်စာ | ၂၀၀၂ | (မောင်ချောနွယ်နဲ့တွဲဖက်၍) |
၆ | ပြဇာတ်မင်းသား | ၂၀၀၃ | |
၇ | ဂန္ထဝင်မမ | ၂၀၀၃ | (တတိယအကြိမ်) |
၈ | ပုံပြောသူ | ၂၀၀၃ | |
၉ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၂ | ၂၀၀၅ | |
၁၀ | ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ | ၂၀၀၆ | |
၁၁ | အသည်းစွဲကဗျာဆရာ | ၂၀၀၈ | |
၁၂ | တောလား | ၂၀၁၀ | |
၁၃ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၃ | ၂၀၁၀ | |
၁၄ | ခင်ခင်ပျိုရေ စောင့်ခဲ့တယ် | ၂၀၁၁ | |
၁၅ | လူငယ်တစ်ယောက်အကြောင်း | ၂၀၁၂ | |
၁၆ | ပြည်သူလူထုအတွက် ငါ့ကဗျာကိုဖတ်ပါ... | ၂၀၁၃ | |
၁၇ | ကပ်ဖ်ကာသို့ | ၂၀၁၃ | |
၁၈ | ဆေးရှူတဲ့မောင် | ၂၀၁၃ | |
၁၉ | Cheimt & Chan | ၂၀၁၃ | (ပန်းချီချမ်းအေး၏ပန်းချီကားများနှင့် ကဗျာများပေါင်းစည်းခြင်း) |
၂၀ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၄ | ၂၀၁၄ | |
၂၁ | များများစားစား | ၂၀၁၄ | |
၂၂ | ငါ့စုဗူး | ၂၀၁၄ | |
၂၃ | ဂန္ထဝင်မမ | ၂၀၁၅ | (စတုတ္ထအကြိမ်) |
၂၄ | အန်တီ | ၂၀၁၅ | |
၂၅ | ကဗျာ ၁၂ ပုဒ် စုစည်းမှု ၅ | ၂၀၁၅ | |
၂၆ | ချစ်မိတ်ဆွေနှင့် အခြား | ၂၀၁၆ | |
၂၇ | သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ | ၂၀၁၆ | |
၂၈ | ကက်သလောက် | ၂၀၁၆ | (စကားပြေအရေးအသားများ) |
၂၉ | Cheimt & Chan ဒုတိယမ္ပိ | ၂၀၁၆ | (ပန်းချီချမ်းအေး၏ပန်းချီကားများနှင့် ကဗျာများပေါင်းစည်းခြင်း) |
၃၀ | ကဗျာတစ်ဦးတစ်ယောက်များ | ၂၀၁၆ | |
၃၁ | တစ္ဆေ | ၂၀၁၇ | |
၃၂ | သမိုင်းဆိုင်ရာ ရုပ်ဝါဒ | ၂၀၁၇ | |
၃၃ | စုစုပေါင်း (၁၈)ပုဒ် | ၂၀၁၇ | |
၃၄ | ယခုစာအုပ် | ၂၀၁၈ | |
၃၅ | ရိုမန့်တစ်ခေတ် | ၂၀၁၈ | |
၃၆ | ဂန္ထဝင်မမ | ၂၀၁၉ | (ပဉ္စမအကြိမ်) |
၃၇ | ကဗျာဆရာ | ၂၀၁၉ | |
၃၈ | ဇာတ်ခုံ | ၂၀၂၁ | |
၃၉ | ကဗျာတစ်ဦးတစ်ယောက်များ | ၂၀၂၂ | (ဒုတိယအကြိမ်) |
၄၁ | လူငယ်တစ်ယောက်အကြောင်း | ၂၀၂၂ | (ဒုတိယအကြိမ်) |
၄၀ | ကပ်ဖ်ကာသို့ | ၂၀၂၂ | (ဒုတိယအကြိမ်) |
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article အောင်ချိမ့်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.