အရေပြားလေးဘက်နာရောဂါ: တိုက်ခိုက်

Systemic lupus erythematosus (SLE) သို့မဟုတ် အရပ်အခေါ် lupus ကိုမြန်မာဘာသာဖြင့် အရေပြားလေးဘက်နာရောဂါဟု ခေါ်သည်။ အရေပြားလေးဘက်နာရောဂါသည် ခန္ဓာကိုယ်တွင်း အလိုအလျောက် ကိုယ်ခံအား (immune)ကိုထုတ်ပေးသောရောဂါတစ်မျိုး ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများရှိကျန်းမာသော တစ်ရှုးများအား ကိုယ်ခံအားစနစ်ကမှားယွင်းစွာ တိုက်ခိုင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကုန်ခြင်းဖြစ်သည်။ ရောဂါလက္ခဏာမှာ အနုစားမှ အရင့်စားထိ ကွဲပြားမှုရှိသည်။ အဖြစ်များဆုံးသော ရောဂါလက္ခဏာများတွင် အဆစ်အမြစ်များ နာကျင်ဖောယောင်ခြင်း၊ အဖျားရှိခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပါးစပ်တွင်း အနာများပေါက်ခြင်း၊ ပါးချိတ်ယောင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မျက်နှာပေါ်တွင် အရေပြားယားယံနီမြန်းခြင်းတို့ ပါဝင်သည်။

အရေပြားလေးဘက်နာရောဂါ
အရေပြားလေးဘက်နာရောဂါ: ရောဂါလက္ခဏာများ
ငရုတ်သီး တွင်တွေ့ရသော "လိပ်ပြာအဖုအပိန့်များ" ရှိသောအမျိုးသမီးငယ်
အသံထွက်
အထူးပြုဒူလာ

အရေပြားလေးဘက်နာရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကိုမူ ထင်ရှားရှင်းလင်းစွာ မသိကြရသေးပေ။ ဟိုမုန်း၊ ပတ်ဝန်းကျင်နှင့် မျိုးရိုးဗီဇများကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ အမွှာများတွင် တစ်ယောက်က အရေပြေားလေးဘက်နာရောဂါဖြစ်လျှင် အခြားတစ်ယောက်ပါ ၂၄ % ဖြစ်နိုင်ချေ ရှိသည်။ အမျိုးသမီးဟိုမုန်း၊ နေရောင်၊ ဆေးလိပ်သောက်ခြင်း၊ ဗီတာမင်ဒီ ချို့တဲ့ခြင်းနှင့် ကူးစက်ပိုးများဝင်ခြင်းကလည်း ရောဂါဖြစ်နိုင်စွမ်းကို ပိုတိုးမြင့်စေနိုင်သည်ဟု ယူဆကြသည်။ ရောဂါရှာဖွေခြင်းမှာ မလွယ်ကူပေ။ ရောဂါလက္ခဏာများနှင့် ဓာတ်ခွဲခန်းအဖြေများပေါင်းစပ်ကာ ရောဂါကို အမည်တပ်ရပေသည်။

အရေပြားလေးဘက်နာရောဂါကု ကုသရန် ဆေးမရှိပေ။ ခုခံအားကို လျော့စေသော၊ ထိန်းချုပ်သော ဆေးဝါးများဖြင့် ကုသနည်းများသာ ခန္ဓာကိုယ်တွင်း ခုခံအားတိုးမြင့်ခြင်းကို လျော့စေပြီး ရောဂါကို တိုးမလာအောင် ထိန်းထားနိုင်ပေသည်။ အရေပြားလေးဘက်နာရောဂါ ရှိသူများ၏ သက်တမ်းမှာ သာမန်ထက် တိုပါသည်။ သွေးလေးဘက်နာရောဂါသည် နှလုံးရောဂါဖြစ်နိုင်စေခြင်းကို မြင့်မားစေပြီး လူနာမှာ နှလုံးရောဂါဖြင့် ကွယ်လွန်တတ်ပေသည်။ ခေတ်မီကုထုံးများဖြင့် ကုသခြင်းဖြင့် လူနာ ၈၀ % မှာ သက်တမ်း ၁၅ နှစ်ကျော်ကြာ နေထိုင်နိုင်လာပြီ ဖြစ်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ရောဂါဖြစ်ပွားမှုနှုန်း ၉ ဆ ရှိသည်။ တိုးတက်ဆဲနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုနှုန်းကို သေချာစွာ မသိရသေးပေ။ Lupus သည် လက်တင်ဘာသာစကားဖြစ်ပြီး ဝံပုလွေဟု အဓိပ္ပာယ်ရသည်။ ၁၈ ရာစုခန့်က လူများက သွေးအရေပြားရောဂါကို ဝံပုလွေ ကိုက်ခံရ၍ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

ရောဂါလက္ခဏာများ

သွေးအရေပြားရောဂါ၏ လက္ခဏာများမှာ ဖျားနာခြင်းနှင့် ရောထွေးတတ်ပေသည်။ ရောဂါလက္ခဏာများမှာ များပြားသောကြောင့် ရောဂါကို ခန့်မှန်းရန် မလွယ်ကူပေ။ အချို့လူနာများမှာ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရောဂါလက္ခဏာကို မှန်းဆနိုင်ခြင်းမရှိနိုင်အောင် ရောဂါလက္ခဏာများမှာ ရှုပ်ထွေးပေသည်။ များသောအားဖြင့် နာဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းများကို ရောဂါလက္ခဏာများအဖြစ်တွေ့ရတတ်သည်။ ထိုလက္ခဏာများမှာ အခြားရောဂါလက္ခဏာများနှင့် ဆက်နွယ်မှုရှိနေခြင်းကြောင့် အရေပြားလေးဘက်နာရောဂါ၏ ရောဂါခန့်မှန်းခြင်းတွင် မပါဝင်ခြင်းကြောင့် ရှုပ်ထွေးရခြင်းဖြစ်သည်။ ယောက်ျားရော၊ မိန်းမမှာပါ သွေးအရေပြားရောဂါဖြစ်ပွားမှုရှိသော်လည်း ရောဂါလက္ခဏာများမှာ ခြားနားမှု ရှိသည်။

အရေပြား

အရေပြားလေးဘက်နာရောဂါရှိသူ ၇၀ % ခန့်တွင် အရေပြားနှင့်ပတ်သက်သော ပြဿနာများ ရှိတတ်ကြသည်။ အရေပြားလေးဘက်နာရောဂါရှိသူ ၃၀% မှ ၆၀% တွင် အရေပြားယားယံ အဖုအပိန့်ထွက်ခြင်းများ ဖြစ်တတ်ကြသည်။ ဆံပင်ကျွတ်ခြင်း၊ ခံတွင်းတွင်အနာများပေါက်ခြင်း၊ အမျိုးသမီးအင်္ဂါတွင် အနာများပေါက်ခြင်းကလည်း အခြားဖြစ်နိုင်ချေရှိသော လက္ခဏာများ ဖြစ်ကြသည်။

ကြွက်သားနှင့်အရိုးများ

အဓီကအားဖြင့် အရိုးအဆစ်များနာကျင်ခြင်း ဖြစ်သည်။ လက်နှင့် လက်ကောက်ဝတ်အဆစ်များတွင် သက်ရောက်မှု ရှိသော်လည်း အခြားအရိုးအဆစ်များတွင်ပါ နာကျင်ကိုက်ခဲခြင်း ဖြစ်စေနိုင်သည်။ အရေပြားလေးဘက်နာရောဂါ လူနာများ ၉၀ % မှာ ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းဖြစ်စေနိုင်သည်ဟု Lupus Foundation of America က ခန့်မှန်းပါသည်။ ငယ်ရွယ်သောအမျိုးသမီးများတွင် အရိုးပွခြင်းဖြစ်စေနိုင်သည်။

သွေး

သွေးအားနည်းခြင်းသည် အရေပြားလေးဘက်နာရောဂါရှိသူ ကလေးများတွင် အများဆုံးတွေ့ရသည်။

Tags:

အရေပြားလေးဘက်နာရောဂါ ရောဂါလက္ခဏာများအရေပြားလေးဘက်နာရောဂါ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကန်တော့ပလ္လင်ဘုရားပန်းသီးဟားခါးမြို့တူရကီနိုင်ငံတောင်တွင်းကြီးမြို့နယ်သီဟိုဠ်သရက်ပင်ဖဿပထမ အင်္ဂလိပ် - မြန်မာစစ်ဗိုလ်ချုပ်မှူးကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနငွေကိုင် (ပန်းချီဆရာ)ရုရှားနိုင်ငံမြန်မာနိုင်ငံ၏ ဒုတိယ သမ္မတမြန်မာနာမည်စကားထာဝန်ကြီးများရုံး (ရန်ကုန်)ဇီဝဗေဒစစ်တွေမြို့နေ့နံလောင်းကစားခြင်းရိုင်ဖယ်စာပေကျိုက်ထီးရိုးဘုရားအေ (အက္ခရာ)ဝဇီရ၊ ဘိုးစံကားဝါလှိုင်မြို့နယ်ဖက်ဒရယ်ပြည်ထောင်စုစနစ်မုန့်ဟင်းခါးတာချီလိတ်မြို့မြန်မာတိုင်းရင်းသားမျိုးနွယ်များကမ္ဘာ့အကြီးဆုံးစာအုပ်စစ်ကိုင်းပြတ်ရွေ့ကြောစကောကရင်ဘာသာစကားမင်းအောင်သီတင်းကျွတ်လအမျိုးသားစာပေဆုရစာအုပ်စာရင်းကြေးမုံ သတင်းစာအရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘီယာဒေါင်းအာရက္ခတပ်တော်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဆင်တုံးမနွယ်ပင်လီယွန်နယ် မက်ဆီမုံရွာမြို့ဆောက်လုပ်ရေး ဝန်ကြီးဌာနအရေပြားလေးဘက်နာရောဂါသဇင်ပန်းသံဃာဂုဏ်တော်ကိုယ်ဝန်ဖျက်ချခြင်းမိုးညိုမြို့ဂဠုန်ဦးစောနှစ်ဆန်းတစ်ရက်နေ့ကနေဒါနိုင်ငံသာရိပုတ္တရာထေရ်နိဝရဏတရားငါးပါးမုန့်လုံးရေပေါ်ဓမ္မရံကြီးဘုရားရက္ခိုင့်တပ်တော်စကားကြီး ဆယ်မျိုးမြန်မာ့သမိုင်းစိုးဝင်း၊ ဗိုလ်ချုပ်ကြီးသီတင်းကျွတ်လပြည့်နေ့ဆီးချိုရောဂါလက္ခဏာများရာသီဥတုရေငုပ်သင်္ဘောလိမ်လည်မှုသမ္မာကျမ်းစာအိုမန်နိုင်ငံပုဂံခေတ်စမူဆာဓားအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းဝင်းဦး🡆 More