ကျန်းမာရေး ဝန်ကြီးဌာန

ကျန်းမာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သည့် ဝန်ကြီးဌာန ဖြစ်သည်။ သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးဌာနှင့် အားကစား ဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နစကမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန
ကျန်းမာရေး ဝန်ကြီးဌာန မြန်မာအစိုးရအဖွဲ့အစည်း
Ministry of Health
ကျန်းမာရေး ဝန်ကြီးဌာန
ဝန်ကြီးဌာန အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၉၄၇
  • ၁ ဩဂုတ် ၂၀၂၁
ယခင်အဖွဲ့အစည်းကျန်းမာရေးဌာန
ဖျက်သိမ်းခြင်း
  • မေ ၂၅၊ ၂၀၁၆ (၂၀၁၆-၀၅-၂၅) (ပထမအကြိမ်)
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဒေါက်တာသက်ခိုင်ဝင်း
ဌာနခွဲများပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကုသရေးဦးစီးဌာန
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန
ဆေးသုတေသနဦးစီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ဝက်ဘ်ဆိုက်moh.gov.mm

ဝန်ကြီးများ

လွတ်လပ်ရေးမရမီကာလ

  1. ဦးလှမင်း (၁၉၄၃-၁၉၄၅)
  2. ပုဂံ ဦးဗဂျမ်း (၁၉၄၅-၁၉၄၇)

ဖဆပလအစိုးရ (၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ ၁၉၅၈ စက်တင်ဘာလထိ)

  1. ဦးအောင်ဇံဝေ
  2. ဦးခင်မောင်လတ်
  3. ဒေါက်တာစိန်ဘန်း
  4. ဦးဘစော
  5. ဦးလှမင်း

အိမ်စောင့်အစိုးရ (၁၉၅၈ နိုဝင်ဘာမှ ၁၉၆၀ ဖေဖော်ဝါရီလ ၆ ရက်ထိ)

  1. ဦးထွန်းတင် (၁၉၅၈-၁၉၆၀)

ပြည်ထောင်စုပါတီအစိုးရ (၁၉၆၀ ဖေဖော်ဝါရီမှ ၁၉၆၂ မတ် ၂ ရက်ထိ)

  1. မစ္စတာစူလတန်မာမွတ် (၁၉၆၀-၁၉၆၂)

တော်လှန်ရေးကောင်စီအစိုးရ (၁၉၆၂ မတ် ၂ ရက်မှ ၁၉၇၄ မတ် ၁ ရက်ထိ)

  1. ဗိုလ်မှူးချုပ်သန်းဖေ (၁၉၆၂)
  2. ဗိုလ်မှူးကြီးလှဟန် (၁၉၆၄-၁၉၇၄)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ (၁၉၇၄ မတ် ၂ ရက်မှ ၁၉၈၈ စက်တင်ဘာ ၁၇ ရက်ထိ)

  1. ဒေါက်တာလှဟန် (၁၉၇၄)
  2. ဦးကြည်မောင် (၁၉၇၄-၁၉၇၈)
  3. ဦးဝင်းမောင် (၁၉၇၈-၁၉၈၁)
  4. ဦးထွန်းဝေ (၁၉၈၁-၁၉၈၈)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှ ၁၉၉၇ နိုဝင်ဘာ ၁၄ ရက်ထိ)

  1. ဗိုလ်မှူးကြီးဖေသိန်း (၁၉၈၈-၁၉၉၃)
  2. ဒုတိယဗိုလ်ချုပ်ကြီးသန်းညွန့်(၁၉၉၃-၁၉၉၆)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇ နိုဝင်ဘာ ၁၅ ရက်မှ ၂၀၁၁ မတ် ၃၀ ရက်ထိ)

  1. ဦးစောထွန်း (၁၉၉၆-၁၉၉၇)
  2. ဗိုလ်ချုပ်ကတ်စိန် (၁၉၉၇-၂၀၀၃)
  3. ပါမောက္ခဒေါက်တာကျော်မြင့် (၂၀၀၃-၂၀၁၁)

ဦးသိန်းစိန် အစိုးရ (၂၀၁၁ မတ် ၃၁ မှ ၂၀၁၆ မတ် ၃၀ ထိ)

  1. ပါမောက္ခဒေါက်တာဖေသက်ခင် (၂၀၁၁ မတ် ၃၁ -၂၀၁၄ ဇူလိုင် ၂၉ )
  2. ဒေါက်တာသန်းအောင် (၂၀၁၄ ဩဂုတ် ၁-၂၀၁၆ မတ် ၃၀ )

ဦးထင်ကျော်/ဦးဝင်းမြင့် အစိုးရ (၂၀၁၆ မတ် ၃၁ မှ ၂၀၂၁ ဇန်နဝါရီ ၃၁ ထိ)

  1. ဒေါက်တာမြင့်ထွေး (၂၀၁၆ မတ် ၃၁ -၂၀၂၁ ဖေဖော်ဝါရီ ၁ )

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ လက်ရှိ)

  1. ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း (၂၀၂၁ဖေဖော်ဝါရီ ၁ရက်မှ လက်ရှိ )




ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားသည်။ ၎င်းဦးစီးဌာနများမှာ-

  1. ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  2. ကုသရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  3. ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန
  4. ဆေးသုတေသနဦးစီးဌာန
  5. တိုင်းရင်းဆေးပညာဦးစီးဌာန
  6. အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန လုပ်ငန်းများကို ယခင်က ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာန၌ တွဲဖက်ထားရှိသည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွဲ့စည်း၍ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကို တိုးချဲ့ကာ အားသွန်ဆောင်ရွက်လျက် ရှိသည်။

ဤဝန်ကြီးဌာနရှိ အတွင်းဝန်များအောက်တွင် ညွှန်ကြားရေးဝန် တစ်ဦးရှိသည်။ ထိုညွှန်ကြားရေးဝန်ကို ကူညီရန် ဒုတိယညွှန်ကြားရေးမှူးဝန် ၄ ဦး၊ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် လက်ထောက်ညွှန်ကြားရေးဝန်များ ထားရှိသည်။ မြို့နယ်တစ်ခုလျှင် ဆေးရုံတစ်ခုရှိရမည်ဆိုသော ပြည်တော်သာဆောင်ပုဒ်အရ နိုင်ငံတော်အစိုးရသည် ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ ဆေးပေးခန်းများကို အနှံ့အပြား ဖွင့်လှစ်လျက်ရှိသည်။ ၁၉၅၂ ခုနှစ်တွင် ဆေးရုံပေါင်း ၂၁၄ ရုံရှိ၍ ဆေးပေးခန်းပေါင်း ၁၂၁ ခန်း ရှိလေသည်။ ထိုဆေးရုံများအပြင် စိတ်ကျန်းမာရေးဆေးရုံ၊ ခွေးရူးကိုက်ရောဂါကုဆေးရုံ၊ ကုဋ္ဌနူနာဆိုင်ရာ ရောဂါကုဆေးရုံ၊ ကာလသားရောဂါကုဆေးရုံနှင့် တီဘီရောဂါကု ဆေးရုံများလည်း ရှိသည်။

၁၉၅၃ ခုနှစ်တွင် ပေါ်လီကလင်းနစ် ကျန်းမာရေးအဖွဲ့ ဆေးပေးဌာနများကိုလည်း ဖွင့်လှစ်ခဲ့သည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးများကျန်းမာရေး ဝန်ကြီးဌာန ကိုးကားကျန်းမာရေး ဝန်ကြီးဌာန ပြင်ပလင့်ခ်များကျန်းမာရေး ဝန်ကြီးဌာနကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားကစား ဝန်ကြီးဌာနဦးထင်ကျော်

🔥 Trending searches on Wiki မြန်မာဘာသာ:

ရေးမြို့နယ်အီကွေတာဖားအောက်တောရဆရာတော်ကဆုန်လပြည့် ဗုဒ္ဓနေ့မေတ္တသုတ်ရဝမ်ဒါနိုင်ငံနေ့နံဆေးခြောက်ပင်အင်္ဂလိပ်ဘာသာစကားအာဠာဝကဘီလူးသစ္စာဗုဒ္ဓဘာသာအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်အိမ်စောင့်အစိုးရ (၁၉၅၈)ဖားကန့်မြို့နယ်မိုးကုတ်မြို့ရေနံရဲဘော်သုံးကျိပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစကားထာအိုစမာ ဘင်လာဒင်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများရှမ်းပြည်နယ်ကရင် အမျိုးသား အစည်းအရုံးမြန်မာနိုင်ငံရှိ ပွဲတော်များကွန်ဒုံးလူသားတစ်ဦး၏လိင်တံအရွယ်အစားတာချီလိတ်မြို့ငှက်သထုံမြို့ရွှေမန်းတင်မောင်စွန်းဝူခုန်းမြန်မာနိုင်ငံ၏ စီးပွားရေးပဲခူးရိုးမတောင်စအိုဖြင့် လိင်ဆက်ဆံခြင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကျင်ဒွေးမြို့၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းကစားခုန်စားခြင်းရေကြက်မြန်မာပြည် စာတိုက် သင်္ကေတများတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကရင်ပြည်နယ်သီပေါမင်းဦးနုကျွန်းနက်ပုလွေမှုတ်ခြင်းကားမြန်မာနိုင်ငံ၏ လူဦးရေစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ပန်ထွာဘုရင်မသိပ္ပံမောင်ဝကရင်လူမျိုးအမျိုးသမီးသုံး ကွန်ဒုံးချမ်းချမ်းဗျိုင်းသခွတ်ပင်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရက္ခိုင့်တပ်တော်သစ္စာလေးပါးကယားပြည်နယ်ဝ လူမျိုးမြန်မာ့ဒဏ္ဍာရီလာသတ္တဝါများအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပညာရေးဝန်ကြီးဌာနထန်းလျက်ပညတ်တော်ဆယ်ပါးတပ်မတော် (လေ)ကရမက်ကားလိုး ကော်လိုဒီမြင်းခြံမြို့နယ်ဆူခွိုင်း ၃၀မြေပုံအာဆီယံထိပ်သီးအစည်းအဝေးပွေး(ရောဂါ)ပီမိုးနင်းတပ်မတော် (ကြည်း)🡆 More