သစ္စာ

သစ္စာ ဆိုသည်မှာ သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်သည်ကို ဆိုသည်။ သစ္စာသည် (၂) မျိုးရှိ၏။ ၎င်း (၂) မျိုးတို့မှာ

(၁) သမ္မုတိသစ္စာ

(၂) ပရမတ္ထသစ္စာ တို့ ဖြစ်ကြသည်။

သမ္မုတိသစ္စာ

လောကီဘုံသား လူအများတို့၏ ခေါ်ရိုး ပြောရိုးဖြစ်သော သမ္မုတိပညတ်တို့၏ အလယ်၌ အဖြောင့်အမှန်မျိုးသည် သမ္မုတိသစ္စာ ဖြစ်သည်။ အတ္တရှိ၏၊ ဇီဝရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊ သိကြားရှိ၏၊ ဗြဟ္မာရှိ၏၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ရှိ၏၊ ဦးခေါင်း၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ် ရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ စသည်တို့ ဖြစ်ကြသည်။

သမ္မုတိသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက် ဖြစ်သည်။ မုသာဝါဒကို ပယ်နိုင်၏။ တစ်ဘဝအတွင်းတွင် အခါခါ ဖြစ်ခြင်း၊ အခါခါချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တမည်သည် ဧကန်အမှန် ရှိ၏။ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လှည့်စားခြင်း မဖြစ်ပေ။

ပရမတ္ထသစ္စအလိုအားဖြင့် ထိုစကားမျိုးသည် အနိစ္စ၌ နိစ္စဟူ၍ ဖောက်ပြန်ခြင်း၊ အနတ္တ၌ အတ္တဟူ၍ ဖောက်ပြန်ခြင်းတည်းဟူသော ဝိပလ္လာသအမှန် ဖြစ်၏။ ထိုဝိပလ္လာသတရားကို မပယ်နိုင်သေးသမျှ ကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်။ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ရှိ၏ဟူရာတို့သည်လည်း ထိုနည်းအတူပင် ဖြစ်သည်။

ပရမတ္ထသစ္စာ

ပရမတ္ထသစ္စာဆိုသည်မှာ ဓာတ်သဘာဝ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိ၊ မရှိ စကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာ မည်၏။

ရှိ၊ မရှိ နှစ်ပါးတို့တွင် ရှိဆိုသည်မှာ ပထဝီ ရှိ၏။ အပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ရှိ၏။ စိတ်ဝိညာဏ်ရှိ၏။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ ရှိ၏။ ရုပ်ခန္ဓာ ရှိ၏။ နာမ်ခန္ဓာ ရှိ၏ စသည်တို့ ဖြစ်ကြသည်။

မရှိဆိုသည်မှာ အတ္တမရှိ၊ ဇီဝမရှိ၊ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား မရှိ။ ဦးခေါင်းဟူ၍ မရှိ၊ လက်၊ ခြေ စသော အင်္ဂါကြီးငယ်ဟူ၍ မရှိ၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ဟူ၍ မရှိ စသည်တို့ ဖြစ်ကြသည်။

အတ္တမရှိ၊ ဇီဝမရှိဆိုသည်မှာ တစ်ဘဝအတွင်းတွင် အခါခါဖြစ်ခြင်း၊ ချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တ၊ ဇီဝ ဟူ၍မရှိဟု ဆိုလိုသည်။

ပုဂ္ဂိုလ် မရှိ၊ သတ္တဝါ မရှိ ဆိုသည်မှာ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်သာ ရှိ၏။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည်လည်း ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ နတ်၊ ဗြဟ္မာ စသည် မဟုတ်ပေ။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့မှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါဟူ၍ အသီးအခြားမရှိ လူ၊ နတ်၊ ဗြဟ္မာစသည်လည်း မရှိဟု ဆိုလိုသည်။

ပရမတ္ထသစ္စာသည် ဝိပလ္လာသတရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဤပရမတ္ထသစ္စာတရားမှသာ ဝိပလ္လာသတရားကို ပယ်နိုင်သည်။ ဝိပလ္လာသတရားကို ပယ်နိုင်မှ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်သည်။

ပရမတ္ထသစ္စာသည် (၂) မျိုးရှိ၏။ ၎င်း (၂) မျိုးတို့မှာ

(၁) ရုပ်တရား

(၂) နာမ်တရားတို့ ဖြစ်ကြသည်။

ရုပ်တရား

ရုပ်တရားသည် (၂၈)ပါး ရှိ၏။ ထို (၂၈)ပါးတို့မှာ

နာမ်တရား

နာမ်တရားသည် (၅၄) ပါး ရှိ၏။ ထို (၅၄) ပါးတို့မှာ

  • စိတ် (၁) ပါး − စိတ်ဆိုသည်မှာ အာရုံကို ရှာကြံမှု၊ အာရုံကို ရမှု၊ အာရုံကို သိမှု ဖြစ်သည်။
  • စေတသိက် (၅၂) ပါး − စေတသိက်ဆိုသည်မှာ စိတ်မှပေါက်ဖွားသော နာမ်အမူအရာများ ဖြစ်သည်။
  • နိဗ္ဗာန် (၁) ပါး − နိဗ္ဗာန်ဆိုသည်မှာ ဒုက္ခအမျိုးမျိုးတို့မှ လွတ်ငြိမ်းမှု ဖြစ်သည်။

ကိုးကား


Tags:

သစ္စာ သမ္မုတိသစ္စာ ပရမတ္ထသစ္စာ ကိုးကားသစ္စာ

🔥 Trending searches on Wiki မြန်မာဘာသာ:

သရက်ပင်မိုးဟေကိုမင်းအောင်လှိုင်မြန်မာနိုင်ငံ၏ ရပ်ကွက်များသူငယ်နာခရစ်ယာန်ဘာသာနာဇီဂျာမနီငလျင်လှုပ်ခြင်းအောင်ချိမ့်အစ္စလာမ်ဘာသာစက်ဘီးတပ်မတော်အက်ဥပဒေများအမျိုးသားနေ့လက်ပံပင်ရှမ်းဘာသာစကားကျန်းမာရေးလီဆာကလေးမြို့စစ်ရေးအရှေ့တောင်အာရှနိုင်ငံများအသင်းပြည်ထဲရေး ဝန်ကြီးဌာနလေးဖြူနို့တိုက်သတ္တဝါစိန်ကျိုက်ထီးရိုးဘုရားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြန်မာနိုင်ငံ၏ စီးပွားရေးအစ္စရေးနိုင်ငံဒန့်သလွန်စစ်ပွဲလိပ်မအင်္ဂါ အစေ့အင်္ဂလိပ်-မြန်မာ စစ်ပွဲများကုန်သည်လေဆင်ဖြူမရှင်တပေါင်းလပြည့်နေ့ပရိတ်ကြီး ၁၁ သုတ်ကွန်တိုမျဉ်းရန်ကုန်တက္ကသိုလ်မြန်မာနိုင်ငံ၏ သမ္မတကရင် အမျိုးသား အစည်းအရုံးသာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများမြန်မာဝီကီပီးဒီးယားတက္ကသိုလ်ဘုန်းနိုင်အမျိုးသမီးများ၏ အခွင့်အရေးလိင်စိတ်ဆွခြင်းလုံချည်ရန်ကုန်တိုင်းဒေသကြီးနေ့နံပလောင်လူမျိုးခရူးဆိတ် စစ်ပွဲများမြန်မာ့အသံနှင့်ရုပ်မြင်သံကြားမြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်လများ (အချိန်အတိုင်းအတာ)တောက်တဲ့ဗြဟ္မာဘုံတောင်ငူမြို့ထားဝယ်လူမျိုးပဋိစ္စသမုပ္ပါဒ်သရေခေတ္တရာမျက်စိနာခြင်းဝတ်မှုန်ရွှေရည်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ဟင်္သာတထွန်းရင်မယ်နုအုတ်ကျောင်းတရုတ်-ထိုင်း ဆက်ဆံရေးကျောက်စိမ်းကယန်းလူမျိုးတပ်မတော်နေခြည်ဦးကွန်မြူနစ်ဝါဒမြန်မာကျပ်ငွေဟာဝိုင်ယီကျွန်းစု🡆 More