လီဆာ

လာလီဆာ မနိုဗန်(ထိုင်း: ลลิษา มโนบาล၊ အင်္ဂလိပ်: Lalisa Manoban; ၂၇ မတ် ၁၉၉၇ ~ ) အတိုကောက် လီဆာ(အင်္ဂလိပ်: Lisa)သည် ထိုင်းနိုင်ငံသူ ကေပေါ့ပ် အဆိုတော်၊ ရက်ပါ၊ အကသမားနှင့် မော်ဒယ် တစ်ဦး ဖြစ်ပြီး တောင်ကိုရီးယားအခြေစိုက် YG ဖျော်ဖြေရေးလုပ်ငန်းလက်အောက်ရှိ မိန်းကလေးကေပေါ့ပ်အဆိုတော်အဖွဲ့ ဘလက်ပင့်ခ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

လာလီဆာ
လီဆာ
ဇာတိ အမည်ลลิษา มโนบาล
မွေးဖွားပရန်ပရီယာ မနိုဗန်
(1997-03-27) မတ် ၂၇၊ ၁၉၉၇ (အသက် ၂၇)
ဘူရီရမ်ပြည်နယ် ထိုင်းနိုင်ငံ
အလုပ်အကိုင်အဆိုတော် ၊ မော်ဒယ် ၊ အက ၊ ရက်ပါ
ဂီတခရီးလမ်း
ဂီတဟန်ကေပေါ့ပ် ၊ ဟစ်ဟော့
တူရိယာအဆို
တက်ကြွသည့်နှစ်များ၂၀၁၆ - လက်ရှိ
တေးသံသွင်း ကုမ္ပဏီYG ဖျော်ဖြေရေး ၊ အင်တာစကုပ် တေးသံသွင်း
ပူးတွဲ ပါဝင်မှုဘလက်ပင့်ခ် ၊ YG မိသားစု
လက်မှတ်
လီဆာ

ငယ်ဘဝနှင့်ပညာရေး

ပရန်ပရီယာ မနိုဗန် ကို ၁၉၉၇ ခုနှစ်၊ မတ်လ၊ ၂၇ ရက်နေ့၌ ထိုင်း နိုင်ငံ၊ ဘူရီရမ် ပြည်နယ် တွင် မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် ပရန်ပရီယာ မှ လာလီဆာ ဟု အမည်ပြောင်းလဲခဲ့သည် ။ လီဆာ သည် ထိုင်းလူမျိုး မိခင် နှင့် ဆွစ်လူမျိုး ဘထွေး တို့၏ တဦးတည်းသော သမီး ဖြစ်သည်။ လီဆာ သည် အထက်တန်းပညာကို အမှတ် ၁ ၊ ၂ ပရာဖာမွန်ထရီးကျောင်းတွင် လေ့လာဆည်းပူးခဲ့သည်။

အနုပညာလုပ်ငန်းများ

၂၀၀၉ ခုနှစ် အစောပိုင်းကာလတွင် လာလီဆာသည် ကျောင်းကိုယ်စားပြု အနေဖြင့် ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၏ စိတ်ဓာတ်မြှင့်တင်ရေးဗဟိုဌာနကဦးဆောင်ကျင်းပပြုလုပ်သော အဆိုပြိုင်ပွဲ တခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လီဆာသည် နံပါတ်တစ်ဖြစ်ရန် (To Be Number One) အပါအဝင် အကပြိုင်ပွဲများစွာကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက်မကြာမီ အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အကအဖွဲ့ We Zaa Cool တွင် ဝင်ရောက်ခဲ့သည်။ ဂေါ့တ်ဆဲဗင်း (Got7) အဖွဲ့ဝင် ဘမ်ဘမ် သည်လည်း We Zaa Cool အဖွဲ့ဝင်ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် လီဆာသည် YG ဖျော်ဖြေရေးလုပ်ငန်း မှ ထိုင်းနိုင်ငံတွင် ပြုလုပ်သော လူရွေးချယ်ပွဲ သို့ဝင်ရောက်ခဲ့သည်။ လီဆာသည် ၂၀၁၁ခုနစ် ဧပြီလတွင် YG ဖျော်ဖြေရေးလုပ်ငန်း ၏ ပထမဦးဆုံး နိုင်ငံခြားသား သင်တန်းသားအဖြစ်တရားဝင် စတင်ခဲ့သည်။

လူနေမှုဘဝ

လီဆာသည် မိခင်ဘာသာ ထိုင်းဘာသာ အပြင် အင်္ဂလိပ် ဘာသာ ၊ ကိုရီးယားဘာသာ တို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ ဂျပန်ဘာသာ နှင့် တရုတ် ဘာသာတို့ကိုလည်း အနည်းငယ်ပြောဆိုနိုင်သည်။ လီဆာ သည် အင်စတာဂရမ် တွင် followers အများဆုံးရှိသော ကေပေါ့ပ်အနုပညာရှင် ဖြစ်သည်။

ကိုးကား

Tags:

လီဆာ ငယ်ဘဝနှင့်ပညာရေးလီဆာ အနုပညာလုပ်ငန်းများလီဆာ လူနေမှုဘဝလီဆာ ကိုးကားလီဆာထိုင်းဘာသာစကားဘလက်ပင့်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မိုးဟေကိုမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမူဆယ်မြို့ကရင်အမျိုးသားအလံတော်ဝဋ္ဋသုတ်ဟင်္သာဇာတ်ကြီးဆယ်ဘွဲ့နေတိုး (ရုပ်ရှင်သရုပ်ဆောင်)အီသီယိုးပီးယားနိုင်ငံစိတ်ဝါခေါင်လရှမ်းလူမျိုးသီတင်းကျွတ်ပွဲတော်ခြင်းလုံး ကစားခြင်းကျောက်ကပ်ရောင်ရောဂါတရားတရုတ်စံကားနေ့နံမဟာဗောဓိတထောင်ဖိလစ်ပိုင်နိုင်ငံတောင်ငူမြို့မြRဇာနည်ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်အာဋာနာဋိယသုတ်ခင်ပွန်းကြီးဆယ်ပါးဗမာပြည် ကွန်မြူနစ်ပါတီကိန်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးအဆင့်များနှင့် အဆောင်အယောင်တံဆိပ်များမိမိကိုယ်ကို သတ်သေခြင်းသံတွဲမြို့မြန်မာနိုင်ငံ၏ အလံတော်ကမ္ဘောဒီးယားနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသရဲရန်ကုန်တိုင်းစစ်ဌာနချုပ်ကျိုက်ထီးရိုးဘုရားမြန်မာနိုင်ငံရှိ ခရိုင်များအသုံးလုံးမိုင်ယောက်ျား အင်္ဂါတံမိုးကုတ်တရားဆယ်ပါးသီလမဟာရဋ္ဌသာရ၊ သျှင်အမေရိကန်ပြည်ထောင်စုမဟာဗန္ဓုလလက်ဖက်မြသလွန်ဘုရားအာဆင်နယ်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းတယ်လီဖုန်း ကုတ်နံပါတ်အိုမန်နိုင်ငံရတုမြန်မာနိုင်ငံ ကျေးငှက်များမြန်မာနိုင်ငံ၏ ရပ်ကွက်များခန္ဓသုတ်ကြာဆံအီကွေတာစကားထာမြင်းခြံမြို့စိတ်ပညာဖားအောက်တောရဆရာတော်လင်ခန်းမယားခန်း ပြတ်စဲခြင်းကာလီမယ်တော်ကြွက်တက်ခြင်းစစ်ကိုင်းမြို့ကိုရီးယားနိုင်ငံဈာန်ဂါထာခြောက်ဆယ်ပျို့နယ်ခြားစောင့်တပ်ဖွဲ့လူ၏ အရိုးဖွဲ့စည်းပုံစွမ်းအင် ဝန်ကြီးဌာနတတိယ အင်္ဂလိပ် - မြန်မာစစ်ကားလိုး ကော်လိုဒီဗောဇ္ဈင်ခုနစ်ပါးအာနန္ဒာဘုရားဇာမဏီခုနစ်နေ့ဘုရားရှိခိုး🡆 More