ကျောက်ကပ်ရောင်ရောဂါ: လူ့ရောဂါ

ကျောက်ကပ်ရောင်ရောဂါ Pyelonephritis /paɪəloʊnəˈfraɪtɪs/ (ဂရိစကား πύελο|ς pýelo|s, ဇလုံ + νεφρ|ός nepʰrós, ကျောက်ကပ် + suffix -itis ဆိုသည်မှာ ရောင်ရမ်းခြင်း) ဟုဆိုရာတွင် ကျောက်ကပ် အတွင်းအသားစများ၊ ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်း ရောင်ရမ်းခြင်းတို့ပါဝင်သည်။ အများအားဖြင့် ဘက်တီးရီးယားပိုးများဟာ ဆီးလမ်းကြောင်းမှသော်လည်းကောင်း၊ သွေးလည်ပတ်မှုစနစ်မှတဆင့်သော်လည်းကောင်း ကျောက်ကပ်သို့ရောက်ရှိသောကြောင့် ရောင်ရမ်းရခြင်း ဖြစ်သည်။

ကျောက်ကပ်ရောင်ရောဂါ
A color photomicrograph, demonstrating macrophages and giant cells in a case of xanthogranulomatous pyelonephritis.
CD68 immunostaining on this photomicrograph shows macrophages and giant cells in a case of xanthogranulomatous pyelonephritis
အထူးပြုUrology Nephrology

ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်းများ ရောင်ရမ်းခြင်းကို "pyelitis" လို့ သတ်သတ် ခေါ်ဆိုနိုင်ပါတယ်။ တစ်နည်းဆိုသော် ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်းများရောင်ရမ်းခြင်း "pyelitis" နှင့် ကျောက်ကပ်ရောင်ရမ်းခြင်း "nephritis" ကိုပေါင်း၍ ကျောက်ကပ်ရောင်ရောဂါ "pyelonephritis" ဟု ခေါ်ဆိုခြင်းဖြစ်သည်။ အခြေအနေဆိုးရွားပါက ကျောက်ကပ်တွင် ပြည်တည်ခြင်း "pyonephrosis"၊ သွေးဆိပ်တက်ခြင်း "sepsis" (ပြင်ပမှဝင်ရောက်လာသော ရောဂါပိုးမွှားများအား ခန္ဓာကိုယ်မှတုံ့ပြန်တိုက်ခိုက်မှုကြောင့် ဖြစ်ခြင်း) (a systemic inflammatory response of the body to infection)၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။

အဖျားကြီးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ဗိုက်နာခြင်း (ကျောအောင့်ခြင်း)၊ ပျို့ခြင်း၊ ရောင်သောဘက်၌ စမ်းလျှင်နာခြင်း စသော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။ ကျောက်ကပ်ရောင်ရမ်းခြင်းအဆင့်မှ ဆီးဆိပ်တက်ခြင်း "urosepsis" သို့ တိုးတက်ရောက်ရှိပါက သွေးဆိပ်တက်ခြင်းကြောင့် ရှော့ခ်ရခြင်း "septic shock" လက္ခဏာများဖြစ်သည့် အသက်ရှူမြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ခိုက်ခိုက်တုန်တက်ခြင်းနှင့် ရံဖန်ရံခါ ဂယောင်ဂတမ်းဖြစ်ခြင်းတို့ကို ခံစားရနိုင်သည်။ ထိုသို့ဖြစ်ပါက ပဋိဇီဝဆေးများဖြင့်ကုသရန် လိုအပ်သည်။ တခါတရံ  ureteroscopy, percutaneous nephrostomy or percutaneous nephrolithotomy ကဲ့သို့သော နည်းလမ်းများဖြင့် ကုသရန်လိုအပ်သည်။ ထို့အပြင် နောက်တစ်ကြိမ်ဖြစ်ခြင်းမှ ကာကွယ်ရန် နောက်ကွယ်က ဖြစ်ကြောင်းကိုလည်း ကုသရန် လိုအပ်သည်။ ရှားရှားပါးပါး Xanthogranulomatous ကျောက်ကပ်ရောင်ရောဂါတွင်တော့ ကျောက်ကပ်ထုတ်ပယ်ခြင်းသည်သာ အထိရောက်ဆုံးကုသမှု ဖြစ်သည်။

ရောဂါလက္ခဏာများ

နာရီအနည်းငယ်အတွင်း (သို့) ရက်ပိုင်းအတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရနိုင်သည်။ အဖျားကြီးခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ဗိုက်နာခြင်း (ခါးဘေးတစ်လျှောက်မှ နောက် ကျောဘက်သို့) စသည့်တို့ ခံစားရနိုင်သည်။ အများအားဖြင့် အန်ခြင်းနှင့် တွဲတတ်သည်။

နာတာရှည် ကျောက်ကပ်ရောင်ရမ်းခြင်းတွင် တာရှည် ခါးဘေး (သို့) ဗိုက်နာခြင်း၊ ရောဂါပိုးဝင်ရောက်သည့် လက္ခဏာများ (အဖျားကြီးခြင်း၊ အလိုလို ကိုယ်အလေးချိန်ကျခြင်း၊ မအီမသာဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်း)၊ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့် ဆီးထဲသွေးပါခြင်း တို့ဖြစ်ပေါ်နိုင်သည်။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါများတွင် ရောင်ရမ်းခြင်းနှင့် သက်ဆိုင်သည့် ပရိုတိန်းများ (inflammation-related proteins) စုခဲမှုကြောင့် AA amyloidosis ဆိုသည့် ရောဂါတစ်မျိုးကို ဖြစ်စေနိုင်သည်။

အဖျားရှိခြင်း၊ ရောင်သောဘက်၌ စမ်းလျှင်နာခြင်း စသော ရောဂါလက္ခဏာများ စမ်းသပ်ရရှိနိုင်သည်။.

ဖြစ်စေသော အကြောင်းများ

အများစုသော လူထုထဲဖြစ်သည့် ကျောက်ကပ်ရောင်ရောဂါများမှာ အူလမ်းကြောင်းမှ ပိုးမွှားများ ဆီးလမ်းကြောင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်သည်။ များသောအားဖြင့် E.coli (၇၀–၈၀%) နှင့် Enterococcus faecalis တို့ကြောင့်ဖြစ်သည်။ ဆေးရုံတွင်ဖြစ်သည့် ကျောက်ကပ်ရောင်ရောဂါများမှာ coliform နှင့် enterococci ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ရသည်၊ ဒါ့အပြင် အခြား လူထုထဲတွင် အဖြစ်နည်းသည့်ပိုးများ (ဥပမာ။ Pseudomonas aeruginosa နှင့် မြောက်မြားစွာသော Klebsiella မျိုးကွဲများ) ကြောင့်လည်း ဖြစ်ရသည်။ ကျောက်ကပ်ရောင်ရောဂါအများစုမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းများနှင့် အစပြုတတ်သည်။ E. coli သည် ဆဲလ်များကြားဘက်တီးရီးယားအစုအဝေး {intracellular bacterial communities (IBCS)} အဖြစ် တည်ရှိနေစေရန် ဆီးအိမ်အပေါ်ယံအလွှာရှိ ထီးပုံသဏ္ဌာန်ဆဲလ်များကို ဖောက်ထွင်းဝင်ရောက်လိုက်သည်။ ထိုဘက်တီးရီးယားအစုအဝေးသည် biofilms အဖြစ်သို့ ကူးပြောင်းနိုင်သည်။ biofilm ထုတ်လုပ်နိုင်သော E. coli များဟာ ပဋိဇီဝဆေးများနှင့် ခန္ဓာကိုယ် ကိုယ်ခံအားစနစ်အား ခံနိုင်ရည်ရှိသည်။ ဒါဟာ ကျောက်ကပ်ရောင်ရောဂါအပါအဝင် မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ အကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အောက်ပါအခြေအနေများတွင် ပို၍အန္တရာယ်များပါသည်။

  • ခန္ဓာဗေဒဆိုင်ရာ: ဆီးလမ်းကြောင်းပုံသဏ္ဌာန် မမှန်ခြင်းများ၊ ဆီးအိမ်တွင်းမှဆီးများ ကျောက်ကပ်ဆီးပြွန်တွင်းသို့ ဆန်တက်ခြင်း (vesicoureteral reflux)၊ ဆီးကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း ဆီးပိုက်ထည့်ခြင်း၊ ဆီးလမ်းကြောင်း ပြွန်ထည့်ခြင်း (ureteral stents) သို့ drainage procedures (ဥပမာ။ nephrostomy)၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဆီးအိမ်သေ (neurogenic bladder) (ဥပမာ။ ကျောရိုး အာရုံကြောမကြီး ပျက်စီးခြင်း၊ spina bifida သို့ multiple sclerosis) နှင့် ယောက်ျားများတွင် ဆီးကျိတ်ရောဂါများ (ဥပမာ။ ဆီးကျိတ်ကြီးခြင်း)
  • ကိုယ်ခံအားစနစ် အားနည်းခြင်း: ဆီးချိုရောဂါ၊ ခန္ဓာကိုယ် ခုခံအားကျဆင်းမှု အခြေအနေများ
  • အပြုအမူဆိုင်ရာ: လွန်ခဲ့သောနှစ်အတွင်း လိင်ဆက်ဆံဘက် ပြောင်းလဲခြင်း၊ သုပ်ပိုးသေဆေး အသုံးပြုခြင်း
  • မိသားစု ရာဇဝင်ရှိသူ (အမျိုးအရင်းထဲတွင် မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း)

ရောဂါဖော်ထုတ်သတ်မှတ်ခြင်း

ဓာတ်ခွဲ စမ်းသပ်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ရောက်ခြင်း (ဆီးအောင့်ခြင်း)ကို ဆီးအားဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် သိနိုင်သည်။ ကျောက်ကပ်ရောင်ရောဂါလက္ခဏာရှိသူ၏ ဆီးထဲတွင် (ဆီးစစ်ပြား အသုံးပြု၍) နိုက်တြိုက်နှင့် သွေးဖြူဥများ စမ်းသပ်တွေ့ရှိရပါက ထိုသူတွင် ကျောက်ကပ်ရောင်ရောဂါရှိနေပြီဟု သတ်မှတ်နိုင်ပြီး ပဋိဇီဝဆေးပေးရန် လိုအပ်သည်။ သွေးစစ်ပါက သွေးဖြူဥတစ်မျိုးဖြစ်သည့် နူတြိုဖေး "neutrophils" များ များနေနိုင်သည်။ ဓာတ်ခွဲခန်းတွင် ဆီးပိုးမွေးမြူခြင်း "Microbiological culture of the urine" {သွေးပိုးမွေးမြူခြင်းနှင့် ပဋိဇီဝဆေး ထိရောက်မှုအား စမ်းသပ်ခြင်းများ ပါဝင်ဝင် မပါဝင်ဝင်} သည်လည်း ရောဂါကိုအတည်ပြုရာ၌ အသုံးဝင်သောကြောင့် မဖြစ်မနေလုပ်သင့်ပါသည်။

ဓာတ်မှန်ရိုက် စမ်းသပ်ခြင်း

ကျောက်ကပ်တွင် ဆီးကျောက်တည်ခြင်းအား သံသရှိပါက (ဥပမာ။ on the basis of characteristic colicky pain or the presence of a disproportionate amount of blood in the urine) ကျေက်ကပ်၊ ကျောက်ကပ်ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ဓာတ်မှန် (KUB ဓာတ်မှန်) ရိုက်ခြင်းဖြင့် ဓာတ်မှန်ဖြင့်ရှာတွေ့နိုင်သော ကျောက်များအား တွေ့ကောင်းတွေ့နိုင်သည်။ ဆီးကျောက်တည်သည်ဟု သံသယရှိပါက ဆေးမထိုးရသော ကွန်ပျူတာဓာတ်မှန် (၅ မီလီမီတာတိုင်းတွင် တစ်ချပ်) ရိုက်ခြင်းကို ရောဂါရှာဖွေမှုစံအဖြစ် သတ်မှတ်ထားသည်။ ရှားရှားပါးပါး ဆီးထဲတွင်စွန့်ပစ်သောဆေးများနှင့် ဖွဲ့စည်းဖြစ်ပေါ်သော ဆီးကျောက်မျိုးမှလွဲ၍ ဆီးကျောက်တိုင်းကို ကွန်ပျူတာဓာတ်မှန်ဖြင့် စမ်းသပ်ဖော်ထုတ်နိုင်သည်။ အထက်သို့ဆန်တက်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါကို မကြာခဏ (ထပ်ခါထပ်ခါ) ခံစားရပါက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မူမမှန်မှုများကို ရှာဖွေစစ်ဆေးရန်လိုအပ်သည် {ဥပမာ။ vesicoureteral reflux၊ ကျောက်ကပ်တွင် ရေအိပ်များစွာတည်ခြင်းရောဂါ (polycystic kidney disease)}၊ အဆိုပါ အခြေအနေတွင် ကျောက်ကပ်အား အသံလှိုင်းဓာတ်မှန်/အာထြွာဆောင်း (ultrasonography) ရိုက်ခြင်း (သို့) ဆီးလမ်းကြောင်းမှတဆင့် ဆီးလမ်းကြောင်းတလျှောက်နှင့် ဆီးအိမ်တွင်းသို့ ကင်မရာပါသောပြွန်ထည့်ကြည့်ခြင်း (voiding cystourethrography) များ ပြုလုပ်ရသည်။ ကွန်ပျူတာဓာတ်မှန် (သို့) ဝမ်းဗိုက်အသံလှိုင်းဓာတ်မှန်ရိုက်ခြင်းတို့သည် xanthogranulomatous ကျောက်ကပ်ရောင်ရောဂါအား ရှာဖွေဖော်ထုတ်ရာတွင် အသုံးဝင်ပြီး၊ ဆက်တိုက်ဓာတ်မှန်ရိုက်ခြင်း/ဓာတ်မှန်အတွဲလိုက်ရိုက်ခြင်း (serial imaging) သည် xanthogranulomatous ကျောက်ကပ်ရောင်ရောဂါအား ကျောက်ကပ်ကင်ဆာနှင့် ခွဲခြားရာတွင် အသုံးဝင်ပါသည်။

DMSA စကင် (DMSA scan) ဆိုသည်မှာ ဒိုင်မာကပ်တိုဆတ်ဆီးနစ် အက်ဆစ် (dimercaptosuccinic acid) ကို အသုံးပြုထားသော ရေဒီယိုနြူကလိရိုက် စကင်ဖြစ်ပြီး ကျောက်ကပ်၏ ပုံသဏ္ဌာန်ကို ကြည့်ရှုရာတွင် အသုံးပြုပါသည်။ DMSA စကင်သည် ယခုအခါ ရုတ်တရတ် ကျောက်ကပ်ရောင်ရောဂါအား ရှာဖွေစမ်းသပ်ဖော်ထုတ်ရာတွင် စိတ်အချရဆုံး အားအထားရဆုံး ဖြစ်သည်။

အမျိုးအစားခွဲခြင်း

ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း

ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း ဆိုသည်မှာ ကျောက်ကပ်နှင့် ဆီးစုပြွန်တွင် ရောင်ရမ်းပြီး ပြည်တည်ခြင်းကို ဆိုလိုပါသည်။ ကျောက်ကပ်အတွင်းသားရှိ ကြားနေရာများတါင် ပြည်တည်ခြင်း (suppurative necrosis)တွင် ပြည်အပါအဝင် နျူထရိုဖီးလ်ဟုခေါ်သော သွေးဖြူဥများ၊ ဖိုက်ဘရင် ပရိုတင်း၊ ဆဲလ်သေများနှင့် ပိုးမွှားအစုအဝေးများ ပါဝင်ပါသည်။ ဆီးပြွန်ငယ်များသည် ပြည်များကြောင့် ပျက်စီးသွားပြီး နျူထရိုဖီးလ်အပိုင်းအစများနှင့် ပြည့်နေတတ်ပါသည်။ ကနဦးအဆင့်တွင် ဆီးစွန့်ဇကာများနှင့် သွေးကြောများမှာ ပုံမှန်အတိုင်း ရှိနေတတ်ပါသည်။ ရောဂါဗေဒစစ်ဆေးချက်တွင်မူ ကျောက်ကပ်ပြွန်အရင်းမှ ကျောက်ကပ်အပြင်ခွံအထိ သွေးယိုခြင်းနှင့် ပြည်တည်ခြင်းများ ပြန့်ပွားနေတာကို တွေ့ရနိုင်ပါတယ်။

Acute pyelonephritis is an exudative purulent localized inflammation of the renal pelvis (collecting system) and kidney. The kidney parenchyma presents in the interstitium abscesses (suppurative necrosis), consisting in purulent exudate (pus): neutrophils, fibrin, cell debris and central germ colonies (hematoxylinophils). Tubules are damaged by exudate and may contain neutrophil casts. In the early stages, the glomerulus and vessels are normal. Gross pathology often reveals pathognomonic radiations of bleeding and suppuration through the renal pelvis to the renal cortex.[citation needed]

နာတာရှည် ကျောက်ကပ်ရောင်ခြင်း

နာတာရှည် ကျောက်ကပ်ရောင်ခြင်း (chronic pyelonephritis) ဆိုရာတွင် မကြာခဏ ကျောက်ကပ်ပိုးဝင်ခြင်း၊ အကျိုးဆက်အနေဖြင့် ကျောက်ကပ်တွင် အမာရွတ်ကျန်ခဲ့ခြင်းနှင့် ကျောက်ကပ်၏ လုပ်ငန်းစဉ်များ ပျက်ရွင်းခြင်း (အထူးသဖြင့် ဆီးလမ်းကြောင်းပိတ်ဆို့သော အခြေအနေတွင်) တို့ ပါဝင်သည်။ အလွန်အခြေအနေဆိုးသော ကျောက်ကပ်ရောင်ရောဂါတွင် ကျောက်ကပ်ပတ်ပတ်လည် ပြည်တည်ခြင်း (ကျောက်ကပ်ပတ်ပတ်လည် ပိုးဝင်ခြင်း) နှင့်/သို့ ကျောက်ကပ်တွင် ပြည်တည်ခြင်းများသို့ တိုးတက်ဖြစ်ပေါ်နိုင်သည်။

Xanthogranulomatous ကျောက်ကပ်ရောင်ခြင်း

Xanthogranulomatous pyelonephritis is an unusual form of chronic pyelonephritis characterized by granulomatous abscess formation, severe kidney destruction, and a clinical picture that may resemble renal cell carcinoma and other inflammatory kidney parenchymal diseases. Most affected individuals present with recurrent fevers and urosepsis, anemia, and a painful kidney mass. Other common manifestations include kidney stones and loss of function of the affected kidney. Bacterial cultures of kidney tissue are almost always positive.Microscopically, there are granulomas and lipid-laden macrophages (hence the term xantho-, which means yellow in ancient Greek). It is found in roughly 20% of specimens from surgically managed cases of pyelonephritis.

ကုသခြင်း

ကျောက်ကပ်ရောင်ရောဂါဟု သံသယရှိပါက ဆီးပိုးမွေးမြူခြင်းနှင့် ပဋိဇီဝဆေး ထိရောက်မှုများကို စမ်းသပ်ခြင်းများ ပြုလုပ်သည်၊ ထို့နောက် ပေါက်ဖွားသော အကောင်ပေါ်မူတည်၍ ကနဦးကုသမှုအား ပေးပါသည်။ အများစုသော ကျောက်ကပ်ရောင်ရောဂါများသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ခြင်းကြောင့် ပဋိဇိဝဆေးပေးခြင်းသည် အဓိကကုသမှုပင်ဖြစ်သည်။ ပဋိဇီဝဆေးရွေးချယ်မှုကတော့ ပိုးအမျိုးအစားနှင့် ထိုအကောင်ပေါ်တွင် ပဋိဇိဝဆေး ထိရောက်မှု စမ်းသပ်ချက်ပေါ်၌ မူတည်ပါသည်၊ {ဖလူရိုကွီနိုလုန်း (fluroquinolones)၊ ကက်ဖလိုဆပိုရင် (cephalosporins)၊ အမိုင်နိုဂလိုက်ကိုဆိုက် (aminoglycosides) (သို့) တြွိုင်မီသိုပရင်/ဆာလ်ဖာမီသိုဇဇိုး (trimethoprim/sulfamethoxazole) စသည့် ဆေးတမျိုးချင်းစီသော်လည်းကောင်း၊ တွဲလျက်သော်လည်းကောင်း ပါဝင်နိုင်ပါတယ်}

In people who do not require hospitalization and live in an area where there is a low prevalence of antibiotic-resistant bacteria, an oral fluoroquinolone such as ciprofloxacin or levofloxacin is an appropriate initial choice for therapy. In areas where there is a higher prevalence of fluoroquinolone resistance, it is useful to initiate treatment with a single intravenous dose of a long-acting antibiotic such as ceftriaxone or an aminoglycoside, and then continuing treatment with an oral fluoroquinolone. Oral trimethoprim/sulfamethoxazole is an appropriate choice for therapy if the uropathogen is known to be susceptible. If trimethoprim/sulfamethoxazole is used when the susceptibility is not known, it is useful to initiate treatment with a single intravenous dose of a long-acting antibiotic such as ceftriaxone or an aminoglycoside. Oral beta-lactam antibiotics are less effective than other available agents for treatment of pyelonephritis.

People with acute pyelonephritis that is accompanied by high fever and leukocytosis are typically admitted to the hospital for intravenous hydration and intravenous antibiotic treatment. Treatment is typically initiated with an intravenous fluoroquinolone, an aminoglycoside, an extended-spectrum penicillin or cephalosporin, or a carbapenem. Combination antibiotic therapy is often used in such situations. The treatment regimen is selected based on local resistance data and the susceptibility profile of the specific infecting organism(s).

During the course of antibiotic treatment, serial white blood cell count and temperature are closely monitored. Typically, the intravenous antibiotics are continued until the patient is afebrile for at least 24 to 48 hours, then equivalent oral antibiotic agents can be given for a total of 2–week duration of treatment. Intravenous fluids may be administered to compensate for the reduced oral intake, insensible losses (due to the raised temperature) and vasodilation and to optimize urine output. Percutaneous nephrostomy or ureteral stent placement may be indicated to relieve obstruction caused by a stone. Children with acute pyelonephritis can be treated effectively with oral antibiotics (cefixime, ceftibuten and amoxicillin/clavulanic acid) or with short courses (2 to 4 days) of intravenous therapy followed by oral therapy. If intravenous therapy is chosen, single daily dosing with aminoglycosides is safe and effective.

Xanthogranulomatous ကျောက်ကပ်ရောင်ရောဂါကို ကုသရာတွင်တော့ ပဋိဇီဝဆေးကော ခွဲစိပ်ကုသမှုပါ ပါဝင်ပါတယ်။ တချို့ ရောဂါမကြီးမား နေရာကွက်ဖြစ်သောသူများတွင် ကျောက်ကပ်တပိုင်းတစ ဖြတ်တောက်ခြင်းသည် အကျိုးများသော်လည်း အများစုသော ပျံ့နှံ့ရောဂါများတွင်တော့ ကျောက်ကပ်ထုတ်ပယ်ခြင်းသည်သာ အကောင်းဆုံးကုသမှု ဖြစ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေများတွင်တော့ ဆက်တိုက်ဓာတ်မှန်ရိုက်၍ စောင့်ကြည့်နိုင်ပါတယ်။

ကာကွယ်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မကြာခဏ ဖြစ်လေ့ရှိသူများတွင် နောက်ကွယ်က ဖြစ်ကြောင်းကို ရှာဖွစမ်းသပ်မှုများ ပြုလုပ်ရန်လိုအပ်ပါတယ်။ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့ချရန် ခွဲစိပ်ကုသရန် ရံဖန်ရံခါ လိုအပ်သည်။ နောက်ခံ ဖြစ်ကြောင်းကို ရှာမတွေ့ပါက (မရှိပါက) ကာလရှည် ပဋိဇီဝဆေးများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် နေ့စဉ်သော်လည်းကောင်း (သို့) လိင်ဆက်ဆံပြီးသည့်အခါတွင်သော်လည်းကောင်း အသုံးပြုရန် တချို့လေ့လာမှုများက အကြံပြုထားသည်။ လက်ရှိစာပေတွေကို ခွဲခြမ်းစိပ်ဖြာလေ့လာထားချက်အရ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ထပ်ခါထပ်ခါခံစားရနိုင်ခြေများသော ကလေးငယ်များအား ပဋိဇီဝဆေးများ ကာလကြာရှည်ပေးထားခြင်းသည် အကျိုးများစေတယ်လို့ ဆုံးဖြတ်ချက်ချရန် လုံလောက်သော လေ့လာထားချက်များမရှိလို့ ဆိုပါတယ်။ ခရန်ဘယ်ရီဖျော်ရည်သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကာကွယ်ရန်အကြောင်းကို လေ့လာခဲ့ကြပါတယ်၊ လေ့လာမှုတော်တော်များများကတော့ အကျိုးရှိသည်ဟု အကြံပြုထားကြသည်။ အရည်များများသောက်သုံးခြင်း၊ ခရန်ဘယ်ရီဖျော်ရည်၊ ဘလူးဘယ်ရီဖျော်ရည်နှင့် ကောင်းသောဘက်တီးရီးယားပိုးများပါဝင်သည့် အချဉ်ဖောက်ထားသောနို့ထွက်ပစ္စည်းများ သောက်သုံးခြင်းဟာ ဆီးလမ်းကြောင်း အတွင်းဘက်နံရံများတွင် ပိုးများတွယ်ကပ်ခြင်းမှ ကာကွယ်ပေးပါတယ်၊ သို့ဖြင့် မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

ပျံ့နှံ့ဖြစ်ပွားပုံ

ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပွားနှုန်းမှာ အကြမ်းဖျင်းအားဖြင့် နှစ်စဉ် ပြင်ပလူနာဌာနသို့ လာပြသော အမျိုးသမီးလူနာ ၁၀,၀၀၀ တွင် ၁၂-၁၃ ယောက်ရှိသည်။ ထိုအထဲမှ ၃-၄ ယောက်မှာ ဆေးရုံတင်ရန် လိုအပ်သည်။ ယောက်ျားများတွင်တော့ ၁၀,၀၀၀ တွင် ၂-၃ ယောက်မှာ ပြင်ပလူနာအဖြစ် ပြသလျက်ရှိပြီး၊ ၁၀,၀၀၀ တွင် ၁ ယောက်မှာ ဆေးရုံတင်ရန် လိုအပ်သည်။ လိင်စိတ်တက်ကြွသောအရွယ် အမျိုးသမီးငယ်များတွင် အဖြစ်များကြသည်။ ကလေးငယ်များနှင့် သက်ကြီးပိုင်းများတွင်လည်း ဖြစ်နိုင်ခြေများပါသည်၊ သူတို့တွင်တော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြောင်းလဲခြင်းနှင့် ဟော်မုန်းအခြေအနေများကြောင့် ဖြစ်သည်။ သက်လတ်ပိုင်းအမျိုးသမီးများတွင် Xanthogranulomatous ကျောက်ကပ်ရောင်ရောဂါမှာ အဖြစ်အများဆုံးဖြစ်သည်။ ကျောက်ကပ်ရောင်ရောဂါဟာ ကလေးငယ်များတွင် မတူကွဲပြားသော ရောဂါလက္ခဏာပုံစံနှင့် လာနိုင်သောကြောင့် Wilms' tumor ဟုခေါ်သော ကျောက်ကပ်အကျိတ်တစ်မျိုးနှင့် မှားနိုင်သည်။

ဆက်စပ်ကြည့်ရှုရန်

  • Interstitial nephritis
  • Malakoplakia

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ကျောက်ကပ်ရောင်ရောဂါ ရောဂါလက္ခဏာများကျောက်ကပ်ရောင်ရောဂါ ဖြစ်စေသော အကြောင်းများကျောက်ကပ်ရောင်ရောဂါ ရောဂါဖော်ထုတ်သတ်မှတ်ခြင်းကျောက်ကပ်ရောင်ရောဂါ ကုသခြင်းကျောက်ကပ်ရောင်ရောဂါ ကာကွယ်ခြင်းကျောက်ကပ်ရောင်ရောဂါ ပျံ့နှံ့ဖြစ်ပွားပုံကျောက်ကပ်ရောင်ရောဂါ ဆက်စပ်ကြည့်ရှုရန်ကျောက်ကပ်ရောင်ရောဂါ ကိုးကားကျောက်ကပ်ရောင်ရောဂါ ပြင်ပလင့်ခ်များကျောက်ကပ်ရောင်ရောဂါကျောက်ကပ်ဝီကီပီးဒီးယား:IPA for English

🔥 Trending searches on Wiki မြန်မာဘာသာ:

ကချင်လူမျိုးအဋ္ဌာရသ ၁၈ ရပ်နွေရာသီမလေးရှားနိုင်ငံသတိပဋ္ဌာန်စစ်ဘက်ဆိုင်ရာတက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ လေ့ကျင့်ရေးသိပ္ပံများ၏ စာရင်းဆုပန်ကလျာနရသီဟပတေ့စစ်ပွဲဘားအံမြို့လျှပ်စစ်ဓာတ်အားပါဠိကာကွယ်ရေးဦးစီးချုပ်(လေ)မြန်မာ-တရုတ်ပြည်သူ့သမ္မတနိုင်ငံဆက်ဆံရေးမြန်မာနိုင်ငံ၏ အလံတော်မြန်မာကျပ်ငွေမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများမြွေလီဆူလူမျိုးသရဲကစားခုန်စားခြင်းထိုင်းဘုရင်များ၏ အမည်စာရင်းမြန်မာအက္ခရာမဏိစန္ဒာမျိုးကြီးသီတဂူဆရာတော်ပင့်ကူသင်္ကြန်မိုးအပူချိန်လူ၏ အရိုးဖွဲ့စည်းပုံစာရင်းကိုင်ပညာဆီးချိုရောဂါကြွက်တက်ခြင်းကာလသားရောဂါနာဇီမြန်မာ ငွေစက္ကူ သမိုင်းမဂ္ဂင် ၈ ပါးမြထွန်းဦးမင်းကွန်းတိပိဋကဆရာတော်အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်ကမ္ဘာဂြိုဟ်ရာသီအလိုက်ပွင့်သောပန်းများဖွေးဖွေးကျိုက်ထီးရိုးဘုရားတိုက်အောင်ချိမ့်ပထမ အင်္ဂလိပ် - မြန်မာစစ်မြန်မာတိုင်းရင်းသားမျိုးနွယ်များမိုးကုတ်တရားပုညခင်ဂေါတမဗုဒ္ဓခါကာဘိုရာဇီယေရှု ခရစ်တော်ငါး (တိရစ္ဆာန်)ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဝတ်မှုန်ရွှေရည်မြန်မာပြည် စာတိုက် သင်္ကေတများကျောက်စာရှရွတ်ခန်းပြည်ထဲရေး ဝန်ကြီးဌာနမိုင်တဲလ် မြန်မာဂေါ်ရင်ဂျီကျွန်းညောင်ရေသွန်းပွဲမြန်မာ့ အစားအစာပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရုရှားနိုင်ငံမန်ကျည်းကျောရိုးမဲ့သတ္တဝါမင်းအောင်လှိုင်ခရမ်းရောင်နိုင်ငံရေးမြန်မာအဘိဓာန်တမာပင်🡆 More