ကိုရီးယားနိုင်ငံ

ကိုရီးယားနိုင်ငံသည် အရှေ့အာရှရှိ သမိုင်းဝင်နိုင်ငံဖြစ်သည်။ ၁၉၄၅ ခုနှစ်မှစကာ ၂ ပိုင်းကွဲသွားပြီး မြောက်ကိုရီးယား (ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ)နှင့် တောင်ကိုရီးယား(ကိုရီးယားသမ္မတနိုင်ငံ)တို့ ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် တည်ရှိသော ကိုရီးယားသည် အနောက်မြောက်တွင် တရုတ်၊ အ​ရှေ့​မြောက် တွင် ရုရှားနိုင်ငံတို့နှင့် ထိစပ်နေသည်။ အရှေ့ဘက်တွင် ဂျပန်ပင်လယ်နှင့် ဂျပန်နိုင်ငံတို့ ရှိသည်။

Korea
한국/韓國 (S. Korean)
조선/朝鮮 (N. Korean)

ကိုရီးယားနိုင်ငံ၏ အလံတော်
အလံတော်
ကိုရီးယားနိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့်အကြီးဆုံးမြို့များ
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ (largest overall)
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့
ဘာသာစကားကိုရီးယားဘာသာစကား
Demonymကိုရီးယန်း
Sovereign statesကိုရီးယားနိုင်ငံ မြောက်ကိုရီးယား
ကိုရီးယားနိုင်ငံ တောင်ကိုရီးယား
ဦးဆောင်သူများ
• ကိုရီးယားသမ္မတနိုင်ငံသမ္မတ
မွန်ဂျေအင်း
• ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင်
ကင်ဂျုံအန်း
ဧရိယာ
• စုစုပေါင်း
၂၁၉,၁၅၅ km2 (၈၄,၆၁၆ sq mi)
• ရေထု (%)
၂.၈
လူဦးရေ
• ၂၀၁၅ ခန့်မှန်း
၇၆,၄၉၇,၈၈၁
• သိပ်သည်းမှု
၃၄၉.၀၆/km2 (၉၀၄.၁/sq mi)
ငွေကြေးဝမ် (₩)
တောင်ကိုရီးယားဝမ် (₩)
အချိန်ဇုန်KST (UTC+9 (တောင်ကိုရီးယား))
PYT (UTC+8:30 (မြောက်ကိုရီးယား))

ပထမထောင်စုနှစ်၏ပထမတစ်ဝက်ခန့် ​​အေဒီ ၆၇၆တွင်ကိုရီးယားကျွန်းဆွယ်သည်သုံးပြည်​ထောင်ဟုလူသိများသော ဂိုဂူ​လျော၊ဘတ်ဂျယ်နှင့်ဆီလာ သုံးနိုင်ငံအကြားတွင်ကွဲပြားခဲ့သည်။ ပထမထောင်စုနှစ်၏ဒုတိယတစ်ဝက်တွင် ဆီလာ သည် ဘတ်ဂျယ် နှင့် ဂိုဂူ​လျော တို့ကိုအနိုင်ယူပြီး ညီညွတ်​သောဆီလာပြည်​ထောင်စု အဖြစ် ရပ်တည်ခဲ့သည်။ ဤကာလများအတွင်း ဘယ်ဟယ်ပြည်နယ်ကို မြောက်ပိုင်းတွင် ဂိုဂူလျော​ နေရာ၌အစားထိုး၍ ထူ​ထောင်ခဲ့သည်။ ဆီလာပြည်​ထောင်စုသည် ပြည်တွင်းစစ်ကြောင့်သီးခြားပြည်နယ်သုံးခုအဖြစ်ပြိုကွဲခဲ့ပြီးနောက်ပိုင်းတွင် သုံးပြည်​ထောင်ကာလအတွင်းသို့ ထပ်မံကျရောက်ခဲ့သည်။ ပထမထောင်စုနှစ်ကုန်ခါနီးတွင် ဂိုဂူ​လျော သည်ပြန်လည်အင်အား​တောင့်တင်းလာခဲ့ပြီး​နောက် ၎င်းသည်အခြားပြည်နယ်နှစ်ခုအားအနိုင်ယူပြီး ကိုရီးယားကျွန်းဆွယ်ကို ဂို​လျောအမည်ဖြင့် အချုပ်အခြာအာဏာတစ်ခုတည်းအဖြစ်ပေါင်းစည်းခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဘယ်ဟယ် ပြိုကွဲခဲ့ပြီး၎င်း၏နောက်ဆုံး အိမ်​​​​​ရှေ့စံသည်တောင်ဘက် ဂို​လျော သို့ထွက်ပြေးခဲ့သည်။ ၁၃ ရာစုအတွင်းမွန်ဂိုအင်ပါယာ ၏ကျူးကျော်မှုများစွာသည်နိုင်ငံအားများစွာအားနည်းသွားစေခဲ့သည်။ ဂို​လျောတွင်မွန်ဂိုတို့၏နိုင်ငံရေးဩဇာလွှမ်းမိုးမှုကိုအဆုံးသတ်စေသော ဘုရင်ဂွန်မင် လက်ထက်တွင်စစ်တပ်ကခုခံတွန်းလှန်မှုအပြီးပြင်းထန်သောနိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်ဆုံးတွင်ဂို​လျောသည် စစ်ဗိုလ်ချုပ်ယီ​ဆောင်ဂဲ ဦးဆောင်သောစစ်တပ်၏​တော်လှန်မှုတွင် ပျက်သုန်းခဲ့ရပြီး ယီ​ဆောင်ဂဲမှ ၁၃၉၂ဇူလိုင်လ ၁၇ရက်တွင် ဂျိုဆွန်း ကိုတည်ထောင်ခဲ့သည်။

ဂျိုဆွန်း၏ ပထမနှစ်၂၀၀ ကို ငြိမ်းချမ်းသည်ဟု မှတ်ယူရသည်။ ထိုကာလတွင် ၁၅ ရာစု၌ ကိုရီးယား အက္ခရာကို တီထွင်ခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်း၌ ဂျပန်နိုင်ငံနှင့်ဆိုင်သောနယ်မြေ ဖြစ်လာသည်။ ၁၉၁၀ တွင် ဂျပန်တို့၏ သိမ်းပိုက်ခြင်းခံရပြီး ၁၉၄၅ ဩဂုတ်ထိ ဖြစ်သည်။

၁၉၄၅ တွင် ဆိုဗီယက်နှင့် အမေရိကန်တို့သည် ဂျပန်တို့ ဒုတိယကမ္ဘာစစ်အတွက် လက်နက်ချခြင်းနောက်ဆက်တွဲအဖြစ် ကိုရီးယားကို ၂ ပိုင်းခွဲခဲ့သည်။ မြောက်ပိုင်းကို ဆိုဗီယက်၊ တောင်ပိုင်းကို အမေရိကန်တို့က ရယူခဲ့သည်။ ကွန်မြူနစ် ဆိုဗိီယက်နှင့် အမေရိကန်တို့သည် ကိုရီးယားနှစ်ခြမ်းကို နိုင်ငံရေးအယူဝါဒကွဲပြားစေခဲ့သည်။ ထို တင်းအားများကြောင့် ၁၉၅၀ တွင်ကိုရီးယားစစ် ဖြစ်ခဲ့သည်။ ပြည်ပနိုင်ငံများ၏ ပါဝင်မှုနှင့်အတူ ၁၉၅၃ တွင် ငြိမ်းချမ်းရေးစာချုပ်မပါဘဲ စစ်ကြီးပြီးခဲ့သည်။ ဤသည်ပင် ကျွန်းဆွယ်ကွဲပြားမှုကို ပိုမိုတင်းမာစေသည်။

အမည်

Koreaသည် Corea (၁၆၁၄တွင် အဂ်လိပ်များဖော်ပြခဲ့) ၏ ခေတ်သစ်စာလုံးပေါင်းဖြစ်သည်။ မာကိုပိုလို၏ ခရီးသွားမှတ်တမ်းတွင် Cauli ဟုဖော်ပြထားသည်။

ကိုရီးယားနိုင်ငံ 
ရှီလာမှဘုရားတစ်ဆူ
ကိုရီးယားနိုင်ငံ 
ဂျိုဆွန်နန်းတွင်း
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
အစောဆုံး ကိုရီးယားအလံသစ်ကို အမေရိကန် ရေတပ်စာအုပ်၌ ၁၈၈၉ဇူလိုင်တွင်ဖော်ပြခဲ့
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားစစ်ပွဲ

ပထဝီဝင်

ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 
ကိုရီးယားနိုင်ငံ 

ကိုးကား

Tags:

ကိုရီးယားကျွန်းဆွယ်ဂျပန်နိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ကိုရီးယားမြောက်ကိုရီးယားရုရှားနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

အော်ကာခရူးဆိတ် စစ်ပွဲများအောင်လအန်ဆန်းသောမတ် အက်ဒီဆင်မော်လုံရွာ၊ မန်တုံမြို့နယ်စက္ကူပန်းဆေးခြောက်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းငှက်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းအကောက်တောင်ရွှေစည်းခုံ စေတီတော် (ပုဂံ)လိင်စိတ်ဆွခြင်းအာဖရိကဥပုသ်ရဟန်းသီဟသူရဘွဲ့အဘိဏှသုတ်အသည်းရောင် အသားဝါ ရောဂါ အေပိုးမဂ္ဂသစ္စာတွံတေးသိန်းတန်ရွှေဆံတော်စေတီ (ပုဂံ)ကရင် အမျိုးသား အစည်းအရုံးအလောင်းစည်သူသီဟိုဠ်သရက်ပင်မာရ်ငါးပါးစာကလေးတောင်ဥက္ကလာပမြို့နယ်ကစားခုန်စားခြင်းပုပ္ပါးတောင်ကလပ်ဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ်ကံဗြဟ္မဝိဟာရ လေးပါးခြင်သီပေါမင်းဗောဇ္ဈင်္ဂသုတ်တောင်ငူမြို့၃၂ ကောဋ္ဌာသကံ ကံ၏အကျိုးသမ္မာကျမ်းစာအစ္စလာမ်ဘာသာမျိုးကြီးသင်္ကြန်စာမင်းသိင်္ခခြင်းလုံးဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်သင်္ဃန်းညီနောင်ရွာ၊ မြဝတီမြို့နယ်ဘားအံမြို့မဟာဘုတ်ဆောင်ခရမ် အားလပ်ရက်နေပြည်တော်မြို့မထိုးသွင်းသော လိင်ဆက်ဆံခြင်းကားလိုး ကော်လိုဒီဒိုးလုံးအင်္ဂုလိမာလသုတ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယ ကမ္ဘာစစ်မြန်မာ့ အစားအစာပါရာဇိကယူဇနာရှင်စောပုပြင်ဦးလွင်မြို့စစ်ဦးစီးတက္ကသိုလ်မြန်မာ့သမိုင်းတဏှာဂဠုန်ဦးစောဘာဂျာမှုတ်ခြင်းနွေရာသီဘဒ္ဒကမ္ဘာသွေးတိုးရောဂါပြည်ထောင်စုနေ့၃၁-ဘုံဘုရား🡆 More