မိုးဟေကို

မိုးဟေကို သည် မြန်မာနိုင်ငံသား မော်ဒယ်နှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူမကို ၁၉၈၅-ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အဖ ဦးကျော်မင်းနှင့် အမိ ဒေါ် နုနုစိန်တို့မှ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် မွေးဖွားသည်။ နာမည်ရင်းမှာ အေးအေးခိုင် ဖြစ်သည်။ ကိုးတန်းကျောင်းသူ ဘဝထဲက တင်မိုးလွင်၏ မော်ဒယ်လ်သင်တန်းတက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ကြော်ငြာတစ်ခု စတင်ရိုက်ကူးခဲ့ပြီး အနုပညာလောကထဲသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ မော်ဒယ်လ်လောကမှ သရုပ်ဆောင်ဖက် ကူးလာသူဖြစ်သည်။

မိုးဟေကို
မိုးဟေကို
မိုးဟေကို
မွေးဖွားအေးအေးခိုင်
(၁၉၈၅-0၆-၂၆) ဇွန် ၂၆၊ ၁၉၈၅ (အသက် ၃၈)
မန္တလေး၊ စိန်ပန်းရပ်ကွက်
နိုင်ငံလူမျိုးမိုးဟေကို မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်လ်

သူမသည် ၂၀၁၄-၂၀၁၅ အကယ်ဒမီ ပေးပွဲအတွက် ဒါရိုက်တာ ဝိုင်း ရိုက်သော နှလုံးသားဖြင့်ပြုလုပ်သည် (Made in Heart ) ဇာတ်ကားဖြင့် တစ်ကြိုပေးခြင်းခံခဲ့ရသည်။

ငယ်ဘဝ

မိုးဟေကို ကို ၁၉၈၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဖခင်ဦးကျော်မင်း၊ မိခင် ဒေါ်နုနုစိန် တို့၏ သမီးလတ်ဖြစ်သည်။ မွေးချင်း အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက်ရှိကာ အထက (၁) တောင်ဥက္ကလာပမြို့နယ်မှ အထက်တန်းကို ဖြေဆိုအောင်မြင်ခဲ့သည်။

မော်ဒယ်အဖြစ်စတင်ခဲ့ပုံ

မိုးဟေကိုသည် ၉ တန်းကျောင်းသူဘဝတွင် တင်မိုးလွင်၏ မော်ဒယ်သင်တန်းကို တက်ရောက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဂျွန်လွင်မော်ဒယ်အကယ်ဒမီ၏ ပွဲများတွင် ပါဝင်ကာ မော်ဒယ်ဘဝကို စတင်ခဲ့သည်။

သရုပ်ဆောင်ဘဝ

မိုးဟေကိုသည် ၂၀၀၅ ခုနှစ်တွင် ထွက်ရှိခဲ့သော အိပ်မက်အလွန် ဆိုတဲ့ ဇာတ်ကားတွင် လူမင်းနှင့်တွဲဖက်ကာ ခေါင်းဆောင်မင်းသမီးအဖြစ်က စတင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်မှာပင် ပြေတီဦး၊ ခိုင်နှင်းဝေတို့နှင့် အတူ ကျွန်မ မဟေသီ ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး လူမင်း၊ ရဲတိုက်၊ တင့်တင်ထွန်းတို့အတူ ပါဝင်ရိုက်ကူးခဲ့သော အမျှင် ဇာတ်ကားသည် ပြည်တွင်းတွင် အောင်မြင်မှုရရှိခဲ့သည်။

ရုပ်ရှင်လောကနှင့် အောင်မြင်မှုများ

၂၀၀၈ ခုနှစ်တွင် သူမ၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော မိုးည အိပ်မက်မြူ ရုပ်ရှင်ဇာတ်ကားကြီးတွင် နေတိုး၊ စိုးပြည့်သဇင်သင်ဇာဝင့်ကျော် တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်ရှင်ကို ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့သည်။ ထိုရုပ်ရှင်လည်း အောင်မြင်မှုရခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတစ်ခုဖြစ်သော အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

၂၀၁၃-ခုနှစ်တွင် ဒါရိုက်တာဝိုင်းရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦး၊ ဝတ်မှုံရွှေရည်တို့ပါဝင်သော နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခဲ့ပြီး အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းတွင် ပါဝင်ခဲ့ပြန်သည်။ ၂၀၀၅-ခုနှစ်မှ လက်ရှိအချိန်ထိ မိုးဟေကိုသည် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

ရုပ်ရှင်ထုတ်လုပ်ရေး နှင့်စီးပွားရေးလုပ်ငန်းများ

၂၀၁၄-ခုနှစ်မှာ မိုး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့ပြီး"ရုံးပတီသီးလေးများ"၊ "ခိုးဆိုးလုနှိုက်" စသော ရုပ်ရှင်ဇာတ်ကားကြီးများအပါဝင် လက်ရှိအချိန်ထိ ဇာတ်ကား ၁၀ ကားခန့် ရိုက်ကူးထုတ်လုပ်ခဲ့သည်။ သူမသည် ၂၀၁၄-၂၀၁၅ အကယ်ဒမီ ပေးပွဲအတွက် ဒါရိုက်တာ ဝိုင်း ရိုက်သော နှလုံးသားဖြင့်ပြုလုပ်သည် (Made in Heart ) ဇာတ်ကားဖြင့် တစ်ကြိုပေးခြင်းခံခဲ့ရသည်။

၂၀၁၅-ခုနှစ်၊ မတ်လ (၂၇)ရက်နေ့မှာ မိုး ပိုးထည်တိုက် ကို စတင်ဖွင့်လှစ်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ

၂၀၁၆-ခုနှစ်မှာ ကျွန်မချစ်သော အမည်ရှိခရီးသွားမှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်ထဲတွင် သူမ သွားရောက်လည်ပတ်ခဲ့သော နေရာဒေသများနှင့် သူမ၏အလှဓာတ်ပုံများ ပါဝင်ပြသထားသည်။ အဆိုပါစာအုပ်ကို ထိုင်းနိုင်ငံတွင် ပုံနှိပ်ရိုက်ကူးခဲ့ပြီး ပထမအကြိမ်အဖြစ် အုပ်ရေ (၂၀၀၀) ဖြန့်ချိခဲ့သည်။

ရိုက်ခဲ့သော ဇာတ်ကားများ

  • အိပ်မက်အလွန်
  • မိုးညအိပ်မက်မြူ
  • လူစိမ်း
  • အမျှင်
  • ရှော့ရှိတဲ့အချစ်များ
  • နှလုံးသားဖြင့် ပြုလုပ်သည်
  • ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်
  • အချိန်တိုင်း နေရာတိုင်း
  • တိုက်ဆိုင်မှု ရှိလျှင်
  • တောကျီးကန်း
  • အမုန်းတွေ ခေါက်ထားလိုက်
  • ပပဝတီ စီရင်ခန်း"
  • အမုန်း

ကိုးကား

Tags:

မိုးဟေကို ငယ်ဘဝမိုးဟေကို မော်ဒယ်အဖြစ်စတင်ခဲ့ပုံမိုးဟေကို သရုပ်ဆောင်ဘဝမိုးဟေကို ရေးသားခဲ့သော စာအုပ်များမိုးဟေကို ရိုက်ခဲ့သော ဇာတ်ကားများမိုးဟေကို ကိုးကားမိုးဟေကိုမန္တလေးမြို့မဟာအောင်မြေမြို့နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဝါရမိတ္တုရက်ကြီးဥပုသ်ဘလုံ၊ ဦး (ပန်းချီဆရာ)မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အာယု၊ စာရေးဆရာမော်လမြိုင်မြို့စာပေခေတ်စမ်းစာပေပညာရေးရွှေငါးဓမ္မစေတီခေါင်းလောင်းကြီးရှောင်းကျန့်အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ကံ့ကော်ပင်စက်ဘီးရက္ခိုင့်တပ်တော်ကြွက်တက်ခြင်းဆိုရှယ်လစ်ဝါဒစက္ကူပန်းပုညခင်မြန်မာအက္ခရာကျိုင်းတုံမြို့ဂုဏ်ဆယ်ပါးရဟန်းခံခြင်းမိတ္ထီလာမြို့ငပလီကမ်းခြေစဝ်ကြာဆိုင်ပုလွေမှုတ်ခြင်းကာမေသုမိစ္ဆာစာရလားရှိုးမြို့Minecraftစမူဆာကင်းထောက်ခြင်းယွန်းယွန်းမင်းသိင်္ခမိုးညှင်းမြို့တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများမင်းသုဝဏ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမလေးရှားနိုင်ငံခွေးရူးပြန်ရောဂါဧရာဝတီမြစ်လူ့အခွင့်အရေး သမိုင်းကြောင်းဘရူနိုင်းနိုင်ငံကျွတ် (တိရစ္ဆာန်)ကန်တော့ပလ္လင်ဘုရားအစားအစာကယောက်ျား အင်္ဂါတံဗမာပြည် ကွန်မြူနစ်ပါတီခြေမြန်တပ်မဌာနချုပ်ကျွန်းနက်အနာကြီးရောဂါဖားဗမာလူမျိုးဒိုးလုံးချောင်းသာကမ်းခြေပညာရူပဗေဒဒါနအမျိုးသမီးသုံး ကွန်ဒုံးပရိမိတ္တဇာလသုတ်စစ်ရေးမိန်းမ မျိုးပွားအင်္ဂါကမ္ဘာမကျေမြစ်ကြီးနားမြို့ဆွစ်ဇာလန်နိုင်ငံခင်မောင်တိုးရောမအင်ပါယာနန်းမွေစံတိုက်ဆော်ဒီအာရေဗျနိုင်ငံမြန်မာဝီကီပီးဒီးယားမြန်မာနိုင်ငံ၏ သမ္မတဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာမြစေတီကျောက်စာပထဝီဝင်🡆 More