သီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာဘုရားသည် နတ်ပြည်တွင်နတ်သားဖြစ်နေသော မယ်တော်အားသွားေရာက်ကျေးဇူးဆပ်ကာ တရားဟောခဲ့သည်ကို အကြောင်းပြု၍ မီးများထွန်းညှိကာ နတ်ပြည်၌ရှိခဲ့ေသာ ဘုရားရှင်အားပူေဇာ်ေသာအားဖြင့် မီးထွန်းပွဲသဘင်ကို နှစ်စဉ်ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ကလေးများမှာ မီးရှူးမီးပန်းများ ပစ်ဖောက်ဆော့ကစားလေ့ရှိကြပြီး လူကြီးများမှာမူ မီးပုံးပျံများပစ်လွှတ်ခြင်း ဆီမီးပူဇော်ခြင်းများဖြင့် မြတ်စွာဘုရားရှင်ကိုယ်ေတာ်မြတ်ကြီးအား ပူဇော်လေ့ရှိကြသည်။ သီတင်းကျွတ်အခါသမယတွင် ရပ်ဝေးတွင်သွားရောက်အလုပ်လုပ်ကိုင်နေသောသူများမှာ မိဘဘိုးဘွားများရှိရာသို့ ပြန်လာ၍ ကျေးဇူးဆပ်ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ကြသောကာလလည်းဖြစ်သည်။ ကြီးစဉ်ငယ်လိုက် ကန်တော့ခံကြရသည်။ ခွင့်လွှတ်ခြင်း ကျေးဇူးဆပ်ခြင်းတို့နှင့် ထုံမွှမ်းထားသော ချစ်စရာမေတ်တာ လမြတ်အခါသမယဖြစ်သည်။
သီပေါမင်းလက်ထက် မီးထွန်းပွဲ သဘင် ကျင်းပပုံအကြောင်းတစ်ရပ်ကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရပေသည်။
ရှို့လွှတ်မြဲ မီးမျိုးစုံများကို မဟာလောကမာရဇိန်ဘုရား၊ မာန်အောင်ရတနာဘုရားနှစ်ဆူမှာ ခွဲဝေရှို့ လွှတ်ပူဇော် ရသည်။ နှစ်စဉ်ထွန်းလင်းပူဇော်မြဲ တစ်ဆယ့်ခြောက်ဌာန ပြင် အရှင်နှစ်ပါး နံတော်သင့် ဘုရားများပါ စုစုတစ် ဆယ့် ရှစ်ဌာနဘုရားများမှာ မီးစောင်းတန်း ထွန်းလင်းပူ ဇော်ရာ မှူးကြီးမတ်ကြီးတို့နှင့် မှူးတော်မတ်တော်အရာရှိ တို့ ခွဲဝေသွားရောက်ကြီးကြပ် ပွဲသဘင်ခင်းကျင်း ထွန်း လင်းပူဇော်ရသည်။ တစ်ဆယ့်ရှစ်ဌာနများသို့ မီးထွန်းလင်း လမ်းလျှောက် တီးမှုတ်ထမ်းရွက်စေရန် သေနတ်၊ အမြောက်၊ ဝင်း၊ ဒိုင်း၊ လှေ၊ ဘောင်၊ ရပ်ကွက်များက အသီးသီးထွက်သည့် အိုးစည်၊ ဒိုးပတ်၊ ပုံထောင်၊ မောင်း၊ တီးမှုတ်သူတို့ကို တစ်ကိုယ်လျှင် ငွေဒင်္ဂါးငါးပြားကျ သနားတော်မူသည်။ ယင်းသည့်နေ့ ရွှေနန်းတော် မြေနန်း တော်တောင်ဘက်တွင် တစ်ဆယ့်ခြောက်ဌာနဝင်္ကပါ၊ စိကြ နန္ဒာဝင်္ကပါများကို လုပ်ဆောင်ရသည်။ လပြည့်ကျော် ခုနှစ်ရက်န့ မြေနန်းတော်တောင်ဘက် သောဠ သဝင်္ကပါ ကို ပြီးပြေအောင်လုပ်ဆာင်၍ မီးထွန်းလင်းစေပြီးလျှင် အရှင်နှစ်ပါးထွက်စံတော်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article သီတင်းကျွတ်ပွဲတော်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.