ဂူဂယ်

ဂူဂယ် (အင်္ဂလိပ်: Google) ဆိုသည်မှာ အင်တာနက်တွင် ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် အွန်လိုင်းကြော်ငြာလုပ်ငန်းများကို ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နေသော အမေရိကန်နိုင်ငံရှိ အများနှင့်သက်ဆိုင်သော ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ် Mountain View တွင်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ၂၀၀၇ အထိ အချိန်ပြည့်အလုပ်သမား ၁၃၇၄၈ ဦး ရှိသည်ဟု သိရသည်။ ဂူဂယ်၏ဆောင်ပုဒ်မှာ ကမ္ဘာပေါ်ရှိသတင်းအချက်အလက်များကို စုစည်း၍ အားလုံးအသုံးချနိုင်ရန်နှင့် အကျိုးရှိအောင် သုံးနိုင်ရန် (Organize the world's information and make it universally accessible and useful.) ဟူ၍ ဖြစ်သည်။

ဂူဂယ်
အမျိုးအစားအများဆိုင်
လုပ်ငန်းအင်တာနက်
ကွန်ပျူတာဆော့ဖ်ဝဲလ်
ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ
တည်ထောင်သည့်နှစ်၁၉၉၈ စက်တင်ဘာ ၄
မိုင်လိုပါ့ခ်၊ ကယ်လီဖိုးနီးယားအမေရိကန်ပြည်ထောင်စု
တည်ထောင်သူများလယ်ရီပေ့ချ်
ဆာဂေး ဘရင်
ဌာနချုပ်ဂူဂယ်ပလက်စ်၊ မိုင်လိုပါ့ခ်၊ ကယ်လီဖိုးနီးယား, အမေရိကန်ပြည်ထောင်စု
ဝန်ဆောင်မှု ဧရိယာကမ္ဘာအနှံ့
အရေးပါ ပုဂ္ဂိုလ်များဆန်ဒါ ပစ်ချိုင်း (စီအီးအို)
ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၆၆.၀၀၁ ဘီလီယံ (၂၀၁၄)
အခွန်မဆောင်မီ ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၁၆.၄၉၆ ဘီလီယံ (၂၀၁၄)
အသားတင် ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၁၄.၄၄၄ ဘီလီယံ (၂၀၁၄)
ရင်းနှီးမြှုပ်နှံမှုIncrease အမေရိကန်ဒေါ်လာ ၁၃၁.၃၃ ဘီလီယံ (၂၀၁၄)
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease အမေရိကန်ဒေါ်လာ ၁၀၄.၅ ဘီလီယံ (၂၀၁၄)
အလုပ်သမားဦးရေ၅၃၆၀၀ (၂၀၁၄)
ကုမ္ပဏီခွဲအက်ဒ်မော့ဘ်၊ ဒါဘယ်ကလစ်၊ အွန်တူး နည်းပညာအသုံးချသိပ္ပံ၊ ပစ်နစ်၊ ယူကျူ့ဘ်၊ ဇေဂတ်၊ ဝေ့ဇ်၊ ဘလော့ဂါ၊ စလစ်လော့အင်၊ ဘော့စတွန် ဒိုင်းနမစ်၊ ဘမ့်ပ်၊ နက်စ် လပ်(ဓာတ်ခွဲခန်း)၊ ဒိဗ် မိုင်းန်၊ ဒဗလျူအိုင်အမ်အမ် တစ်(ဝမ်း)၊ ဗိုင်းရပ်စ်တိုတယ်၊ မော်တာရိုလာ မိုင်ဘိုင်လတီ၊ ဂူဂယ်ဝက်ဘ်ဆိုဒ်၊ ဂူဂယ်စတိုး(ဆိုင်)၊ ကီးဟိုး၊ ဂူဂယ် ချိုင်းနား (တရုတ်နိုင်ငံ ဂူဂယ်)၊ အိုင်တီအေ ဆော့ဖ်ဝဲလ်၊ အင်းမေ့(ဓာတ်ပုံ)အမေရိကား၊ ကယ်လ်တစ်ရှ်၊ ဖိဒ်ဘန်းနား၊ နီယိုတိုနစ် ဆော့ဖ်ဝဲလ်၊ ပိခ်စထရင်း၊ ပိုစတနီ၊ ဂူဂယ်အဖွဲ့ပေါင်းစုအောက်ရှိ ကွန်ယက်၊ ဒီမာ့ခ် ရုပ်သံလွှင့်၊ ဂျီ ဆုအိုင်တီ(တည်းခိုခန်း)၊ ဂူဂယ် ကလောပ်(တိမ်) ပလက်ဖောင်း၊ ဂျီဗွီ၊ အန်ဒိုရှန်၊ ဂူဂယ်စွမ်းအင်၊ ဘက်ဖာဘော့ရှ် စသည်တို့အပြင် အများအပြား
ဝက်ဘ်ဆိုက်google.com
ကိုးကား

ဂူဂယ်ကိုစတင်တည်ထောင်သူများမှာ ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော ကျောင်းသားနှစ်ဦးဖြစ်သော လယ်ရီပေ့ချ် နှင့် ဆာဂေး ဘရင် တို့မှ ဂူဂယ်အား ရှာဖွေရေး စီမံကိန်းတစ်ခုအဖြစ် ၁၉၉၆ ဇန်နဝါရီလ တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ ဂူဂယ်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ ပုဂ္ဂလိကကုမ္ပဏီ အဖြစ်စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သတ်မှတ်ခဲ့သည်။ အစကနဦး ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် စီးပွားရေးကြော်ငြာ လုပ်ငန်း များအပြင် ဝက်ဘ်ဆိုဒ်အခြေပြု အီလက်ထရောနစ် စာပို့စနစ်များ၊ အွန်လိုင်း မြေပုံလမ်းညွှန်များ၊ ရုံးသုံး ဆော့ဖ်ဝဲလ်များနှင့် အွန်လိုင်းတွင် ဗီဒီယိုဖိုင်များ ဝေမျှခြင်းများ လုပ်ငန်းများ ကို လုပ်ကိုင်လျက် ရှိသည်။

ဂူဂယ်သည် ဝက်ဘ်ဆိုဒ်ရှာဖွေရေးကို အဓိက လုပ်ဆာင်သော်လည်း တခြားသော အွန်လိုင်းသုံး ပရိုဂရမ်များကိုလည်း ထုတ်လုပ်ခဲ့သည်။ အွန်လိုင်းစာပို့မှုအတွက် ဂျီမေးလ် (အင်္ဂလိပ်:  Gmail)၊ အွန်လိုင်းသိုလှောင်မှုအတွက် ဂူဂယ်ဒရိုက်ဖ် (Google Drive)၊ အွန်လိုင်း ရုံးသုံးပစ္စည်း ဂူဂယ်ဒေါ့စ် (Google Docs) နှင့် လူမှုကွန်ရက်တစ်ခုဖြစ်သော ဂူဂဲလ်ပလပ်စ် (Google+) တို့ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် အသုံးပြရန်အတွက် အင်တာနက်ရှာဖွေရေး အက်ပလီကေးရှင်း၊ ဓာတ်ပုံတည်းဖြတ်ခြင်း အက်ပလီကေးရှင်း နှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများကိုလည်း ထုတ်ဝေထားသည်။ နောက်ထပ် အဓိက လုပ်ငန်းဖြစ်သောလုပ်ငန်းမှာ မိုဘိုင်းဖုန်းများတွင် လည်ပတ်မှု စနစ်ဖြစ်သော အန်းဒရွိုက် လည်ပတ်မှုစနစ် (Android OS) နှင့် ကွန်ပျူတာ လည်ပတ်မှုစနစ် ခရုန်း (Chrome OS) တို့ဖြစ်သည်။ အခုနောက်ပိုင်းတွင်အမာထည် လုပ်ငန်းများကိုလည်း တိုးချဲ့လာခဲ့သည်။ ပစ္စည်းကောင်း၍ ဈေးချိုသော နက်စပ်ဖုန်း (Nexus) နှင့် မိုတိုရိုလာ မိုဘိုင်းကို ၂၀၁၂ ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဂူဂယ် ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို ကန်စမြို့တွင် စတည်ခဲ့သည်။

ဂူဂယ်သည် တစ်ကမ္ဘာလုံးတွင် အချက်အလက်စင်တာများ တည်ဆောက်ထားပြီး ဆာဗာပေါင်း ၁ သန်းကျော်နှင့် လည်ပတ်နေသည်။ ၁ ရက်လျှင် အွန်လိုင်းရှာဖွေမှုပေါင်း သန်း ၁၀၀၀ ကျော်ကို ရှာဖွေပေးနေသည် (၂၀၀၉ ခုနှစ် အချက်အလက်များအရ)။ ၂၀၁၃ ဒီဇင်ဘာလ အချက်အလက်များအရ ဂူဂယ်ဝက်ဘ်ဆိုဒ် သည် ကမ္ဘာပေါ်တွင် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် အဖြစ်ရပ်တည်ခဲ့သည်။ ဂူဂယ်ဝက်ဘ်ဆိုဒ်ကို ဘာသာစကား မျိုးစုံဖြင့် ဖတ်ရှုနိုင်ပြီး တခြားလူသုံးများသော ဝက်ဘ်ဆိုဒ်များမှာ ယူကျုဘ် (YouTube) နှင့် ဘလော့ဂါ (Blogger) တို့ဖြစ်သည်။ Google ဟာဆိုရင်ဖြင့်တစ်ကမ္ဘာလုံးကအသုံးပြုနေသောအက်ပ်တစ်ခုဖြစ်သည်။ Google သည်လူကြိုက်အများဆုံးနေရာတစ်နေရာသိုရာက်ခဲ့ပြီဖြစ်သည်။ Google ဟာအလွန်အသုံးဝင်သာအက်ပ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

ဂူဂယ်သည် ၁၉၉၆ ဇန်နဝါရီလတွင် လယ်ရီပေ့ချ် (Larry Page) နှင့် ဆာဂေး ဘရင် (Sergey Brin) ဟူသော စတန်းဖို့ဒ် တက္ကသိုလ်မှ ပီအိပ်ချ်ဒီ ကျောင်းသား ၂ ယောက် တင်သွင်းခဲ့သော Search Engine အကြောင်း ရေးသားထားတဲ့ စာတမ်းတစ်စောင်မှ စတင်ခဲ့သည်။

အစပိုင်းတွင် သူတို့၏ Search Engine ကို BackRub လို့ အမည်ပေးခဲ့သည်။ ဆိုဒ်တစ်ခု၏ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် ယင်းမတိုင်မီက ထိုနည်းစနစ်ကို သုံးထားသော Rankdex အမည်ရှိ search engine တစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ သူတို့ နှစ်ယောက်သည် သီးစစ်လုပ်နေစဉ်အတွင်း ဂူဂယ် ဖြစ်လာမည့် search engine အတွက် အခြေခံများ တည်ဆောက်နိုင်ခဲ့ကြသည်။ အစပိုင်းတွင် သူတို့ search engine ၏ လိပ်စာသည် စတန်းဖို့ဒ် တက္ကသိုလ်၏ subdomain တစ်ခုဖြစ်သော google.stanford.edu အနေဖြင့် စတင်ခဲ့သည်။ google.com ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့တွင်မှ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၈ စက်တင်ဘာလ ၄ ရက်နေ့တွင် Google Inc. ကို သူငယ်ချင်းတစ်ယောက်၏ ကားဂိုထောင်ထဲတွင် စတင်ခဲ့သည်။ ထိုကဲ့သို စတင်နိုင်ရန်အတွက် လိုအပ်သော ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ မတ်လ တွင် ဆီလီကွန် တောင်ကြားတွင် ရှိသော Palo Alto သို့ ကုမ္ပဏီကို ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင် ထိုအဆောက်အဦးများကို ဂူဂယ်ပလက်စ်အဖြစ် လူသိများလာခဲ့သည်။ ဂူဂယ်သည် ရိုးစင်းသော ဒီဇိုင်းနှင့် လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြသည်။ ၂ဝဝဝ ခုနှစ်က စတင်ပြီး ဂူဂယ်တွင် Search Keywords တွေကို အခြေခံသော ကြော်ငြာများ စတင် ထည့်သွင်းလာခဲ့သည်။

ဂူဂယ် အမည် စတင်ဖြစ်ပေါ်လာပုံမှာ "googol" (၁ နောက်မှ သုည ၁၀၀ လုံး) ဟူသော စာလုံးကို "google" ဟု မှားပေါင်းရာက စလာခဲ့ခြင်းဖြစ်ကာ Merriam Webster Collegiate Dictionary နှင့် Oxford English Dictionary များတွင် google ၏ အဓိပ္ပာယ်ကို "အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် Search Engine ကို အသုံးပြုခြင်း" ဟု ၂၀၀၆ မှ စတင်ကာ ထည့်သွင်းခဲ့သည်။

အချက်အလက်စင်တာများ

၂၀၁၄ ခုနှစ်အထိ ဂူဂယ်သည် အမေရိကန်နိုင်ငံ တွင် အချက်အလက်စင်တာ ၆ ခု၊ ချီလီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် ထိုင်ဝမ်တို့တွင် စင်တာ ၁ ခုထိ ထားရှိလည်ပတ်နေသည်။ ၂၀၁၁ ခုနှစ်အတွင်းက နောက်ထပ် အာရှတိုက်တွင် အချက်အလက်စင်တာ ၃ ခု တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထပ်မံ ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ၎င်းအချက်အလက်စင်တာများကို စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့တွင် တည်ဆောက်မည်ဟု ကြေညာခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဝါရှင်တန်ပို့စ် သတင်းစာက ဂူဂယ်၏ အချက်အလက်စင်တာများကြား အချက်အလက်များပေးပို့မှုသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအေဂျင်စီမှ "MUSCULAR" ဟုခေါ်သော ပရိုဂရမ် နှင့် တားဆီးထားပြီး အချက်အလက်ပေးမှုများကြားတွင် မည်သို့မှ စာဝှက်ထားခြင်း (encrypt) မရှိကြောင်း ရေးသားခဲ့သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အချက်အလက်ပေးပို့မှုများတွင် စာဝှက်ထားမှုများ ပြုလုပ်ခဲ့သည်။

ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ

ဂူဂယ်၏ အဓိက ဆားဗစ်သည် Google web search engine ဖြစ်သော်လည်း အခြား ထင်ရှား လူကြိုက်များသော ဆားဗစ်များ ရှိသည်။ Google ၏အခြားဆားဗစ်တစ်ခုဖြစ်သော ဂျီမေးလ် သည်လည်း ထင်ရှားသော အီလက်ထရောနှစ် စာပို့စနစ်ဖြစ်သည်။ Google Reader၊ Google Document၊ Google Photo အစရှိသည်တို့သည် ၎င်း၏ အခမဲ့ ဆားဗစ်များဖြစ်ကြသည်။ အခမဲ့ ဆားဗစ်ဟုဆိုသော်လည်း ၎င်းတို့ သတ်မှတ်ပေးထားသော ၁၅ GB ပြည့်သွားပါက ငွေပေး၍ ဝယ်ယူအသုံးပြုနိုင်သည်။ Google Chrome သည်လည်း သွက်လက်ပေါ့ပါးသော Browser တစ်ခုဖြစ်သည်။

ဆော့ဖ်ဝဲများ

ဂူဂယ်သည် သူ၏ Google Web Mail Service ထဲတွင် ဖုန်းဝန်ဆောင်မှုအသစ် ထပ်မံထည်သွင်းလိုက်သည်။ ယခင်က ဖုန်းခေါ်ဆိုနိုင်သော်လည်း Gtalk တွင် @gtalk2viop ဆိုသော address ကိုတဆင့်ခံပြီး ဖုန်းနံပါတ်ရိုက်ထည့်မှ ခေါ်ဆိုနိုင်ခဲ့သည်။ ယခု feature အသစ်တွင် Phone feature အပြည့်ပါဝင်လာသောကြောင့် ခေါ်ဆိုမှု ပိုမိုအဆင်ပြေလာသည်။ နိုင်ငံကုဒ် ကိုလည်း တပါတည်း တွဲထည့်ပေးထားသည်။ ၎င်း feature အသစ်တွင် ခေါ်ဆိုမှု မှတ်တမ်း၊ ဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် အွန်လိုင်းမှ ငွေအလွယ်တကူခြေနိုင်သော လုပ်ဆောင်ချက်များ ထည့်ပေးထားသည်။

စီးပွားရေး ထုတ်ကုန်များ

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဂူဂဲလ်ရှာဖွေရေးပစ္စည်း (Google Search Appliance) ဟု အမည်ရသော ပရိုဂရမ်ကို စတင်မိတ်ဆက်ခဲ့သည်။ ကြီးမားသော အဖွဲ့အစည်းများအတွက် နည်းပညာ ရှာဖွေမှုများကို ပိုမိုထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ၃ နှစ်ကြာသောအခါ သေးငယ်သော အဖွဲ့အစည်းများအတွက် ရည်ရွယ်သော မီနီဗားရှင်း ကိုမိတ်ဆက်ခဲ့သည်။ ၂၀၀၆ ခုနှစ် နှောင်းပိုင်းတွင် စိတ်ကြိုက်ရှာဖွေရေး။ စီးပွားရေး အက်ဒီရှင် (Custom Search Business Edition) ကို စတင်ရောင်းချခဲ့သည်။ ယင်းသည် ဂူဂယ်ဝက်ဘ်ဆိုဒ်] ကို ကြော်ငြာများမပါဝင်ဘဲ အသုံးပြုနိုင်သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ဝန်ဆောင်မှုကို အွန်လိုင်းဝန်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့သည်။

ဂူဂယ် အက်ပလီကေးရှင်း များကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ဂျီမေးလ် နှင့် ဂူဂယ်ဒေါ့စ် တို့ကို ကိုယ်ပိုင်ဒိုမိန်းဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော ဝန်ဆောင်မှုများကို Edition အမြောက်အမြား ထုတ်ဝေခဲ့သည်။ အခြေခံ အခမဲ့ (စံသတ်မှတ်ထားသော Edition)၊ စီးပွားရေး၊ ပညာရေး နှင့် အစိုးရအတွက် စသည်ဖြင့် အမျိုးမျိုးထုတ်ဝေခဲ့သည်။

ကော်ပိုရိတ်ရေးရာ နှင့် ယဉ်ကျေးမှု

ဖော်ကျွန်းမဂ္ဂဇင်း၏ ဖော်ပြချက်အရ ဂူဂယ်ကုမ္ပဏီသည် ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တို့မှ အလုပ်လုပ်ရန်အတွက် အကောင်းဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းခံရသည်။ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တို့တွင် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၀ တွင် ဘွဲ့ရလူငယ်များအတွက် အလုပ်လုပ်ရန် ဆွဲဆောင်မှုအရှိဆုံးကုမ္ပဏီအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ဂူဂယ်၏ လုပ်ငန်းရေးရာ ဆောင်ပုဒ်များမှာ "မကောင်းတာမလုပ်ဘဲ ပိုက်ဆံရနိုင်တယ်"၊ "သင်ဟာ တူညီဝတ်စုံမဝတ်ဘဲ လူအများလေးစားရသောလူဖြစ်နိုင်သည်"၊ "အလုပ်ကို စိန်ခေါ်ရမည်ဖြစ်ပြီး၊ စိန်ခေါ်မှုဟာ ပျော်စရာဖြစ်သင့်ပါတယ်" တို့ ဖြစ်သည်။

၂၀၁၃ ခုနှစ် အချက်အလက်များအရ ဂူဂယ်တွင် ဝန်ထမ်း ၄၇၇၅၆ ဦး အလုပ်လုပ်နေကြကာ ဆော့ဝဲလ် ရေးသူ ၁ သောင်းကျော် ပါဝင်ပြီး ရုံးခွဲ ၄၀ ကျော်တွင် ရုံးစိုက်ထားသည်။

ကိုးကား

Tags:

ဂူဂယ် သမိုင်းကြောင်းဂူဂယ် အချက်အလက်စင်တာများဂူဂယ် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဂူဂယ် ကော်ပိုရိတ်ရေးရာ နှင့် ယဉ်ကျေးမှုဂူဂယ် ကိုးကားဂူဂယ်ကယ်လီဖိုးနီးယားပြည်နယ်အင်္ဂလိပ်ဘာသာစကားအမေရိကန်နိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ရှင်စောပုအောင်ဆန်းစုကြည်ကောသလမင်း အိပ်မက် (၁၆)ချက်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတူရကီနိုင်ငံလုံချည်မောရသုတ်အသည်းရောင် အသားဝါ ရောဂါ စီပိုးယူကျု(ဘ်)သီတဂူဆရာတော်ပဲခူးတိုင်းဒေသကြီးကာတာနိုင်ငံရှမ်းညီနောင်သုံးဦးအင်းဆက်မြန်မာနိုင်ငံ၏ အလံများ စာရင်းဗောဇ္ဈင်္ဂသုတ်ကလောမြို့ကျန်းမာရေး ဝန်ကြီးဌာနအင်းဝခေတ်ကလေးမြို့စစ်အေးတိုက်ပွဲဝိနည်းအီဂျစ်နိုင်ငံတို့ဗမာအစည်းအရုံးနေဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းဣဒ္ဓိပါဒ်မော်တင်စေတီတော်ငွေ (သတ္တု)အရေပြားလေးဘက်နာရောဂါသံလိုက်ပွေး(ရောဂါ)မန်ချက်စတာ ယူနိုက်တက်မြိတ်မြို့မြန်မာနိုင်ငံသမိုင်းအမျိုးသမီးများ၏ အခွင့်အရေးဇွဲကပင်တောင်နေပြည်တော်မြို့တာရာမင်းဝေရွှေဝါရောင် တော်လှန်ရေးအငဲမဟော်သဓာဇာတ်တော်နာဂလူမျိုးဂီတာယောနဝတ္ထု နိဒါန်းပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမြန်မာအက္ခရာမြန်မာအမျိုးသမီးများနေ့စိုးထွဋ်နဂါးရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား ကျူးကျော်ခြင်း (၂၀၂၂ ခုနှစ်)စပါးသုတ္တန်ပိဋကတ်အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ဒွေးမော်လမြိုင်ကျွန်းဘာဂျာမှုတ်ခြင်းဒုတိယ ကမ္ဘာစစ်အပြင် ၃၇ မင်းမြန်မာပိတောက်ဝ လူမျိုးဈာန်ခွေးရူးပြန်ရောဂါစစ်ကိုင်းပြတ်ရွေ့ကြောရတုအန္တာတိကမိတ္ထီလာမြို့ရဟန်းကမ္ဘာ့လူဦးရေဗိုင်းရပ်စ်ဓမ္မရံကြီးဘုရားချင်းမိုင်မြို့မဟာသီဟသူရနေဝင်း (ဗိုလ်ချုပ်ကြီး)သောမတ် အက်ဒီဆင်🡆 More