ကားလိုး ကော်လိုဒီ: အီတလီစာရေးဆရာ

ကားလိုး လော်ရင်ဇီနီကို သူ၏ကလောင်နာမည်ဖြစ်သော ကားလိုး ကော်လိုဒီ (Carlo Collodi) အမည်ဖြင့် လူသိများသည်။ ၁၈၂၆ခုနှစ်၊ နိုဝင်ဘာလ၂၄၇က်နေ့ တွင် အီတလီနိုင်ငံ၊ ဖလော်ရင့်စ်မြို့တွင် မွေးဖွားသည်။ အီတလီကလေးစာပေ စာရေးဆရာတစ်ဦး ဖြစ်သည်။ သူ၏ထင်ရှားသော ကမ္ဘာကျော်စာအုပ်မှာ နတ်သမီး ပုံဝတ္တုရှည်ဖြစ်သော ပင်နော့ချီယို၏ စွန့်စားခန်းများ စာအုပ်ဖြစ်သည်။

ကားလိုး ကော်လိုဒီ
ကားလိုး ကော်လိုဒီ: အီတလီစာရေးဆရာ
Carlo Collodi
မွေးဖွားကားလိုး လော်ရင်ဇီနီ
(1826-11-24)၂၄ နိုဝင်ဘာ၊ ၁၈၂၆
ဖလော်ရင့်စ်မြို့, တပ်စကန်နီနယ်စားအုပ်ချုပ်သောနယ်
ကွယ်လွန်၂၆ အောက်တိုဘာ၊ ၁၈၉၀(1890-10-26) (အသက် ၆၃)
Zurich, Switzerland
ထာဝရ အိပ်စက်ရာဖလော်ရင့်စ်မြို့ အီတလီ။
အလုပ်အကိုင်စာရေးဆရာ
စာပေအမျိုးအစားကလေးစာပေ

အလုပ်အကိုင်

၁၈၄၈ခုနှစ်မှ ၁၈၆၀ပြည့်နှစ်အကြား ဖြစ်ပွားသော အီတလီလွတ်မြောက်ရေးစစ်ပွဲကာလအတွင်း ကော်လို ဒီသည် စေတနာ့ဝန်ထမ်းအဖြစ် တပ်စကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးဖြစ်ရပ်များတွင် သူ၏စိတ်ပါ ဝင်စားမှုကို သူ၏အစောပိုင်းရေးသားသောစာများတွင် တွေ့နိုင်လေသည်။ သူသည် သရော်စာများဖော်ပြသော သတင်းစာ တစ်စောင်ကိုလည်း ထုတ်ဝေခဲ့သည်။ သို့သော် ယင်းသတင်းစာသည် ၁၈၄၉ခုနှစ်တွင် တပ်စကန်နီနယ်စားကြီး၏ အမိန့် ဖြင့် ပိတ်ပင်ခြင်းခံရသည်။ သို့သော်လည်း ၁၈၆၀ပြည့်နှစ်၊ မေလတွင် ပြန်လည်ထွက်ပေါ်လာသည်။

လော်ရင်ဇီနီသည် ၁၈၅၆ခုနှစ်တွင် သူ၏ဝတ္တုရှည် In vapore နှင့် အောင်မြင်မှုကိုရရှိလေသည်။ယင်းနောက် အခြားသော နိုင်ငံရေးဆိုင်ရာ သတင်းစာများတွင်လည်း ပါဝင်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ဇာတ်ခုံဆိုင်ရာဆင်ဆာကော် မရှင်တွင်လည်း ဝင်ရောက်လုပ်ကိုင်လေသည်။ ယင်းကာလအတွင်း သူသည် သရော်စာများစွာကို ရေးသားခဲ့သည်။

၁၈၇၅ခုနှစ်တွင် သူသည် ကလေးစာပေလောကသို့ ဝင်ရောက်လာသည်။ ချားလ်ပဲရော့လ်ဒ်၏ ပြင်သစ်နတ်သမီးပုံပြင် များကို ဘာသာပြန်ထားသည့် ရက်ကွန်တီ ဒဲလ်ဖိတ်ကို ထုတ်ဝေခဲ့သည်။ ၁၈၇၆ခုနှစ်တွင် ဂျီအန်နတ်တီနိုကို ရေး သားခဲ့သည်။ ယင်းမှာ အလက်ဇန်းဒရိုးလ် လူအီဂီ ပယ်ရာဗီချီနီ၏ ဂျီအန်နတ်တိုကို မှီငြမ်းကာ ရေးသားထားခြင်း ဖြစ် သည်။ ဂျီအန်နတ်တီနိုနှင့် ယင်း၏နောက်ဆက်တွဲစာအုပ်များသည် အီတလီပြည်ပြန်လည်ပေါင်းစည်းရေးအတွက် ဇာတ် ကောင် ဂျီအန်နတ်တီနို၏ စိတ်ကူးများ၊ လှုပ်ရှားမှုများအကြောင်း ဖြစ်သည်။

လော်ရင်ဇီနီသည် ၁၈၈၀ပြည့်နှစ်တွင် လက်ထိုးရုပ်သေးရုပ်ကလေးတစ်ရုပ်၏ ဇာတ်လမ်းအမည်ရှိပုံဝတ္တုကို ကလေး များအတွက် အပတ်စဉ်ထုတ်ဝေသည့် ပထမဆုံးအီတလီကလေးသတင်းစာတွင် ရေးသားခဲ့သည်။ ယင်းပုံဝတ္တုကို ပင်နော့ချီယို၏စွန့်စားခန်းများဟုလည်း လူသိများသည်။

ကွယ်လွန်ခြင်းနှင့်အမွေ

လော်ရင်ဇီနီသည် ၁၈၉၀ပြည့်နှစ်တွင် ဖလော်ရင့်စ်မြို့၌ ကွယ်လွန်သည်။ သူဖန်တီးခဲ့သည့် အနု ပညာများမှ ပေါ်ပေါက်လာမည့်ကျော်ကြားမှုနှင့် လူကြိုက်များမှုများကို ဂရုမမူနိုင်တော့ပေ။ ပင်နော့ချီယိုသည် စာရေး ဆရာနှင့်မသက်ဆိုင်ဘဲ သီးခြား အောင်မြင်သွားခဲ့သည်။

ကိုးကား

Tags:

စာရေးဆရာစာအုပ်အီတလီနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ငွေမန္တလေးမြို့စုန်းကဝေအတတ်ခွေးရူးပြန်ရောဂါကျိုက္ကဆံစေတီတော်ဦးသန့်မွန်လူမျိုးဗမာပြည် ကွန်မြူနစ်ပါတီရေမုန့်ဟင်းခါးမြန်မာ့တပ်မတော် သမိုင်းကြောင်းသိန်းစိန် (နိုင်ငံတော်သမ္မတ)စကားထာမော်လမြိုင်မြို့အမေရိကန်ပြည်ထောင်စုကလေးမြို့မိမိကိုယ်ကို သတ်သေခြင်းချမ်းမြေ့မောင်ချိုကြက်ဟင်းခါးပင်ရှင်စောပုရှမ်းပြည်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မြွေပါနဝရတ် ကိုးပါးရေသူမတရုတ်စံကားအသောကမင်းစာပေရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းမြန်မာနိုင်ငံရှိ ပွဲတော်များကယားလူမျိုးရေမွန်ဖူးပွင့်ခိုင်တို့ဗမာအစည်းအရုံးချင်းလူမျိုးမြင်းမိုရ်လိပ်ပြာနှင့် ပိုးဖလံများ၃၈ ဖြာ မင်္ဂလာအောင်ခြင်း ၈ ပါးစောမောင် (ဗိုလ်ချုပ်မှူးကြီး)ဝီကီမီဒီယာ ဖောင်ဒေးရှင်းလင်ခန်းမယားခန်း ပြတ်စဲခြင်းပိန္နဲပင်အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်အိတ်ချ်အိုင်ဗွီ ရောဂါပိုးငှက်ဖျားရောဂါကုသိုလ်တော် ဘုရား(မန္တလေး)ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများဩကာသ ဘုရားရှိခိုးဂုဏ်ဆယ်ပါးတက္ကသိုလ်ဘုန်းနိုင်ကျောက်ဖြူမြို့ကစားခုန်စားခြင်းအရိယာမြန်မာနိုင်ငံ၏ အမည်များမန္တလေး နန်းတော်ခန္ဓသုတ်ရှမ်းပြည်နယ်ယောက်ျား အင်္ဂါတံရှမ်းလူမျိုးသိပ္ပံပညာအထူးဥပဒေများမင်းကွန်းတိပိဋကဆရာတော်စကားပုံအမျိုးသမီးငါးပိအင်္ဂလိပ်ဘာသာစကားဆယ်ပါးသီလစိုင်းစိုင်းခမ်းလှိုင်မျှော့ဝါရီရူးမင်းမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ပရိက္ခရာ ၈-ပါးဗုဒ္ဓ🡆 More