သခွတ်ပင်: အပင်မျိုးစိတ် တစ်မျိုး

သခွတ်ပင်သည် အသုရာနတ်ပြည်၏ အထိမ်းအမှတ် သစ်ပင်အဖြစ် ကျမ်းဂန်များတွင် ထင်ရှားသည်။ ကျမ်းဂန်အဆိုအရ ဘုရားအလောင်း မာဃလုလင်သည် သိကြားဖြစ်သောအခါ ရှိရင်းသိကြားကို တာဝတိံသာမှပယ်ချလိုက်ရာ မြင်းမိုရ်တောင်ခြေရှိ အသုရာ ပြည်သို့ရောက်လေ၏။ အသုရာပြည်၏ အခင်းအကျင်းတည်နေပုံသည် တာဝတိံသာနတ်ပြည်နှင့် အတူတူပင်ဖြစ်ရာ အသုရာနတ်တို့၏စိတ်၌ အသုရာ ပြည်ကို တာဝတိံသာဟုပင်ထင်မှတ်နေကြ၏။ သခွတ်ပင်များပွင့်ချိန်ရောက်မှ ပင်လယ်ကသစ်ပွင့်ရာ တာဝတိံသာနတ်ပြည်မဟုတ်မှန်းသိသဖြင့် တာဝတိံသာ သို့ စစ်ချီတက်တိုက်ခိုက်ကြလေသည်။ ယင်းသို့ နှစ်စဉ် သခွတ်ပွင့်ချိန်တွင် စစ်ချီတက်ရာ၌ မြည်သောအသံကိုမိုးထစ်ချုန်းသည်ဟု ပြောလေ့ပြောထရှိလေသည်။ ထိုကြောင့် သခွတ်ပင်သည် မိုးဦးကာလ၌ ပွင့်သည်ဟု ယူရာသည်။ သိကြား နှင့်အသူရာတို့ သခွတ်ပွင့်ချိန်စစ်ခင်းကြပုံကို တေးရေး မြို့မငြိမ်းက သခွတ်ပန်းရုပ်ရှင်၏ ဇာတ်ဝင်သီချင်းဖြစ်သည့် ကသစ်ပန်း/သခွတ်ပန်း အမည်ဖြင့် ခေတ်စမ်း သီချင်းတစ်ပုဒ်တေးပြုစပ်ဆိုဓာတ်ပြားသွင်းခဲ့ရာ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

Dolichandrone spathacea
သခွတ်ပင်: စာပေအနုပညာထဲမှ သခွတ်ပင်, အပင်, အမျိုးအစား
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Bignoniaceae
Clade: Paleotropical clade
မျိုးစု: Dolichandrone
မျိုးစိတ်:
D. spathacea
ဒွိနာမ
Dolichandrone spathacea
Synonyms
  • Bignonia longissima Lour. nom. illeg.
  • Bignonia spathacea L.f.
  • Dolichandrone longissima (Lour.) K.Schum.
  • Dolichandrone rheedei (Spreng.) Seem.
  • Pongelia longiflora Raf. nom. inval.
  • Spathodea diepenhorstii Miq.
  • Spathodea grandiflora Zipp. ex Span.
  • Spathodea longiflora P.Beauv.
  • Spathodea loureiroana DC.
  • Spathodea luzonica Blanco
  • Spathodea rheedei Spreng.
  • Spathodea rostrata Span.
သခွတ်ပင်: စာပေအနုပညာထဲမှ သခွတ်ပင်, အပင်, အမျိုးအစား
သခွတ်ပင် အပင်ငယ်၏ ပုံ

စာပေအနုပညာထဲမှ သခွတ်ပင်

အပင်

သခွတ်ပင်သည် နွေအခါ၌ အရွက်ကြွေသော အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ ဗစ်နိုးနီးယားစီအီး (Bignoniaceae) မျိုးရင်းဝင်ဖြစ်၏။ ရုက္ခဗေဒအမည်အားဖြင့် ဒိုလီချန်ဒရုန်းကရစ္စပါ ဟုခေါ်သည်။ သခွတ်ပင်သည် ပေ ၄ဝ မှ ၆ဝအတွင်းမြင့်သည်။ ပါဠိဘာသာဖြင့် ဃောသာချဟုခေါ်သည်။ ယင်းမှာ ဃောကြေ၍ သာချမှ သခွတ်ဖြစ်လာသည်ဟု ဆိုကြသည်။

အမျိုးအစား

သခွတ်နှစ်မျိုးရှိသည်။ သခွတ်ဖိုနှင့် သခွတ်မဖြစ်သည်။ သခွတ်ဖို၏ ရုက္ခဗေဒအမည်မှာ စတီရီယိုစပါမံပါဆိုနာတမ် (Stereospermum personatum) ဟုခေါ်၍ သခွတ်မကို ဒိုလီချန်ဒရုန်းစပါသာဆီး (Dolichandrone spathacea) ဟုခေါ်သည်။

ပေါက်ရောက်ရာဒေသ

သခွတ်ဖိုပင်ကို မြန်မာနိုင်ငံ အထက်ပိုင်း၌ တွေ့ရ၍ သခွတ်မပင်ကို မြန်မာနိုင်ငံတစ်ဝှန်းလုံး၌ တွေ့ရသည်။ သခွတ်ပင်များကို အထူးသဖြင့် စစ်ကိုင်းပျဉ်းမနားသံတွဲမြို့များ၌ တွေ့နိုင်သည်။

အရွက်

သခွတ်ပင်၏အရွက်သည် အလျားသုံးလက်မခန့်ရှိ၍ အဖျားချွန် သည်။ တစ်ခါတစ်ရံ အရွက်နှုတ်ခမ်းသားသည်ခွေးသွားစိတ်ကဲ့သို့ ဖြစ်နေတတ်သည်။ အရောင်သည် စိမ်းရင့်ရောင်ပြောင်လက်နေသည်။

ပန်းပွင့်

ဇူလိုင်လမှအောက်တိုဘာလအတွင်း အပွင့်များပွင်သည်။ သခွတ်ပွင့်သည် မလွှပွင့် ကဲ့သို့ အဝကား၍ နံနက်စောစောအချိန် အပင်မှကြွေကျလေ့ရှိသည်။ အနီရောင် အဆင်းရှိသောအပွင့်ပွင့်သည့် သခွတ်ပင်မျိုးလည်းရှိသည်ဟု ဆေးကျမ်းများ၌ ဆိုသည်။

တိုင်းရင်းဆေး

မြန်မာဆေးကျမ်းအလိုအရ သခွတ်ပွင့်အနီအဖြူ နှစ်မျိုးစလုံးပင် ချိုဖန်ခါးရသာရှိ၏။ အေး၏။ အစာကိုပွစေတတ်၏။ သွေးသလိပ်ကိုနိုင်၏ ဟုဆိုသည်။ သခွတ်ပွင့်ကို ပြုတ်သုတ်ချက်စားလျှင် အသံပျက်သူတို့ အသံ ထွက်လာသည်ဟု ဆိုလေသည်။

စားစရာ

သခွတ်ပွင့် ကို ပြုတ်သုတ်၍ ဖြစ်စော၊ ကြော်၍ဖြစ်စေ စားသုံးကြသည်။


ကိုးကား

Tags:

သခွတ်ပင် စာပေအနုပညာထဲမှ သခွတ်ပင် အပင်သခွတ်ပင် အမျိုးအစားသခွတ်ပင် ပေါက်ရောက်ရာဒေသသခွတ်ပင် အရွက်သခွတ်ပင် ပန်းပွင့်သခွတ်ပင် တိုင်းရင်းဆေးသခွတ်ပင် စားစရာသခွတ်ပင် ကိုးကားသခွတ်ပင်မာဃမြင်းမိုရ်တောင်မြို့မငြိမ်းသိကြားအသုရာ

🔥 Trending searches on Wiki မြန်မာဘာသာ:

သင်္ချာရွှေအိမ်သည်ညောင်ရမ်းခေတ်စိန်နန္ဒမာလာဘိဝံသတဖုဿနှင့် ဘလ္လိကကားလိုး ကော်လိုဒီရခိုင်ပြည်နယ်မြင်းမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းမြန်မာသရုပ်ဆောင်များစာရင်းခြင်းလုံး ကစားခြင်းပုညခင်မင်းလူမိန်းမ မျိုးပွားအင်္ဂါဗျသနတရားငါးပါးမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်တက္ကသိုလ်ဘုန်းနိုင်လောင်းကစားခြင်းဦးသန့်ပထမ ကမ္ဘာစစ်ပထမ အင်္ဂလိပ် - မြန်မာစစ်ပူတာအိုမြို့လူ၏ အရိုးဖွဲ့စည်းပုံအလက်ဇန္ဒား ဂရေဟမ် ဘဲလ်သက်မွန်မြင့်သက်ရှိမန်ကျည်းရှင်သီဝလိဂါထာစက်တင်ဘာ ၁၈၈၃ဝေဿန္တရာဇာတ်တော်ခရေပင်မဂ္ဂင် ၈ ပါးညောင်ရမ်းမင်းဆက်မဟော်သဓာဇာတ်တော်သင်္ဂါယနာဆင်နက်ပကျွန်းဂြိုဟ်သဿမေဓခွန်ဆိုကရေးတီးမြန်မာနိုင်ငံ၏ အမည်များလောက (ဗုဒ္ဓဘာသာ)ပထဝီဝင်မြန်မာ့သမိုင်းလက်မကာရ (ဗေဒင်)ဓာရဏပရိတ်ပရိမိတ္တဇာလသုတ်မြန်မာနာမည်ဘရူနိုင်းနိုင်ငံဆခွဲကိန်းမာ့ခ် ဇက်ကာဘာ့ဂ်မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများလင်ခန်းမယားခန်း ပြတ်စဲခြင်းအိန္ဒိယနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနမိုးမခပင်ရေးမြို့မဟော်သဓာဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်မြိတ်ကျွန်းစုစိတ်ပညာရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပင့်ကူကလေးမြို့သာလွန်မင်းအစိုးရမဟာဘုတ်စီးပွားရေးဘီလီယံလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဆိုရိုးစကားဥပုသ်🡆 More