ကမ္ဘာမြေပေါ်မှ သက်ရှိများ:
သက်ရှိ | |
---|---|
အာခီးယာ, Cyanobacteria, Bacillus, Campylobacteria, Enterobacteria, Diplococcus, နှင့် Spirochete တို့ပါဝင်သော Prokaryote ၏ မျိုးစုံမျိုးကွဲအဖုံဖုံ ကွဲပြားမှု | |
ဝံပုလွေ, Giant sequoia, Entodinium, Amanita caesarea, Pterois antennata, ရေညှိပွင့်များ, Chrysotoxum verralli, Xanthoparmelia သစ်ကပ်မှော်, Dictyostelium, နှင့် Pillar coral တို့ပါဝင်သော ယူကာယုတ်၏ မျိုးစုံမျိုးကွဲအဖုံဖုံ ကွဲပြားမှု | |
မျိုးရိုးခွဲခြားခြင်း | |
နယ်ပယ်များ နှင့် မဟာအုပ်စုကြီးများ | |
|
ရုပ်ဝတ္ထုတစ်ခု၌ ဆဲလ်အချက်ပြခြင်းနှင့် ကိုယ်အားကိုယ်ကိုး ရှင်သန်ရပ်တည်နိုင်ခြင်းစသည့် ဇီဝဖြစ်စဉ်များ ပါရှိခြင်းသည် "သက်ရှိ"(ဖြစ်ခြင်း)၏ ဝိသေသလက္ခဏာဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် (သေဆုံးသွားသဖြင့်) ဤသို့သော ဇီဝဖြစ်စဉ်များ ရပ်တန့်သွားသောကြောင့်ဖြစ်စေ၊ ဤသို့သော ဇီဝဖြစ်စဉ်များသည် ကနဦးကတည်းက လုံးဝကင်းမဲ့သောကြောင့်ဖြစ်စေ ၎င်း ရုပ်ဝတ္ထုများကို "သက်မဲ့"ဟု ခေါ်ဆိုနိုင်သည်။ အပင်များ၊ တိရစ္ဆာန်များ၊ မှိုများ၊ ပရုတ်တင့်စ်များ(protists)၊ အာခိယာ(archea)၊ ဘက်တီးရီးယားအစရှိသဖြင့် သက်ရှိပုံစံအမျိုးမျိုး တည်ရှိသည်။ ဤသို့သော သက်ရှိများကို လေ့လာသည့် သိပ္ပံပညာရပ်ကို ဇီဝဗေဒဟု ခေါ်သည်။
သက်ရှိ(ဖြစ်ခြင်း)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သိပ္ပံပညာရှင်များနှင့် အတွေးအခေါ်ပညာရှင်များကို ကာလကြာရှည်စွာ စိန်ခေါ်နေသော အကြောင်းအရာတစ်ခုဖြစ်ပြီး၊ ကွဲပြားခြားနားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးစုံကို တွေ့ရှိနိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ "သက်ရှိခြင်း"သည် ရုပ်ဝတ္ထုတစ်ခုမဟုတ်ပဲ၊ ဖြစ်စဉ်တစ်ခုဖြစ်နေသောကြောင့်လည်း တစ်ပိုင်းဖြစ်သည်။ကမ္ဘာ့အပြင်ဘက်၌ရှိနေနိုင်သော သက်ရှိဝတ္ထုများ၏ ဝိသေသလက္ခဏာများအကြောင်းကို မသိရှိနိုင်သေးခြင်းကလည်း ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ပြုရာ၌ ပိုမိုရှုပ်ထွေးလာစေသည်။ ဒဿနိကဗေဒအားဖြင့် "သက်ရှိ"(ဖြစ်ခြင်း)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထုတ်ဖော်ဖွင့်ဆိုကြရာ၌လည်း၊ အရာဝတ္ထုများကို သက်ရှိသက်မဲ့ခွဲခြားရာတွင် တခြားဗေဒများကဲ့သို့ပင် အခက်အခဲများတွေ့ကြသည်။ တရားဥပဒေအားဖြင့် "သက်ရှိ"(ဖြစ်ခြင်း)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင် ယေဘုယျအားဖြင့် လူတစ်ယောက်ကို မည်သည့်အချိန်တွင် သေဆုံးသည်ဟု ကြေညာမည်ဟူသော ဆုံးဖြတ်ချက်နှင့် ဤဆုံးဖြတ်ချက်၏ ဥပဒေအကြောင်းအရ အကျိုးဆက်များကို အဓိကအာရုံထားကာ ဖော်ပြကြပြီး၊ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် အချေအတင်ဝေဖန်ဆွေးနွေးကြသည်။
"သက်ရှိ"၏ အများစုသဘောတူသော အဓိပ္ပာယ်ဖွင့်ဆိုချက် အတိအကျမရှိသောကြောင့်၊ ဇီဝဗေဒဆိုင်ရာ သက်ရှိ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အများစုမှာ "သရုပ်ဖော်"(descriptive) ဖွင့်ဆိုချက်များသာ ဖြစ်သည်။ သက်ရှိသည် ၎င်းနေထိုင်သော သဘာဝပတ်ဝန်းကျင်တစ်ခုအတွင်း၌ ၎င်း၏ ဖြစ်တည်မှုကို ထိန်းသိမ်းခြင်း၊ တိုးမြှင့်ခြင်း သို့မဟုတ် ပိုမိုခိုင်မာစေသောဟူသော ဝိသေသလက္ခဏာကို ပြသနိုင်မှုရှိသူ ဖြစ်သည်။ ဤဝိသေသလက္ခဏာ၌ အောက်ပါစရိုက်များအားလုံး သို့မဟုတ် အများစုကို မြင်နိုင်သည်။
ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်မှုများ (physiological functions) ဟုခေါ်သော ဤရှုပ်ထွေးသော ဖြစ်စဉ်များတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာဖြစ်စဉ်များအပေါ် အခြေခံပြီး၊ သက်ရှိဖြစ်တည်မှုကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သော အချက်ပြခြင်းနှင့် ထိန်းချုပ်ခြင်း ယန္တရားများ (signaling and control mechanisms) ပါဝင်သည်။
ဗိုင်းရပ်စ်များကို သက်ရှိဟု မှတ်ယူသင့်မသင့်မှာ အငြင်းပွားဖွယ် ဖြစ်သည်။ ၎င်းတို့ကို သက်ရှိပုံစံများ (forms of life)ဟု မှတ်ယူမည့်အစား ပုံတူပွားသူများ (replicators) အဖြစ် အများအားဖြင့် ယူမှတ်ကြသည်။ ၎င်းတို့သည် မျိုးရိုးဗီဇရုပ်များ (genes)ကို ပိုင်ဆိုင်ထားခြင်း၊ သဘာဝရွေးချယ်ခြင်း (Natural selection)ဖြင့် တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာမှုရှိခြင်းတို့ကြောင့်လည်းကောင်း၊ ကိုယ်တိုင် ပုံစံတူကောင်များပွားခြင်း (self-assembly) ပုံစံတူကောင်များ ဖန်တီးလေ့ရှိခြင်းကြောင့်လည်းကောင်း၊ "သက်ရှိအုပ်စု အစွန်းပိုင်းရှိ သက်ရှိရုပ်စုများ" (organisms at the edge of life) အဖြစ်လည်း ဖော်ပြကြသည်။ သို့သော် ဗိုင်းရပ်စ်များသည် ဇီဝဖြစ်စဉ်များကို ကိုယ်တိုင်မဆောင်ရွက်နိုင်သဖြင့် ရှင်သန်ပွားများရန် အိမ်ရှင်ဆဲလ် လိုအပ်သည်။ အိမ်ရှင်ဆဲလ်များအတွင်းရှိ ဗိုင်းရပ်စ်တို့၏ မိမိကိုယ်တိုင် ပုံစံတူကောင်များပွားခြင်း (self-assembly)သည် သက်ရှိများ၏ မူလအစ (origin of life) ကိုလေ့လာမှုအပေါ် သက်ရောက်မှုရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှိများသည် ကိုယ်တိုင် မျိုးပွားနိုင်သော အော်ဂဲနစ်မော်လီကျူးများ (organic molecules) အနေနှင့် စတင်ခဲ့သည်ဟူသော အယူအဆကို အထောက်အကူပြုနိုင်ခြင်းကြောင့် ဖြစ်သည်။
ဤ ဇီဝဗေဒနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article သက်ရှိ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.