လက်

လူ၏ စိတ်ဆန္ဒအရ အမျိုးမျိုး လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းရှိသော ကိုယ်ခန္ဓာ၏ အလွန်အသုံးဝင်သည့်အစိတ်အပိုင်းမှာ လက်ဖြစ်၏။ လူတို့၏ လက်နှင့် တိရစ္ဆာန်တို့၏ လက်သည် အလွန်ကွာခြား၏။ လူနှင့် အတူဆုံး အနီးစပ်ဆုံးဟုဆိုကြသည့် လူဝံပင် လူကဲ့သို့ လက်ကို စိတ်လိုရာအသုံးပြုနိုင်သော သတ္တိမရှိချေ။ အပူ အအေး၊ နာကျင်မှုစသော အာရုံတို့ကို ကလေးများလောက်ပင် သိလွယ် ထိလွယ်ခြင်းမရှိပေ။ ယင်းသို့ဖြစ်ရခြင်းမှာ လူ၏ ဦးနှောက်မှာ တိရစ္ဆာန်၏ဦးနှောက်ထက် အသိဉာဏ်အရာတွင် ပို၍ကောင်းသောကြောင့်ပင်တည်း။

Hand
လက်
The back (left) and front (right) of the two hands of a male human
လက်
X-ray of human hand
အသေးစိတ်
သွေးပြန်ကြောDorsal venous network of hand
အာရုံကြောUlnar, median, en:radial nerves
Identifiers
လက်တင်Manus
TAA01.1.00.025
FMA9712
Anatomical terminology


လက်ဖဝါးအရေပြားအောက်တွင် အဖုမွှားများရှိ၏။ ထိုအဖုမွှား များတွင် ဦးနှောက်မှလာသော နာဗ်ကြောများသန်နေ၏။ လက်သည် အလွန် အံ့ဩဖွယ်ကောင်းသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်ဆိုက မမှားနိုင်ချေ။ လက်၏ ဖွဲ့စည်းထားပုံနှင့် အသုံးဝင်ပုံတို့မှာ အတော်ပင် ဆန်းကြယ်လေသည်။ ပခုံးနှင့် လက်မောင်းသည် ဆုံလည်ဆက်သဘောမျိုးဖြင့် ဆက်နေ၏။ လက်မောင်းနှင့် လက်ရုံးသည်လည်း ပတ္တာဆက်ကဲ့သို့ ဆက်ထား၏။ ထိုနေရာကို တံတောင်ဆစ်ဟုခေါ်၏။ လက်မောင်းတွင် အရိုးကြီး တစ်ချောင်းသာရှိသော်လည်း လက်ရုံးတွင် လက်ဖျံရိုးကြီး၊ လက်ဖျံရိုးငယ်ဟူ၍ အရိုးနှစ်ချောင်းရှိ၏။ လက်မောင်းရိုးကား အဖျားကြီး၍ လုံးပြီးလျှင် တံတောင်ဆစ်ဖက်သို့ ကျသောအခါ အနည်းငယ် ပြား၍နေသည်။ ထိုမှလွန်သော် အရိုးလေးခုစီ နှစ်တန်းပေါင်း အရိုးရှစ်ခုရှိသော လက်ကောက် ဝတ်ရိုးရှိ၏။ လက်ဖဝါးတွင်မူကား လက်ဖဝါးရိုး ငါးချောင်းရှိသည်။ ထိုအရိုးငါးချောင်းမှ လက်ချောင်းငါးချောင်း သွယ်၍ဆင်း၏။ ထိုလက်ချောင်း ငါးချောင်းတို့တွင်လည်း အရင်းဆစ်ရိုးငါးခု၊ အလယ်ဆစ်ရိုး လေးခုနှင့် အဖျားဆစ်ရိုး ငါးခုဟူ၍ အဆစ်ရိုးကလေးပေါင်း ၁၄ ခု ရှိသည်။ လက်မတွင် အလယ်ဆစ်ရိုးမရှိချေ။ ထိုအဆစ်ကလေးများသည် ပျော့ပျောင်းသော အရွတ်များဖြင့် ဆိုင်းလျက်ရှိ၏။ လက်မောင်းရိုး၊ လက်ဖျံရိုး၊ လက်ကောက်ဝတ်ရိုး၊ လက်ဖဝါးရိုးနှင့် လက်ဆစ်ရိုးစသည်တို့မှာ ပြွန်ကဲ့သို့ ခေါင်းပွဖြစ်၍ အတွင်း၌ ခြင်ဆီနှင့် ပြည့်နေလေသည်။ လက်ကို လှုပ်ရှားစေနိုင်သော ကြွက်သားစိုင်တို့သည် များသောအားဖြင့် လက်ရုံးတွင်ရှိကြ၏။ ထိုကြွက်သားစိုင်တို့ကို ခိုင်မာသော ကြွက်သားကြောများက လက်ရိုးများဖြင့် ဆက်၍ပေးထားရာ ကျွန်ုပ်တို့၏ လက်ချောင်းများကိုချိုးကြည့်လျှင် ထိုကြွက်သားကြောများအား မျက်စိဖြင့်လည်း မြင်နိုင်၍ လက်ဖြင့်လည်း စမ်းသပ်တွေ့ရှိနိုင်သည်။ လက်များကို အထက် အောက်သို့လည်းကောင်း၊ ဝဲယာသို့လည်းကောင်း လှုပ်ရှားပေးသောအခါ လက်ပြင်ရိုးနှင့် လက်မောင်းရိုးတို့သည် ချွတ်ချော်တိမ်းပါးသွားခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရိုးနှစ်ခုမှာ ဆုံလည်ဆက် သဘောမျိုးဖြင့် ဆက်နေခြင်းကြောင့်တစ်ကြောင်း၊ ကြွက်သားကြောတို့ဖြင့် ဆိုင်းလျက်ရှိခြင်း ကြောင့်တစ်ကြောင်းဖြစ်သည်။ အရိုးတစ်ခုနှင့်တစ်ခု ပွတ်တိုက်ရာတွင် မပွန်းမပဲ့စေခြင်းငှါ အရိုးများတွင် အရိုးနုတစ်ထပ် ခံလျက်ရှိလေသည်။ အရိုးအဆစ်တိုင်း၌လည်း အမြှေးတစ်ထပ် အုပ်လျက်ရှိသည်။ ယင်းအမြှေးတွင် အဆီဖြင့် ပြွမ်းလျက်ရှိ၏။ ထိုအဆီသည် အမြဲစွတ်စိုစေးချွဲနေသော ကြောင့်လည်း လက်ကိုအမျိုးမျိုးလှုပ်ရှားရာတွင် ပိုမိုပြေပြစ်စေသည်။ လက်တွင် လက်မအသုံးဝင်ပုံမှာ အတော်ပင် ဆန်းကြယ်၏။ လက်မသည် ကိုင်တွယ်ကောက်ယူရာ၌ မည်သည့်လက်ချောင်းဖြင့် ကောက်သည်ဖြစ်စေ သူကဖေးမပေးရသည်။ သူမရှိက ကိုင်တွယ်၍မဖြစ်နိုင်ချေ။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အဖြူဆင်းခြင်းဆေးဝါးဗေဒရွှေဥဒေါင်းသုက်ပန်းခြင်းကလောမြို့ရတုနေပြည်တော်မြို့မိုင်းခရပ်ဖ်ပျားတောင်ကြီးမြို့သင်္ဂါယနာဝီကီခွေးရူးပြန်ရောဂါကာကွယ်ဆေးကိုရီးယားနိုင်ငံမိုးကုတ်တရားဒုတိယ ကမ္ဘာစစ်ယောက်ျား အင်္ဂါတံလိင်ကြောင် (တိရစ္ဆာန်)လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပြင်သစ်နိုင်ငံကျူးဘားဒုံးပျံအရေးအခင်းရိုဟင်ဂျာသက်ရှိစအိုဖြင့် လိင်ဆက်ဆံခြင်းခန္ဓာငါးပါးစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သမ္ဗုဒ္ဓေဝနယ်အိမ်စောင့်အစိုးရ (၁၉၅၈)ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးဇော်ဂျီဓာတုဗေဒနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမော်လမြိုင်မြို့တီဘီရောဂါပါတော်မူခြင်းအချစ်တရုတ်စံကားကျင်ဒွေးရွာ၊ ကန်ပက်လက်မြို့နယ်သတိပဋ္ဌာန်မွန်ဘာသာစကားဓမ္မရံကြီးဘုရားမဟာဂန္ထဝါစကပဏ္ဍိတနွေရာသီအမျိုးသမီးသုံး ကွန်ဒုံးမိန်းမ မျိုးပွားအင်္ဂါရွှေတိဂုံစေတီတော်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကျော်ဟိန်းမှော်ပညာနဂါးနီသီချင်းရေမြန်မာနိုင်ငံ၏ ရွာများတတိယ အင်္ဂလိပ် - မြန်မာစစ်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းအက်တမ်ဂုဏ်တော်ကွန်ချာနောင်ချိုမြို့နယ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)တိုင်းစစ်ဌာနချုပ်ကောသလမင်း အိပ်မက် (၁၆)ချက်ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဗျိုင်းစွန်းဝူခုန်းဖားကန့်မြို့နယ်ကိုကိုဖော်ကာခန္ဓသုတ်တရားဂုဏ်တော်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နန္ဒဘုရင်မန္တလေး နန်းတော်ဆွစ်ဇာလန်နိုင်ငံနေပြည်တော် ပြည်ထောင်စုနယ်မြေအိမ်စောင့်အစိုးရ (၂၀၂၁)ဧဝရတ်တောင်ကာကွယ်ရေးဦးစီးချုပ်(ရေ)🡆 More