တရားဂုဏ်တော်

တရား ဂုဏ်တော် ၆-ပါး မှာ

  • သွာက္ခာတော ဘဂဝတော ဓမ္မော
  • သန္ဒိဋ္ဌိကော
  • အကာလိကော
  • ဧဟိပဿိကော
  • ဩပနေယျိကော
  • ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

အဓိပ္ပာယ်များ

  • သွာက္ခာတ ဂုဏ်တော်
    မြတ်စွာဘုရား ကောင်းစွာ ဟောထားသည့်တရားဖြစ်ခြင်းဂုဏ်။
  • သန္ဒိဌိက ဂုဏ်တော်
    ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။
  • အကာလိက ဂုဏ်တော်
    အခါမလပ် အကျိုးပေးခြင်း၊ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။
  • ဧဟိပဿိက ဂုဏ်တော်
    'လာပါ၊ ကျင့်စမ်းပါ' ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း ဂုဏ်။
  • ဩပနေယျိက ဂုဏ်တော်
    မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။
  • ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော်
    အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ ခံစားနိုင်ခြင်းဂုဏ်။

မဟာစည်ဆရာတော်ကြီး ၏ မြန်မာပြန်

  • ဘဂဝါတော- မြတ်စွာဘုရားရှင်၊ အက္ခတော- ဟောကြားတော်မူအပ်သော၊ ဓမ္မော- မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည် ---
  • သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောအပ်သော တရားတော်။
  • သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်။
  • အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ခြင်း အကျိုးပေးတတ်သော တရားတော်။
  • ဧဟိပဿိကော - “ လာပါ၊ ကျင့်လှည့်ပါ ” ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်။
  • ဩပနေယျိကော - မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်။
  • ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ - တရားသိမြင်သည့် ပညာရှိရှစ်ပါးအရိယာများသာလျှင် အသီးသီး သိမြင်ခံစားရသော တရားတော်။


ကိုးကားချက်

  • ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ-ဒေါက်တာ မင်းတင်မွန်

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ပြည်ကြီးငါးအောင်လံမြို့ပြည်မြို့နေအဖွဲ့အစည်းနတ်ပြည် ၆ ထပ်ကချင်လူမျိုးသရဏဂုံမအင်္ဂါ အစေ့ရဲဘော်သုံးကျိပ်ဘာသာတရားကျော်ဟိန်းဘုရားဂုဏ်တော်မြန်မာသဒ္ဒါထားကိုလိုနီရှင်ပြုခြင်းဝဲဘုရားပင့်လာအိုနိုင်ငံမိန်းမ မျိုးပွားအင်္ဂါရှေးဦးသူနာပြုလိင်ဖြင့်မျိုးပွားခြင်းရဲဝင်းဦးရှမ်းပြည်နယ်ဓမ္မစကြာသုတ္တန်ဗုဒ္ဓနိုင်ငံရေးရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်နေပြည်တော်တိုင်းစစ်ဌာနချုပ်နာဂလူမျိုးသုဝဏ္ဏဘူမိလေယာဉ်ပျံမြန်မာ သက္ကရာဇ်ကြာကြေးနီဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဗမာနိုင်ငံတော်ပင်းယ-စစ်ကိုင်းခေတ်သံဖြူဇရပ်မြို့ပေါင်မြို့သထုံမြို့မင်္ဂလာပါဘီယာတွံတေးသိန်းတန်မြန်မာ့သမိုင်းမာရ်ငါးပါးဂဠုန်ဦးစောအနတ္တလက္ခဏသုတ်အေဘရာဟမ် လင်ကွန်းသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ယူကျူ့ဘ်တရုတ်စပါးအမျိုးသား စာပေဆုတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများလင်ခန်းမယားခန်း ပြတ်စဲခြင်းဒိုင်နိုဆောဈာန်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစိုင်းစိုင်းခမ်းလှိုင်အင်းဝမင်းဆက်မြန်မာနိုင်ငံ၏ စီးပွားရေးအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ကယားလူမျိုးသုခ (ပန်းချီဆရာ)နန်းမတော်မယ်နုဂျပန်နိုင်ငံရုရှားနိုင်ငံပညာရေးစိတ်ပညာအပျိုမြှေးအမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်ငါး (တိရစ္ဆာန်)ခွေးရူးပြန်ရောဂါပထမ အင်္ဂလိပ် - မြန်မာစစ်🡆 More