တပ်မတော် (ကြည်း) သည် မြန်မာ့တပ်မတော်၏ မြေပြင်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အင်အားအကြီးမားဆုံး နှင့် အဓိကကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှ၌ ဗီယက်နမ်တပ်မတော် ပြီးလျှင် စစ်သည်အင်အား ဒုတိယအများဆုံးဖြစ်သည်။
တပ်မတော် (ကြည်း) | |
---|---|
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်မောင်းတံဆိပ် | |
တည်ထောင် | ၂၇ မတ် ၁၉၄၅ |
သစ္စာခံ | မြန်မာ |
တပ်မတော် အမျိုးအစား | ကြည်းတပ် |
အခန်းကဏ္ဍ | မြေပြင်စစ်ဆင်မှုဆိုင်ရာ၊ မြေပြင်သိမ်းပိုက်မှု (အဆုံးအဖြတ် တိုက်ပွဲ) |
တပ် အရွယ်အစား | ၅၀၇၀၀၀ |
အစိတ်အပိုင်း | တပ်မတော် |
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) | စစ်ရုံး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ |
အမည်ပြောင် | အာမီ |
ဆောင်ပုဒ် |
|
အရောင်များ | သံလွင်စိမ်း၊ အစိမ်းနု၊ အနီ။ |
နှစ်ပတ်လည်များ | မတ်လ ၂၇ ရက် |
အုပ်ချုပ်သူများ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် / ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
ကာကွယ်ရေးဝန်ကြီး | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
ထင်ရှားသော အုပ်ချုပ်သူများ | |
အဆောင်အယောင်များ | |
ကြည်းတပ် အလံတော် | |
ခြေလျင်/ခြေမြန်တပ်ဖွဲ့ လက်မောင်းတံဆိပ် |
ကြည်းတပ်တွင် စစ်သည်အင်အား (၄၉၂၀၀၀)ဦး ဝန်းကျင်ရှိသည်။ တပ်မတော်(ကြည်း)သည် ၁၉၄၈ ခုနှစ် မှစ၍ ရောင်စုံသောင်းကျန်းသူများ နှင့် ခက်ခဲသော တောတောင်များအကြား ကြာရှည်စွာ ပြည်တွင်းစစ်ဆင်ခဲ့ရပြီး အတွေ့အကြုံများ၍ ရင့်ကျက်သည်။ ထို့အပြင် ပြည်ပမှတရုတ်ဖြူ(ကူမင်တန်)တို့၏ကျူးကျော်မှုကိုလည်း အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သော တပ်မတော် ဖြစ်သည်။
တပ်မတော်(ကြည်း)ကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မှ ကွပ်ကဲအုပ်ချုပ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။ ၎င်း တပ်မတော်(ကြည်း)၏ အမြင့်ဆုံးရာထူးသည် အနောက်နိုင်ငံများမှ Field Marshal နှင့် တူညီသည်။ စစ်အသုံးစရိတ်သည် တစ်နှစ်လျှင် ၂.၀၇ ဘီလီယံ ဖြစ်သည်။
တိုင်းစစ်ဌာနချုပ် များမှာ အောက်ပါအတိုင်းဖြစ်သည် -
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ ခြေမြန်တပ်မ ဌာနချုပ် များမှာ အောက်ပါအတိုင်းဖြစ်သည်။
စဉ် | အလံ | တမခ | တပ်မဌာနချုပ် တည်ရှိရာ နေရာ | တိုင်းစစ်ဌာနချုပ် |
---|---|---|---|---|
၁။ | အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တမခ(၁၁) | ရန်ကုန်တိုင်းဒေသကြီး၊ | ရကတ | |
၂။ | အမှတ်(၂၂)ခြေမြန်တပ်မ ဌာနချုပ် တမခ(၂၂) | ကရင်ပြည်နယ်၊ | ရတခ | |
၃။ | အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ် တမခ(၃၃) | စစ်ကိုင်းတိုင်းဒေသကြီး၊ | နမခ | |
၄။ | အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ် တမခ(၄၄) | မွန်ပြည်နယ်၊ | ရတခ | |
၅။ | အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ် တမခ(၅၅) | ရှမ်းပြည်နယ်၊ | ရပခ | |
၆။ | အမှတ်(၆၆)ခြေမြန်တပ်မ ဌာနချုပ် တမခ(၆၆) | ပဲခူးတိုင်းဒေသကြီး၊ | တပခ | |
၇။ | အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် တမခ(၇၇) | ပဲခူးတိုင်းဒေသကြီး၊ | တပခ | |
၈။ | အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ် တမခ(၈၈) | မကွေးတိုင်းဒေသကြီး၊ | လပခ | |
၉။ | အမှတ်(၉၉)ခြေမြန်တပ်မ ဌာနချုပ် တမခ(၉၉) | မန္တလေးတိုင်းဒေသကြီး၊ | လပခ | |
၁၀။ | အမှတ်(၁ဝ၁)ခြေမြန်တပ်မ ဌာနချုပ် တမခ(၁၀၁) | မကွေးတိုင်းဒေသကြီး၊ | လပခ |
စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ဆိုသည်မှာ တပ်မ အသွင်ပြောင်းယူထားသော တပ်ဖွဲ့ ဖြစ်သည်။ တပ်မများနှင့် စကခများသည် ကက(ကြည်း) - (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြစ်ပြီး စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားအပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ လက်ရှိ၌ ဖွဲ့စည်းထားပြီးသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များမှာ အောက်ပါအတိုင်းဖြစ်သည် -
“စကခ (၁၁) အား ဖွဲ့စည်းထားခြင်းမရှိဘဲ စကခ (၂၁) ကိုသာ ဖွဲ့စည်းထားသည်”
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဆိုသည်မှာ ရှေ့တန်း နယ်အစွန်အဖျားပြည်မ နှင့် အလှမ်းဝေးသောနေရာဒေသများတွင် တာဝန်ပေးအပ်ထားခြင်းကြောင့် စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ရိက္ခာထုတ်ပေးမှုအာဏာ စသဖြင့် ရရှိထားသော ဌာနဖြစ်သည်။ ၎င်းသည် စစ်ဦးစီးပိုင်းဆိုင်ရာများကို တိုင်းမှူးထံ သို့တင်ပြရသည်။ ဒကစမှူးသည် တပ်မမှူးနှင့် စကခမှူးတို့ထက် အနည်းငယ်နိမ့်သော တပ်မတော်(ကြည်း)၏ စစ်ဖက်အဆင့်မြင့်ရာထူးဖြစ်သည်။ လက်ရှိဖွဲ့စည်းပြီးသော ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ အောက်ပါအတိုင်းဖြစ်သည် -
စဉ် | တံဆိပ် | ဒကစ | တည်နေရာ | တိုင်းစစ်ဌာနချုပ် |
---|---|---|---|---|
၁။ | ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ဒကစ(ကလေး) | စစ်ကိုင်းတိုင်းဒေသကြီး၊ | နမခ | |
၂။ | ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒကစ(စစ်တွေ) | ရခိုင်ပြည်နယ်၊ | နပခ | |
၃။ | ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒကစ(တနိုင်း) | ကချင်ပြည်နယ်၊ | မပခ | |
၄။ | ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒကစ(ပြည်) | ပဲခူးတိုင်းဒေသကြီး၊ | တပခ | |
၅။ | ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒကစ(လွိုင်ကော်) | ကယားပြည်နယ်၊ | ရပခ | |
၆။ | ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒကစ(လောက်ကိုင်) | ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ | ရမခ |
ခြေလျင် / ခြေမြန်တပ်ရင်း တစ်ရင်း၏ ဖွဲ့စည်းပုံအင်အားမှာ အရာရှိ- (၃၁) ဦး၊ အခြားအဆင့်- (၈၂၆) ဦးဖြင့် စုစုပေါင်း (၈၅၇) ဦး ဖြစ်သည်။ သို့သော် မူလတပ်ရင်းများမှ ခွဲထုတ်၍ တပ်ရင်းများတိုးချဲ့ဖွင့်လှစ်ထားသောကြောင့် လက်ရှိတွင် တပ်ရင်းအများစုမှာ မူလ ဖွဲ့စည်းပုံပါ အင်အား၏ လေးပုံ တစ်ပုံ (အရာရှိ / အခြားအဆင့် ပေါင်း ဦးရေ ၂၀၀ ဝန်းကျင်)သာရှိသည်ဟု သိရသည်။
စဉ် | ခမရ | တပ်ရင်းဌာနချုပ် တည်ရှိရာ နေရာ | ကွပ်ကဲသည့် တမခ / စကခ | တိုင်းစစ်ဌာနချုပ် |
---|---|---|---|---|
၁။ | ခမရ (၁၁) | စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ | တမခ (၃၃) | |
၂။ | ခမရ (၁၂) | စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့ | တမခ (၃၃) | |
၃။ | ခမရ (၁၃) | စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ | တမခ (၃၃) | |
၄။ | ခမရ (၁၀၁) | ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ | တမခ (၇၇) | |
၅။ | ခမရ (၁၀၆) | ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့ | တမခ (၇၇) | |
၆။ | ခမရ (၁၁၁) | စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ | တမခ (၃၃) | |
၇။ | ခမရ (၁၁၆) | မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ | တမခ (၃၃) | |
၈။ | ခမရ (၁၁၉) | မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ | တမခ (၃၃) | |
၉။ | ခမရ (၁၂၀) | စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ | တမခ (၃၃) | |
၁၀။ | ခမရ (၂၀၁) | ကရင်ပြည်နယ်၊ ဘားအံမြို့ | တမခ (၂၂) | |
၁၁။ | ခမရ (၂၀၂) | ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး | တမခ (၂၂) | |
၁၂။ | ခမရ (၂၀၃) | ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေး | တမခ (၂၂) | |
၁၃။ | ခမရ (၂၀၄) | ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေး | တမခ (၂၂) | |
၁၄။ | ခမရ (၂၀၅) | ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေး | တမခ (၂၂) | |
၁၅။ | ခမရ (၂၀၆) | မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်း | တမခ (၂၂) | |
၁၆။ | ခမရ (၂၀၈) | မွန်ပြည်နယ်၊ ကျိုက်မရောမြို့ | တမခ (၂၂) | |
၁၇။ | ခမရ (၂၀၉) | မွန်ပြည်နယ်၊ ကမာဝက်မြို့ | တမခ (၂၂) | |
၁၈။ | ခမရ (၂၁၀) | ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင် | တမခ (၂၂) | |
၁၉။ | ခမရ (၃၀၁) | |||
၂၀။ | ခမရ (၃၀၃) | ရန်ကုန်တိုင်းဒေသကြီး၊ တိုးကြောင်ကလေး | တမခ (၇၇) | |
၂၁။ | ခမရ (၃၁၁) | |||
၂၂။ | ခမရ (၃၁၃) | ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ | တမခ (၇၇) | |
၂၃။ | ခမရ (၃၁၄) | |||
၂၄။ | ခမရ (၃၁၆) | |||
၂၅။ | ခမရ (၃၁၉) | ကချင်ပြည်နယ်၊ မန်စီမြို့ | ||
၂၆။ | ခမရ (၃၃၀) | |||
၂၇။ | ခမရ (၃၄၄) | ရခိုင်ပြည်နယ်၊ စစ်တွေမြို့ | ||
၂၈။ | ခမရ (၃၅၆) | ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင် | စကခ (၁၂) | |
၂၉။ | ခမရ (၃၇၉) | ရခိုင်ပြည်နယ်၊ မင်းပြားမြို့ | ||
၃၀။ | ခမရ (၃၇၇) | |||
၃၁။ | ခမရ (၃၈၀) | ရခိုင်ပြည်နယ်၊ မင်းပြားမြို့ | ||
၃၂။ | ခမရ (၃၈၈) | ကချင်ပြည်နယ်၊ ဟိုပင်မြို့ | စကခ (၃) | |
၃၃။ | ခမရ (၃၈၉) | ကချင်ပြည်နယ်၊ ဟိုပင်မြို့ | စကခ (၃) | |
၃၄။ | ခမရ (၄၂၆) | ရှမ်းပြည်နယ်၊ ဘန်းယဉ် | ||
၃၅။ | ခမရ (၄၄၀) | ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ | တပခ | |
၃၆။ | ခမရ (၄၃၉) | |||
၃၇။ | ခမရ (၅၁၄) | ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့ | ||
၃၈။ | ခမရ (၅၂၁) | ကချင်ပြည်နယ်၊ ဟိုပင်မြို့ | မပခ | |
၃၉။ | ခမရ (၅၃၉) | ရခိုင်ပြည်နယ်၊ ကန်စောက်တောင် | ||
၄၀။ | ခမရ (၅၄၂) | ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ | ||
၄၁။ | ခမရ (၅၅၀) | ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ | ဒကစ (စစ်တွေ) | နပခ |
၄၂။ | ခမရ (၇၀၁) | ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ | တမခ (၇၇) | |
၄၃။ | ခမရ (၇၀၂) | ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ | တမခ (၇၇) | |
၄၄။ | ခမရ (၇၀၃) | ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ | တမခ (၇၇) | |
၄၅။ | ခမရ (၇၀၄) | ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီး | တမခ (၇၇) | |
၄၆။ | ခမရ (၇၀၉) | ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ | တမခ (၇၇) | |
၄၇။ | ခမရ (၇၁၀) | ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ | တမခ (၇၇) |
အဆင့် အုပ်စု | ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ | မြေပြင်အမှုထမ်း/အကြီးတန်း အရာရှိများ | အရာရှိငယ်များ | အလုပ်သင် အရာရှိ | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အဆင့်ညီသည့် နေတိုးကုဒ် | OF-10 | OF-9 | OF-8 | OF-7 | OF-6 | OF-5 | OF-4 | OF-3 | OF-2 | OF-1 | OF(D) | |||||||||||||||||||||||||
ကြည်းတပ် | ||||||||||||||||||||||||||||||||||||
ဗိုလ်ချုပ်မှူးကြီး | ဒုတိယ ဗိုလ်ချုပ်မှူးကြီး | ဗိုလ်ချုပ်ကြီး | ဒုတိယ ဗိုလ်ချုပ်ကြီး | ဗိုလ်ချုပ် | ဗိုလ်မှူးချုပ် | ဗိုလ်မှူးကြီး | ဒုတိယ ဗိုလ်မှူးကြီး | ဗိုလ်မှူး | ဗိုလ်ကြီး | ဗိုလ် | ဒုတိယ ဗိုလ် | အလုပ်သင်ဗိုလ် | ||||||||||||||||||||||||
Senior General | Vice Senior General | General | Lieutenant General | Major General | Brigadier General | Colonel | Lieutenant Colonel | Major | Captain | Lieutenant | Second Lieutenant | Officer Cadet |
အဆင့် အုပ်စု | ပြန်တမ်းဝင်မဟုတ်သော အရာရှိများ | စီနီယာ အခြားအဆင့်များ | အခြားအဆင့်များ | |||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အဆင့်အတန်း ညီမျှသည့် နေတိုးသင်္ကေတ | OR-9 | OR-8 | OR-7 | OR-6 | OR-5 | OR-4 | OR-3 | OR-2 | OR-1 | |||||||||||||||||||||||||||
တပ်မတော် (ကြည်း) | အဆောင်အယောင် မသတ်မှတ်ထား | |||||||||||||||||||||||||||||||||||
အရာခံဗိုလ် | ဒုတိယ အရာခံဗိုလ် | တပ်ခွဲ တပ်ကြပ်ကြီး | တပ်ကြပ်ကြီး၊ တပ်ကြပ်ကြီး/စာရေး | တပ်ကြပ် | ဒုတိယ တပ်ကြပ် | တပ်သား | ||||||||||||||||||||||||||||||
Warrent Officer Class-1 | Warrent Officer Class-2 | Quartermaster Sergeant | Sergeant, Staff Sergeant | Corporal | Lance Corporal | Private |
This article uses material from the Wikipedia မြန်မာဘာသာ article တပ်မတော် (ကြည်း), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.