ပညတ်တော်ဆယ်ပါး

ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသော ပညတ်တော် (၁၀)ပါးကို ထွက်မြောက်ရာကျမ်း အခန်း ၂၀ တွင် ရှိသည်။

ပညတ်တော်ဆယ်ပါး
ဓမ္မဟောင်းကျမ်းမှ ပညတ်တော်(၁၀)ပါး

ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော

  1. ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
  2. အထက်မိုးကောင်းကင်၌၊ အောက်အရပ် မြေကြီးပေါ်၌၊ မြေကြီးအောက်ရေထဲ၌ ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။
  3. သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
  4. ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ‍ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
  5. သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
  6. လူအသက်ကို မသတ်နှင့်။
  7. သူ့မယားကို မပြစ်မှားနှင့်။
  8. သူ့ဥစ္စာကို မခိုးနှင့်။
  9. ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။
  10. ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။

ထိုအရပ်မှာ မောရှေသည် အစာကို မစား၊ ရေကို မသောက်ဘဲ။ အရက်လေးဆယ်ပတ်လုံး ထာဝရ ဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော် မူ၏။

ပြင်ပလင့်များ

Tags:

ဓမ္မဟောင်းကျမ်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ကွန်မြူနစ်ဝါဒတိုင်းစစ်ဌာနချုပ်ဧရာဝတီတံတား (ပခုက္ကူ)လတ္တီကျူတွင်းနက်ဆီးချိုရောဂါလက္ခဏာများဝဆီရာဝိတ ဆီဝါရီသင်္ဂါယနာဆီးချိုရောဂါဝါနှင့်ဂွမ်းလများ (အချိန်အတိုင်းအတာ)မင်းတုန်းမင်းကင်းထောက်ခြင်းရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဒေဝဒတ်မြန်မာအက္ခရာရေငုပ်သင်္ဘောနှလုံးသွေးကြောကျဉ်းရောဂါရဟန္တာရဲရင့်အောင်ခြေမြန်တပ်မဌာနချုပ်လက်ဖက်လိင်ဗိုလ်ချုပ်မှူးကြီးပင်းယမြို့မြန်မာလများထိုင်းနိုင်ငံ၏ ပြည်နယ်များရှားစောင်းလက်ပတ်ပင်ဆိုရှယ်လစ်ဝါဒငွေကျောက်ကပ်ရောင်ရောဂါဆောက်လုပ်ရေး ဝန်ကြီးဌာနအင်ဒိုနီးရှားနိုင်ငံအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မန်ကျည်းဂဠုန်ဦးစောပွေး(ရောဂါ)မဟာဘုတ်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကချင်ပြည်နယ်မြန်မာ့ အစားအစာတပ်မတော်ကော့သောင်းမြို့ထိုင်းလူမျိုးယွန်းယွန်းစဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)ဥပုသ်ရာသီဥတုပြောင်းလဲမှုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများရန်ကုန်တိုင်းဒေသကြီးနေပုဗ္ဗဏှသုတ်ပဋိစ္စသမုပ္ပါဒ်ရှမ်းဘာသာစကားမြန်မာ့ရိုးရာ ကစားနည်းဒင်းပုန်းရွာ၊ ဆင်ပေါင်ဝဲမြို့နယ်ပညာရေးစေတီပုထိုးများအရှေ့တောင်တိုင်းစစ်ဌာနချုပ်နဂါးအမေရိကန်ဒေါ်လာတီဘီရောဂါငါးမျိုးစိတ်များ စာရင်းမာမာအေးပါဠိဂျာမနီနိုင်ငံအဲလ်ဘတ် အိုင်းစတိုင်းကာကွယ်ရေးဦးစီးချုပ်(ကြည်း)အတ္ထုပ္ပတ္တိထနောင်းတာချီလိတ်မြို့ပဲခူးရိုးမတောင်မြန်မာနာမည်မင်္ဂလာပါသမ္မာကျမ်းစာနိုင်ငံခြားရေး ဝန်ကြီးဌာန🡆 More