ဗဒင်

ဗဒင် (၁၉၆၄–၂၂ ဒီဇင်ဘာ ၂၀၀၁) သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ နေရာ သီချင်းစီးရီး မှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံးအဖြစ် စံချိန် တင်ခဲ့သည်။ သို့သော် သီချင်း စီးရီး ၄ ခုသာ ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်။

ဗဒင်
ဗဒင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
ရန်ကုန်၊ အင်းစိန်။
ကွယ်လွန်၂၂ ဒီဇင်ဘာ ၂၀၀၁ (အသက် ၃၇)
အလုပ်အကိုင်အဆိုတော်၊ တေးရေးဆရာ

ကိုယ်ရေးကိုယ်တာ

ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

မအောင်မြင်မီအချိန်ကာလများ

ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော် မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။

ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီး

ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကတ်ဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။

နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကို သာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

ထွက်ရှိခဲ့သော တေးစီးရီးများ

ဗဒင်သည် နေရာ ၊ ဒီနေ့ ၊ မမေ့ပါဘူး နှင့် အရှိအတိုင်း တေးအယ်လ်လ်ဘမ် စုစုပေါင်း ၄ ချပ်သာ ထုတ်ဝေခဲ့ပြီး ကွယ်လွန်သွားခဲ့သည်။

ကိုးကား

Tags:

ဗဒင် ကိုယ်ရေးကိုယ်တာဗဒင် မအောင်မြင်မီအချိန်ကာလများဗဒင် ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီးဗဒင် ထွက်ရှိခဲ့သော တေးစီးရီးများဗဒင် ကိုးကားဗဒင်

🔥 Trending searches on Wiki မြန်မာဘာသာ:

တောင်ငူခေတ်သင်္ကြန်ပင်လယ်သေစကားဝှက်လိင်တူစုံမက်ခြင်းမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ယေရှု ခရစ်တော်မြန်မာ့ရိုးရာ ကစားနည်းကမ္ဘောဇသာဒီရွှေနန်းတော်မဟာဘုတ်ယွန်းယွန်းတဏှာကြွက်နို့ရောဂါပဲခူးရိုးမတောင်ဝီကီမီဒီယာ ဖောင်ဒေးရှင်းဟန်လင်းမြို့ဟောင်းငှက်ဖျားရောဂါ၂၄ ပစ္စည်းဒန့်သလွန်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဒိုးလုံးစဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)နာဇီလေဖြတ်ခြင်းဗီတိုကျောက်မီးသွေးဦးသိန်းစိန် အစိုးရဗင်းဆင့် ဗန်ဂိုးလိင်စိတ်ဆွခြင်းမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များမာမာအေးပြည်သူ့ကာကွယ်ရေးတပ်မတော်မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)အီပိုးမြို့လွတ်လပ်ရေးကျောက်တိုင်လွတ်လပ်ရေးကြေညာစာတမ်းစကားပုံလူ၏ အရိုးဖွဲ့စည်းပုံမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ကိုရီးယားစစ်ပွဲနယ်ခြားစောင့်တပ်ဖွဲ့ဖိလစ်ပိုင်နိုင်ငံမန်ချက်စတာ ယူနိုက်တက်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများစစ်ကိုင်းမြို့ပျူသင်္ဂါယနာMinecraftအိန်ဂျယ်လ်ရေတံခွန်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဆင်တုံးမနွယ်ပင်စကားထာဂဠုန်ဦးစောသုဝဏ္ဏသာမဇာတ်တော်တပ်မတော်မြန်မာလများမိုးဟေကိုဆော်ဒီအာရေဗျနိုင်ငံတိုက်မြန်မာနိုင်ငံ၏ နိုင်ငံရေးရေကဗျာလင်္ကာနယ်သာလန်နိုင်ငံသတိပဋ္ဌာန်အမေနေ့ကဆုန်လပြည့် ဗုဒ္ဓနေ့ကုသိုလ်ကမ္မပထ တရား ဆယ်ပါးပန်းသီးပြဒါးအနောက်တောင်တိုင်းစစ်ဌာနချုပ်ဂျူး (စာရေးဆရာမ)ဘုရား (ဗုဒ္ဓဘာသာ)ဘကြီးတော်(စစ်ကိုင်းမင်း)ကချင်လွတ်မြောက်ရေးတပ်မတော်သက္ကာယဒိဋ္ဌိမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များရခိုင်ဘာသာစကားဧရာဝတီတိုင်းဒေသကြီး🡆 More