သိမ်းငှက်

သိမ်းငှက် သည် လင်းယုန်၊ စွန်၊ လင်းတတို့နှင့်အတူ ဖယ်လကိုနီဖောမီး မျိုးစုတွင် အက်ကဆစ်ပစ်ထရီဒီး မျိုးရင်း၌ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် အက်ကဆစ်ပစ်တာနီဆပ် မီလန်နိုစ်ကီးစတပ် ဟုခေါ်သည်။ အလျား ၁၃ လက်မမှ ၁၅ လက်မအထိရှိသည်။ သိမ်းငှက်၏ ထူးခြားချက်မှာ ဂျိုးသိမ်းကဲ့သို့ပင် သိမ်းမသည် သိမ်းဖိုထက် ကိုယ်ထည်အတော်အတန် ကြီးသည်။ သိမ်းဖိုကား ဂျိုးသိမ်းအကောင်ကြီးလောက်ရှိ၍ ယင်းနှင့်လည်း ပုံပန်းသဏ္ဌာန်ချင်းတူသည်။ သိမ်းမ၏အပေါ်ပိုင်းသည် အတော်အတန်ညို၍ မျက်ကွင်းဖြူတူတူရှိသည်။

သိမ်းငှက်
သိမ်းငှက်
Adult Northern goshawk
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
Accipitriformes
မျိုးရင်း:
Accipitridae

အောက်ပိုင်းများသည် အဖြူ၊ သို့မဟုတ် အနီရောင် ဖျော့ဖျော့ဖြစ်၍ အမည်းစင်းများရှိသည်။ သိမ်းငှက်သည် သားပေါက်သည့်ရာသီတွင်သာ စူးစူးရှရှအော်မြည်တတ်၍ အခြားအချိန်များတွင်မအော်ဘဲ ဆိတ်ငြိမ်စွာနေတတ်သည်။ မြန်မာနိုင်ငံသစ်တောများတွင် များသောအားဖြင့်နေလေ့ရှိသည်။ သို့သော်အမြဲတမ်းမနေဘဲ ဆောင်းတွင်းမှသာ လာရောက်ကျက်စားသည်။

သိမ်းငှက်သည် တောစပ်ရေစပ်များတွင် အစာရှာဖွေသည့်အခါ မြေကြီးနှင့်ကပ်၍ လျင်မြန်စွာ ပျံသန်းတတ်သည်။ အစာကိုရှောင်တခင်တစ်ဟုန်တိုး ထိုးသုတ်တတ်ရုံမက ငှက်ကလေးများကိုအမီ လိုက်၍ပျံပြီးလျှင် မိအောင်ဖမ်းဆီးတတ်လေသည်။ စာကလေး၊ ကြွက်စသော နို့တိုက်တိရစ္ဆာန်ငယ်နှင့်ပိုး မွှားများကို များသောအားဖြင့် စားသောက်သည်။ မြေကြီးပေါ်တွင် လမ်းလျှောက် တတ်သည့်အပြင် ခုန်ဆွခုန်ဆွလည်း သွားတတ်သည်။ သိမ်းငှက်သည်မျက်စိအလွန်ရှင်သဖြင့် လျင်မြန်စွာ ပြေးလွှားနေသော တိရစ္ဆာန် များကိုအဝေးမှ ကောင်းစွာမြင်နိုင်သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဩစတြေးလျနိုင်ငံဝင်ကစွပ်မုသာဝါဒမြန်မာနိုင်ငံ၏ ပညာရေးအင်းဝမြို့အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မိတ္ထီလာမြို့နယ်နှစ်ဆန်းတစ်ရက်နေ့မြန်မာအမျိုးသမီးများနေ့စကောကရင်ဘာသာစကားဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံစိုင်းစိုင်းခမ်းလှိုင်အိချောပိုမဟာစန္ဒာမုနိဘုရားပိုးဟပ်မေတ္တေယျဘုရားဘုရားဂုဏ်တော်ဂြိုဟ်နိဝရဏတရားငါးပါးသာသနာ့ အလံလေဖြတ်ခြင်းနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဂျပန်သမိုင်းမြန်မာနိုင်ငံ၏ နိုင်ငံရေးမင်းသိင်္ခအရှေ့တောင်အာရှနိုင်ငံများအသင်းဓုတင်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)နိရောဓသစ္စာမြောက်ကျွန်းရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ကံမြန်မာစာရေးဆရာများ စာရင်းပျူမြို့ပြနိုင်ငံများရွှေတိဂုံစေတီတော်ဒီမိုကရေစီရန်ကုန်ဘူတာကြီးငှက်ကြီးတောင်ဓားကောသလမင်း အိပ်မက် (၁၆)ချက်အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်သတိပဋ္ဌာန်ဇာတ်ကြီးဆယ်ဘွဲ့သမ္ဗုဒ္ဓေကဗျာလင်္ကာစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းချင်းလူမျိုးနန်းမွေစံဘိန်းစာပင်စု၊ ဒေါ် (ဗိုလ်ချုပ်အောင်ဆန်းမိခင်)ဆောင်ခရမ် အားလပ်ရက်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများခန္ဓသုတ်XVideosထွန်းမြတ်နိုင်ဗီယက်နမ်နိုင်ငံဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကိုရီးယားစစ်ပွဲလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များတမာပင်ကာလသားရောဂါရေရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးလား (တိရစ္ဆာန်)မှော်ပညာသေဆုံးခြင်းရခိုင်ပြည်နယ်စောမွန်လှမြန်မာ သက္ကရာဇ်ကလေးမြို့မက်လင်ပင်မိမိကိုယ်ကို သတ်သေခြင်းမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ရှင်အရဟံအမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အကြည်တော်သွေးအုပ်စု🡆 More