နတ်ပင့်ဂါထာ: အကုန်ရေးတင်ပေးပါ

နတ်ပင့်ဂါထာကို ပရိတ်တရားတော် မရွတ်ဖတ်မီ အချိန်တွင် ရွတ်ဆိုလေ့ ရှိကြသည်။ ပရိတ်တရားတော် ကြားနာရန် နတ်များကို ပင့်ဖိတ်ခြင်း ဖြစ်သည်။

နတ်ပင့်

သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ။

သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

သမန္တာ = ရှေ့နောက်ဝဲယာ ဒိသာရပ်ခွင် ဤစကြဝဠာ ပတ်ဝန်းကျင်၌။ စက္ကဝါဠေသု = စကြဝဠာပေါင်း တိုက်တသောင်းတို့၌။ ဝသန္တာ = ကိုယ်စီကိုယ်င နေထိုင်ကြကုန်သော။ ဒေဝတာ = တန်ခိုးကြီးမား နတ်ဗြဟ္မာအများ တို့သည်။ အတြ = ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသသို့။ အာဂစ္ဆန္တု = ညီညာဖြဖြ လာရောက်ကြပါ ကုန်လော။ မုနိရာဇဿ = မုနိထွတ်တင် ဘုရားရှင်၏။ သဂ္ဂမောက္ခဒံ = နတ်ပြည်နိဗ္ဗာန် ကျိုးနှစ်တန်ကို ဧကန်ပိုင်ပိုင် ပေးစွမ်းနိုင်သော။ သဒ္ဓမ္မံ = ဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်ကို ကာကွယ်ပေးတတ် ပရိတ်တရားတော်မြတ်ကို။ သုဏန္တု = အာရုံတပါး စိတ်မသွားဘဲ လေးစားကြည်ဖြူ နာယူလှည့်ကြပါကုန်လော။


သမန္တာ = ဤစကြဝဠာခွင် ပတ်ဝန်းကျင်မှ၊
စက္ကဝါဠေသု = စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌၊
ဒေဝတာ = သမ္မာဒေဝ နတ်ဗြဟ္မာအပေါင်းတို့သည်၊
အတြ = မဟာပဋ္ဌာန်း ပရိတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ရာ ဤဌာနသို့၊
အာဂစ္ဆန္တု = တရားတော်နာ ကြွရောက်တော်မူကြပါကုန်လော့၊
မုနိရာဇဿ = မုနိတို့ ဘုရင် ရှင်တော်မြတ်ဘုရား၏၊
သဂ္ဂမောက္ခဒံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်အကျိုးကို ပေးစွမ်းနိုင်သော၊
သဒ္ဓမ္မံ = သူတော်ကောင်းဓာတ် တရားမြတ်ဖြစ်သော မဟာပဋ္ဌာန်းပရိတ်တရားတော်ကို၊
သုဏန္တု = ရိုသေသဒ္ဓါ ကြည် လင်စွာဖြင့် နာယူတော်မူကြပါကုန်လော့။


ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။ (၃-ခေါက်)

ဘဒ္ဒန္တာ = အို နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့၊ အယံ = ကြည်သာရွင်ပျ ဤအခါကာလသည်ကား၊ ဓမ္မဿဝနကာလော = မဟာပဋ္ဌာန်းတရားတော်ကို နာကြားရန် အချိန်ကောင်း အခါကောင်း ဖြစ်ပါသတည်း။


သမန္တာ- ဤစကြဝဠာ အစဖြာ၍ ဒိသာလေးရပ် တစ်ပြေးစပ့်လျက် ဆက်ကပ်ဖက်ယှဉ် ထက်ဝန်းကျင်မှ ။ စက္ကဝါဠေသု- တံတိုင်းချင်းစပ် ဝိုင်းရံပတ်၍ ချင်းကပ်ဆက်ဆိုက် စကြဝဠာတိုက်တို့၌။ ဝသန္တာ- ဘုန်းကံ အလျောက် ထွန်းပေါ်ပေါက်သည့် ရွှန်းအရောင်လျှံ ဘုံဗိမာန်၌ ပျော်စံစိုးပိုင် နေထိုင်ကြကုန်သော။ ဒေဝတာ- အာကာသဋ္ဌ, ဘုမ္မဋ္ဌနှင့် ရုက္ခဋ္ဌ တစ်ဖြာ သက္ကာအာဒိ ဗြဟ္မာထိအောင် များဘိသောင်းသောင်း နတ်, ဗြဟ္မာအပေါင်း တို့သည်။ မုနိရာဇဿ- သုံးလောကမှန်ကင်းရဟန်းမင်းစစ်ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သဂ္ဂမောက္ခဒံ- နတ်ရွာ, နိဗ္ဗာန် မြိုက်သုခံကို ဧကန်မနှေး ပေးတော်မူတတ်သော။ သဒ္ဓမ္မံ- ရှင်တော်နုတ်ထွက် ဓမ္မစက်ခေါ် ချီးမွမ်းအပ် သော တရားတော်ကို။ သောတုံ- သဒ္ဓမ္မဿဝဏ အတိ ဒုလ္လဘကို ကြုံရခိုက်တွင် နှစ်ခြိုက်ရွှင်စွာ နာကြားအံ့သောငှာ။ အတြ- ရှင်တော်မြတ်ဖျားဟော ကြားထုတ်ဖော် သုတ္တန်ဒေသနာတော်ကို ညီညာဖျဖျ ရွတ်ဆိုကြရန် ရည်သန်သမှု စည်းဝေးပြုလတ် အကျွန်ုပ်တို့ ပရိတ်ရွတ်ရာ ဤအရပ်သို့။ အာဂစ္ဆန္တု- ဆင့်ကာ, ဆင့်ကာ ဖင့်မကြာဘဲ သင့်ရာစုဆုံ ကြွရောက်တော်မူကုန်ကြပါ ကုန်လော။ သုဏန္တု- ပီတိဖရဏာ ရွှန်းအိဖြာလျက် ကြည်သာညွတ်နူး အထူးယုံကြည်စွာ မှတ်သားနာကြားကြပါကုန်လော။

ဘဒ္ဒန္တာ- စကြဝဠာအပေါင်း တိုက်တစ်သောင်း၌ ပျော်အောင်နေငြား အို- နတ်ဗြဟ္မာအများတို့။ အယံ ကာလော- ကျင့်ဝတ်ဖြူစင် သူတော် စင်တို့ ရွှင်ကြည်စုဝေး သံပြိုင်ကြွေး၍ ငြိမ်းအေးညီညာ ရွတ်ဆိုကြသည့် ဤအခါသည်ကား။ ဓမ္မဿဝန ကာလော- မုနိပုင်္ဂဝ မြတ်ဇိန၏ ဓမ္မသိင်္ဂီ တရားဆီကို ရွှင်ကြည်သာအိမ့် ထောင်နားစိမ့်၍ ပီတိသိမ့်ဖြာ နာကြားရမည့် အခါပေတည်း။


သမန္တာ– စကြဝဠာ ဤကစ၍ တည်ကာ ဒိသာလေးရပ် တစ်ပြေးစပ်လျက် မှေးကပ်ဖက်ယှဉ် ထက်ဝန်းကျင်မှ။ စက္ကဝါဠေသု- တံတိုင်းချင်းစပ် ဝိုင်းရံပတ်၍ ချဉ်းကပ်ဆက်ဆက် တစ်သောင်းသော စကြဝဠာတိုက်တို့၌။ ဝသန္တာ- ဖိတ်ဖိတ်လျှံဟုန် ဗိမာန်ဘုံနှင့် မိဿံရွေစုံ နေကြကုန်သော။ ဒေဝတာ- အာကာသဋ္ဌ, ဘုမ္မဋ္ဌနှင့် သက္ကအာဒိ ဗြဟ္မာထိအောင် များလှသောင်းသောင်း နတ်အပေါင်းတို့သည်။ မုနိရာဇဿ– သံသရာဘေး ကင်းလွတ်အေးဖို့ တွေးမှန်လာခ သာဝကတို့၏ အာသဘဓမ္မရာဇ် ရဟန်းမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သဂ္ဂမောဂ္ဂဒံ- လူရွာနတ်တိုက် ဗြဟ္မာဆိုက်အောင် အမြိုက်သုဒ္ဓ ဟူသမျှ တို့ကို ဝေငှတော်မူတတ်သေ။ သဒ္ဓမ္မံ– မှန်မယွင်းလတ်, သစ္စာနှင့်စပ်သဖြင့် ကောင်းမြတ်သော ( ) တရားတော်ကို။ သောတုံ- ဒုလ္လဘထဲ ကြုံရခဲတွင် ကြုံဆဲကြုံရာ ကြုံတွေ့ ရပေ၏ဟု သောမနသ်စိတ်သွင်း နာကြားခြင်းငှာ။ အတြ- အကျွန်ုပ်တို့ ယခုစည်းဝေးပြုကြသည့် ဗိုလ်ထုပရိသတ် ဤအရပ်သို့။ အာဂစ္ဆန္တု- ဆင့်ကာဆင့်ကာ ဖင့်မကြာပဲ သင့်ရာစုဆုံ လာကြပါကုန်လော့။ သုဏန္တု- ဖရဏာလျှမ်းမောက် လက်ပန်း ပေါက်ဖြင့် ဝမ်းမြောက်ကြည်ယုံ နာကြပါကုန်လော့။

ဘဒ္ဒန္တာ- စကြဝဠာ ရိုက်ညောင်း တိုက်တစ်သောင်း၌ ဆိုက်အောင်းပျော်ပါး အို နတ်အများတို့။ အယံ ကာလော- အများပရိသတ် သူတော်မြတ်တို့ ဆည်းကပ်စုဝေး သံပြိုင်ကြွေး၍ ငြိမ်းအေးညီညာ ရွတ်ဆိုကြမည့် ဤအခါသည်ကား။ ဓမ္မဿဝနကာလော- အနုတ္တရ သမ္ဗုဒ္ဓတို့၏ ထုတ်ပြမိန့်ချီ ဗျာဒိတ်ဆီကို သိင်္ဂီထားလှိမ့် ထောင်နားစိမ့်၍ နှစ်သိမ့်ကြည်သာ ကြားနားရမည့် အခါပေတည်း။

အမှာ။ ( ) ဤလက်သည်းကွင်းအတွင်း၌ ရွတ်ဆိုပူဇော်မည့် တရားတော်ကို ထည့်သွင်းဆိုပါ။ ဥပမာ-(ဓမ္မစကြာ) တရားတော်ကို သို့မဟုတ် (မင်္ဂလသုတ်ပရိတ်) တရားတော်ကို။

နတ်ပို့

ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။

သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။

ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာဂတာ။

ကိုးကား

Tags:

ပရိတ်ကြီး ၁၁ သုတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

မြသန်းတင့်တောင်ကြီးမြို့အစ္စလာမ်ဘာသာစောဘဦးကြီးကံကုန်းဘောင်မင်းဆက်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုကရင်ပြည်နယ်ကင်ဆာရောဂါပုဗ္ဗဏှသုတ်ပုလဲသတိပဋ္ဌာန်ကမ္ဘာကြီး ပူနွေးလာမှုစတီဖင် ချောင်စတုမဟာရာဇ်နတ်မင်းကြီးလေးပါးဇော်ဂျီမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်လိင်တူစုံမက်ခြင်းဆင်ဂျီသရီးရိုင်ဖယ်ဗုဒ္ဓဘောလုံးကစားခြင်းပထမ အင်္ဂလိပ် - မြန်မာစစ်ဘိုးမင်းခေါင်နန်းဆုရတီစိုးစက်တော်ရာအင်္ဂါဂြိုဟ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပညာရေးဝန်ကြီးဌာနသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊သွားပိုးစားရောဂါရန်ကုန်မြို့မေသန်းနုဒဿနိကဗေဒအမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နေကွန်မြူနစ်ဝါဒအနတ္တသန်လျင် မင်းကျောင်းဆရာတော်အိတ်ချ်အိုင်ဗွီ ရောဂါပိုးမြောက်ဦးမြို့ဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)မက္ခရာမင်းသားကြီးဖွားတော်ကြီးအကုသလကမ္မပထဆယ်ပါးဆီးချိုရောဂါလက္ခဏာများမြန်မာနိုင်ငံ၏ ပညာရေးသျှင်မဟာ သီလဝံသကြာသပတေးဂြိုဟ်စုန်းကဝေအတတ်မန်ကျည်းနတ်သျှင်နောင်စစ်ကိုင်းတိုင်းဒေသကြီးမျက်စိနာခြင်းဒုတိယ ကမ္ဘာစစ်ရဲဘော်သုံးကျိပ်မြန်မာနိုင်ငံ၏ ရပ်ကွက်များငရဲ (၃၁-ဘုံ)ည (ရုပ်ရှင်)ကရင် အမျိုးသား အစည်းအရုံးအရှေ့တောင်တိုင်းစစ်ဌာနချုပ်ရေဗမာပြည် ကွန်မြူနစ်ပါတီအိမ်ရခိုင်ဘာသာစကားနဂါးရှေးဦးသူနာပြုလာအိုနိုင်ငံအိန္ဒိယနိုင်ငံလောကဓံကြက်တောင်ရိုက်ခြင်းနှလုံးသွေးကြောကျဉ်းရောဂါမဟာသမယသုတ်ဂျပန်သမိုင်းသာသနာ သက္ကရာဇ်အလောင်းမင်းတရားကြီးအရေးတော်ပုံစိုင်းထီးဆိုင်🡆 More