မြထွန်းဦး

ဗိုလ်ချုပ်ကြီး စည်သူ မြထွန်းဦးသည် ၂၀၂၁ အိမ်စောင့်အစိုးရတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။ သူသည် ကာကွယ်​ရေးဝန်ကြီး အဖြစ်လည်း   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှု အပြီးမှ ၂၀၂၃ ဩဂုတ် ၃ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး
စည်သူ

မြထွန်းဦး
မြထွန်းဦး
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ယခင်လူဗိုလ်ချုပ်ကြီးတင်အောင်စန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ စက်တင်ဘာ ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ စက်တင်ဘာ ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
ကာကွယ်ရေးဝန်ကြီး
တာဝန်သက်တမ်း
၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
ဆက်ခံသူဗိုလ်ချုပ်ကြီးတင်အောင်စန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၆၁-0၅-0၅) မေ ၅၊ ၁၉၆၁ (အသက် ၆၂)
မြန်မာနိုင်ငံ
လူမျိုးဗမာ
ကြင်ဖော်(များ)ဒေါ်သက်သက်အောင်
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်စစ်မှုထမ်း
ဆုတံဆိပ်များစည်သူသင်္ဂဟဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြထွန်းဦး မြန်မာ
တပ်/တပ်ဖွဲ့ခွဲမြထွန်းဦး တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀ - လက်ရှိ
ရာထူးမြထွန်းဦးဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေး ဝန်ကြီးဌာန

အစောပိုင်းဘဝနှင့် ပညာရေး

၁၉၆၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။

တာဝန်ထမ်းဆောင်ခြင်း

တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးနှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့များ ဖျက်သိမ်းပြီးနောက်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးကွန်ယက် ပြန်လည်ထူထောင်ချိန်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးမှူး(ပထမတန်း)တာဝန်ကို ထမ်းဆောင်ခဲ့ဘူးသည်။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ကြည်း​ရေ​လေ ညှိနှိုင်းကွပ်ကဲ​ရေးမှူး(ကြည်း/ ရေ / လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် အနောက်နိုင်ငံအစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီကုမ္ပဏီကို ငှားရမ်းရာ၌ ဦးဆောင်ခဲ့သူဟု ဆိုကြသည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။

၂၀၂၃ စက်တင်ဘာ ၁၈ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်များအား လွဲပြောင်းကာ တာဝန်ထမ်းဆောင်သည်။

ပုဂ္ဂိုလ်ရေးဘဝ

သူ၏ ဇနီးဖြစ်သူ အမည်မှာ ဒေါ်သက်သက်အောင် ဖြစ်သည်။

ကိုးကား

Tags:

မြထွန်းဦး အစောပိုင်းဘဝနှင့် ပညာရေးမြထွန်းဦး တာဝန်ထမ်းဆောင်ခြင်းမြထွန်းဦး ပုဂ္ဂိုလ်ရေးဘဝမြထွန်းဦး ကိုးကားမြထွန်းဦးစည်သူဘွဲ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်အိမ်စောင့်အစိုးရ (၂၀၂၁)၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ဝတ်မှုန်ရွှေရည်ဗီယက်နမ်နိုင်ငံယောလူမျိုးထိုင်းနိုင်ငံ၏ ပြည်နယ်များသီရိလင်္ကာနိုင်ငံငှက်ရိုင်ဖယ်တပ်မတော် (ရေ)တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဗမာပြည် ကွန်မြူနစ်ပါတီလားရှိုးမြို့တောင်ကြီးမြို့မိန်းမ မျိုးပွားအင်္ဂါအောင်ခြင်း ၈ ပါးပဋ္ဌာန်းသင်္ချာမိုင်တဲလ် မြန်မာရမည်းသင်းမြို့နိဗ္ဗာန်မြန်မာ့စွယ်စုံကျမ်းငွေ (သတ္တု)အနေကဇာတင်ခြင်းအင်းဆက်ဂျူးဘာသာတြိဂံဒေသတိုင်းစစ်ဌာနချုပ်ခွေးယဉ်ကျေးမှုအမျိုးသမီးမျိုးကြီးမေတ္တေယျဘုရားမြန်မာ-အင်္ဂလိပ် အဘိဓာန်ကြာနီကန်ဆရာတော်ဟံသာဝတီမဲဆောက်မြို့ကမ္ဘာဂြိုဟ်အာရက္ခတပ်တော်ဂုဏ်တော်ကွန်ချာအင်ဒိုနီးရှားနိုင်ငံငါး (တိရစ္ဆာန်)မြန်မာပြည် စာတိုက် သင်္ကေတများအေ (အက္ခရာ)မင်းပြားမြို့အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်အာဋာနာဋိယသုတ်မလေးရှားနိုင်ငံစွယ်စုံကျမ်းလေးဖြူစွမ်းအင် ဝန်ကြီးဌာနဇော်ဂျီမန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအရှေ့တောင်တိုင်းစစ်ဌာနချုပ်နတ်သျှင်နောင်ခြင်းလုံးဗဒလင်းဂူ၃၂ ကောဋ္ဌာသစိတ်ချရသော လိင်ဆက်ဆံမှုမြင့်မြတ်နွားနောက်သူငယ်နာယေရှု ခရစ်တော်ကင်ဂိုအွန်မြန်မာနိုင်ငံ၏ ရပ်ကွက်များထေရဝါဒဦးနုပျူမြို့ပြနိုင်ငံများစင်ကာပူနိုင်ငံထိုင်းနိုင်ငံပြည်ထောင်စုနေ့အသည်းရောင် အသားဝါ ရောဂါ ဘီပိုးဂဠုန်🡆 More