ဗိုလ်ချုပ်မှူးကြီး

ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) အဆင့်သည် မြန်မာ့တပ်မတော်၏ သတ်မှတ်ထားသော အမြင့်ဆုံးတိုးမြှင့်နိုင်သည့် အဆင့်ဖြစ်သည်။ အနောက်တိုင်းအသုံးအနှုန်းတွင် ဖီးမာရှယ် (Field Marshal) သို့မဟုတ် General of the Army အဆင့်နှင့် တူညီသည်။ တစ်နည်းအားဖြင့် နေတိုးအဖွဲ့၏ အဆင့်စကေးအရ OF-10 အဆင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့်ဖြစ်သည်။ တပ်မတော်တွင် အမြင့်ဆုံးခန့်အပ်သည့် ရာထူးတာဝန်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ရရှိသောအဆင့်ဖြစ်သည်။ ထူးခြားစွာဖြင့် ထိုရာထူး၏ဒုတိယအဆင့်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။

ဗိုလ်ချုပ်မှူးကြီး
Senior General
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ်
နိုင်ငံဗိုလ်ချုပ်မှူးကြီး မြန်မာ
တပ်ဖွဲ့ဗိုလ်ချုပ်မှူးကြီး တပ်မတော် (ကြည်း)
အတိုကောက်ဗခမက၊ Sr Gen
ရာထူးအုပ်စုခေါင်းဆောင်ပိုင်းအရာရှိ
အဆင့်အတန်းကြယ်ငါးပွင့်အဆင့်
နေတိုး အဆင့်အတန်းကုဒ်OF-10
နေတိုးမဟုတ်သော အဆင့်အတန်းကြယ်ငါးပွင့်အဆင့်
ဖန်တီး၁၈ မတ် ၁၉၉၀
အောက်အဆင့်ရာထူးဒုတိယဗိုလ်ချုပ်မှူးကြီး/ဗိုလ်ချုပ်ကြီး

အဆောင်ယောင်များ

ဗိုလ်ချုပ်မှူးကြီးရာထူးသည် တပ်မတော် (ကြည်း) ၌သာရှိသော်လည်း ထိုရာထူးကိုရရှိသောသူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသည့်အလျောက် ကြည်း၊ ရေ၊ လေ ယူနီဖောင်းသုံးမျိုးစလုံးကို ဝတ်ဆင်နိုင်သည်။

သမိုင်းကြောင်း

၁၉၉၀ ပြည့်နှစ် တွင် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာတွင် ရာထူးတာဝန်များပြင်ဆင်ဖွဲ့စည်းရာ ၁၉၉၀ မတ်လ ၁၈ ရက်နေ့တွင် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် မိမိကိုယ်ကို ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။ ထို့ကြောင့်သူသည် ဗိုလ်ချုပ်မှူးကြီးရာထူးရယူခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးအဆင့်ရရှိခဲ့သူများ

စဉ် ဓာတ်ပုံ အမည် စတင်ရက် ပြီးဆုံးရက် မှတ်ချက်
ဗိုလ်ချုပ်မှူးကြီး စောမောင် ၁၈ မတ် ၁၉၉၀ ၂၄ ဧပြီ ၁၉၉၂ ကျန်းမာရေးကြောင့်အနားယူခဲ့ရသည်။
ဗိုလ်ချုပ်မှူးကြီး  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၃ ဧပြီ ၁၉၉၃ ၃၀ မတ် ၂၀၁၁
ဗိုလ်ချုပ်မှူးကြီး  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၀၁၃ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး

ဗိုလ်ချုပ်မှူးကြီး 
ဒုတိယဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ်

ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General) သည် ဗိုလ်ချုပ်ကြီးနှင့်ဗိုလ်ချုပ်မှူးကြီး အဆင့်တို့ကြား၌ဖြစ်၍ မြန်မာ့တပ်မတော်၌သာ ရှိသောရာထူးအသစ်ဖြစ်သည်။ လက်ရှိတပ်မတော်တွင်ထိုရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်တို့ကို ပူးတွဲတာဝန်ယူသောသူများကရရှိသည်။ ခြွင်းချက်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခါစအချိန်တွင် ဗိုလ်ချုပ်ကြီး အဆင့်သာဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်များ ရယူခဲ့သည်။

စဉ် ဓာတ်ပုံ အမည် စတင်ရက် ပြီးဆုံးရက် မှတ်ချက်
ဗိုလ်ချုပ်မှူးကြီး  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၂၀၀၂ ၃၀ မတ် ၂၀၁၁ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး  ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၀၁၂ မတ် ၂၀၁၃ နောင်တွင်ဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။
ဗိုလ်ချုပ်မှူးကြီး  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မတ် ၂၀၁၃ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Tags:

ဗိုလ်ချုပ်မှူးကြီး အဆောင်ယောင်များဗိုလ်ချုပ်မှူးကြီး သမိုင်းကြောင်းဗိုလ်ချုပ်မှူးကြီး အဆင့်ရရှိခဲ့သူများဗိုလ်ချုပ်မှူးကြီး ဒုတိယဗိုလ်ချုပ်မှူးကြီး ဆက်စပ်ကြည့်ရှုရန်ဗိုလ်ချုပ်မှူးကြီး ကိုးကားဗိုလ်ချုပ်မှူးကြီးတပ်မတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)နေတိုးအဖွဲ့၏ စစ်ဘက်ရာထူးများအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျန်စစ်သားဆလုံလူမျိုးခုနှစ်နှစ်စစ်ကဗျာလင်္ကာကလောမြို့ခင်ပွန်းကြီးဆယ်ပါးမံစီမြို့နာဂစ်မုန်တိုင်းကျိုက်ထီးရိုးဘုရားသေမင်းတမန် ရထားလမ်းစောင်းကောက်သွေးတိုးရောဂါလိင်ဆက်ဆံခြင်းဖောင်တော်ဦးဘုရား (အင်းလေး)သီရိပျံချီဘွဲ့ဟာဝိုင်ယီပြည်နယ်ဇာမဏီမြန်မာ့ရိုးရာ ကစားနည်းဆေးပေါ့လိပ်ပင်လုံစာချုပ်မကွေးတိုင်းဒေသကြီးရူပဗေဒကျွန်မက နှင်းဆီပါမောင်ဗုဒ္ဓသစ္စာလေးပါးဂျပန်ဘာသာစကားသီရိလင်္ကာနိုင်ငံမဂ္ဂင် ၈ ပါးရိုဟင်ဂျာဖားဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်၁၉၈၁ပရိတ်ကြီး ၁၁ သုတ်သီတင်းကျွတ်လကာမေသုမိစ္ဆာစာရရခိုင်ပြည်နယ် တံဆိပ်နှင့် အလံအီဂျစ်နိုင်ငံသမန်းကျားအီစတာပွဲတော်နေ့မိုင်းမောမြို့ဟောင်းရှစ်ပါးသီလခင်ဝင့်ဝါပါကစ္စတန်နိုင်ငံနာရီဦးနုကျောက်ဖြူမြို့စောမောင် (ဗိုလ်ချုပ်မှူးကြီး)လွှမ်းမိုးလိင်စိတ်ဆွခြင်းထားဝယ်လူမျိုးလေးဖြူမင်္ဂလာပါမေတ္တေယျဘုရားအလက်ဇန္ဒား ဟာမီတန်တစ်တော့ကောင်းမှုတော်ဘုရားပခုက္ကူမြို့ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ဆောက်လုပ်ရေး ဝန်ကြီးဌာနပထမ အင်္ဂလိပ် - မြန်မာစစ်စမ်းချောင်းမြို့နယ်မြွေဂျိန်းဘာသာဗလာဒီမီယာ ပူတင်ပြင်ဦးလွင်မြို့ဘရောက်ဆာ စစ်ပွဲများမုတ်သုန်ကာတွန်း ရုပ်ပြောင်ဇာတ်ကြီးဆယ်ဘွဲ့သင်္ဂါယနာဆီးချိုရောဂါဂျောင်ဂျောင်ကုပန်ထွာဘုရင်မဗြိတိသျှအင်ပါယာဘီလူးစီးခြင်းအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက🡆 More