ဗိုလ်ချုပ်မှူးကြီး

ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) အဆင့်သည် မြန်မာ့တပ်မတော်၏ သတ်မှတ်ထားသော အမြင့်ဆုံးတိုးမြှင့်နိုင်သည့် အဆင့်ဖြစ်သည်။ အနောက်တိုင်းအသုံးအနှုန်းတွင် ဖီးမာရှယ် (Field Marshal) သို့မဟုတ် General of the Army အဆင့်နှင့် တူညီသည်။ တစ်နည်းအားဖြင့် နေတိုးအဖွဲ့၏ အဆင့်စကေးအရ OF-10 အဆင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့်ဖြစ်သည်။ တပ်မတော်တွင် အမြင့်ဆုံးခန့်အပ်သည့် ရာထူးတာဝန်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ရရှိသောအဆင့်ဖြစ်သည်။ ထူးခြားစွာဖြင့် ထိုရာထူး၏ဒုတိယအဆင့်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။

ဗိုလ်ချုပ်မှူးကြီး
Senior General
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ်
နိုင်ငံဗိုလ်ချုပ်မှူးကြီး မြန်မာ
တပ်ဖွဲ့ဗိုလ်ချုပ်မှူးကြီး တပ်မတော် (ကြည်း)
အတိုကောက်ဗခမက၊ Sr Gen
ရာထူးအုပ်စုခေါင်းဆောင်ပိုင်းအရာရှိ
အဆင့်အတန်းကြယ်ငါးပွင့်အဆင့်
နေတိုး အဆင့်အတန်းကုဒ်OF-10
နေတိုးမဟုတ်သော အဆင့်အတန်းကြယ်ငါးပွင့်အဆင့်
ဖန်တီး၁၈ မတ် ၁၉၉၀
အောက်အဆင့်ရာထူးဒုတိယဗိုလ်ချုပ်မှူးကြီး/ဗိုလ်ချုပ်ကြီး

အဆောင်ယောင်များ

ဗိုလ်ချုပ်မှူးကြီးရာထူးသည် တပ်မတော် (ကြည်း) ၌သာရှိသော်လည်း ထိုရာထူးကိုရရှိသောသူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသည့်အလျောက် ကြည်း၊ ရေ၊ လေ ယူနီဖောင်းသုံးမျိုးစလုံးကို ဝတ်ဆင်နိုင်သည်။

သမိုင်းကြောင်း

၁၉၉၀ ပြည့်နှစ် တွင် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာတွင် ရာထူးတာဝန်များပြင်ဆင်ဖွဲ့စည်းရာ ၁၉၉၀ မတ်လ ၁၈ ရက်နေ့တွင် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် မိမိကိုယ်ကို ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။ ထို့ကြောင့်သူသည် ဗိုလ်ချုပ်မှူးကြီးရာထူးရယူခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးအဆင့်ရရှိခဲ့သူများ

စဉ် ဓာတ်ပုံ အမည် စတင်ရက် ပြီးဆုံးရက် မှတ်ချက်
ဗိုလ်ချုပ်မှူးကြီး စောမောင် ၁၈ မတ် ၁၉၉၀ ၂၄ ဧပြီ ၁၉၉၂ ကျန်းမာရေးကြောင့်အနားယူခဲ့ရသည်။
ဗိုလ်ချုပ်မှူးကြီး  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၃ ဧပြီ ၁၉၉၃ ၃၀ မတ် ၂၀၁၁
ဗိုလ်ချုပ်မှူးကြီး  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၀၁၃ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး

ဗိုလ်ချုပ်မှူးကြီး 
ဒုတိယဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ်

ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General) သည် ဗိုလ်ချုပ်ကြီးနှင့်ဗိုလ်ချုပ်မှူးကြီး အဆင့်တို့ကြား၌ဖြစ်၍ မြန်မာ့တပ်မတော်၌သာ ရှိသောရာထူးအသစ်ဖြစ်သည်။ လက်ရှိတပ်မတော်တွင်ထိုရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်တို့ကို ပူးတွဲတာဝန်ယူသောသူများကရရှိသည်။ ခြွင်းချက်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခါစအချိန်တွင် ဗိုလ်ချုပ်ကြီး အဆင့်သာဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်များ ရယူခဲ့သည်။

စဉ် ဓာတ်ပုံ အမည် စတင်ရက် ပြီးဆုံးရက် မှတ်ချက်
ဗိုလ်ချုပ်မှူးကြီး  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၂၀၀၂ ၃၀ မတ် ၂၀၁၁ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး  ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၀၁၂ မတ် ၂၀၁၃ နောင်တွင်ဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။
ဗိုလ်ချုပ်မှူးကြီး  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မတ် ၂၀၁၃ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Tags:

ဗိုလ်ချုပ်မှူးကြီး အဆောင်ယောင်များဗိုလ်ချုပ်မှူးကြီး သမိုင်းကြောင်းဗိုလ်ချုပ်မှူးကြီး အဆင့်ရရှိခဲ့သူများဗိုလ်ချုပ်မှူးကြီး ဒုတိယဗိုလ်ချုပ်မှူးကြီး ဆက်စပ်ကြည့်ရှုရန်ဗိုလ်ချုပ်မှူးကြီး ကိုးကားဗိုလ်ချုပ်မှူးကြီးတပ်မတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)နေတိုးအဖွဲ့၏ စစ်ဘက်ရာထူးများအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိုလိုနီခေတ်မြန်မာနိုင်ငံရှိ ခရိုင်များတို့ဗမာအစည်းအရုံးရေးမြို့နယ်မှော်ပညာပါတော်မူခြင်းတပ်ရင်း (၇)ပုလွေမှုတ်ခြင်းကုန်းဘောင်မင်းဆက်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များအဏ္ဏဝါဗေဒသိပ္ပံပညာစုန်းကဝေအတတ်ဝီကီပီးဒီးယားဈာန်ပစ္စည်း (သဒ္ဒါ)လိင်မှတဆင့် ကူးစက်တတ်သော ရောဂါသရပါတံခါးကလောမြို့ထိုင်းနိုင်ငံတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မြဝတီမြို့စေတသိက်ရဲဝင်းဦးအာဆင်နယ်ပျားကျောက်ကပ်ရောင်ရောဂါဝိနည်းနယူတန်ဂဠုန်ဦးစောခွေးရူးပြန်ရောဂါကာကွယ်ဆေးတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းနေ့နံဆော်ဒီအာရေဗျနိုင်ငံမစ်ကီးမောက်စ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှမ်းဘာသာစကားမိုင်းခရပ်ဖ်စကားကြီး ဆယ်မျိုးဆဒ္ဒန်ဂူဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းပန်းကြည့်ပွဲတော်စံပယ်ပန်းမြန်မာနိုင်ငံ၏ လူဦးရေထန်းလျက်အမေနေ့ရွှေဝါရောင် တော်လှန်ရေးမြန်မာသရုပ်ဆောင်များစာရင်းဟိန္ဒူဘာသာသမုဒ္ဒရာဝမ်းပိစ်ရတုဘူတန်နိုင်ငံကအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးနေပြည်တော်မြို့အောင်ဆန်းသက်ရှိအသည်းရောင် အသားဝါ ရောဂါ စီပိုးပန်ထွာဘုရင်မလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံသင်္ချာကြူကြူလှထိုင်းနိုင်ငံ၏ ပြည်နယ်များအာနန္ဒာဘုရားနတ်ပင့်ဂါထာမုံရွာမြို့ခုနစ်နေ့ဘုရားရှိခိုးအိန္ဒြာကျော်ဇင်မျက်စိနာခြင်းမဲခေါင်မြစ်ရေးမြို့နှလုံးသွေးကြောကျဉ်းရောဂါအာဠာဝကဘီလူးမြင့်မြတ်🡆 More