ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ စိုးဝင်း (၁ မတ် ၁၉၆၀ မွေးဖွား) သည် မြန်မာနိုင်ငံသား၊ တပ်မတော်သားတစ်ဦးဖြစ်ပြီး လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်များအား ထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ်၊ ဗိုလ်လောင်သင်တန်းအမှတ်စဉ် (၂၂)ကျောင်းဆင်းအရာရှိတစ်ဦးဖြစ်သည်။ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (ဗထူး)၏ ကျောင်းအုပ်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့် တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး
မဟာသရေစည်သူ

စိုးဝင်း
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တပ်မတော်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်မှူးကြီး မောင်​အေး
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တပ်မတော် (ကြည်း)
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၁
ယခင်လူဒုတိယဗိုလ်ချုပ်မှူးကြီး မောင်​အေး
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1960-03-01) မတ် ၁၊ ၁၉၆၀ (အသက် ၆၄)
နိုင်ငံသားမြန်မာနိုင်ငံသား
လူမျိုးဗမာ
ကြင်ဖော်(များ)ဒေါ်သန်းသန်းနွယ်
သားသမီးဟန်ထူး
လင်းထူး
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာ
တပ်/တပ်ဖွဲ့ခွဲဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀-လက်ရှိ
ရာထူးဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဒုတိယဗိုလ်ချုပ်မှူးကြီး
တပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင် ဒုတိယ​ခေါင်း​ဆောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။

ကိုယ်ရေးအကျဉ်း

  • DSA အပတ်စဉ် (၂၂) (ကြည်း - ၁၆၄၈၉)
ခုနှစ် နေရာ တာဝန်
၁၉၈၁ ဒုဗိုလ်
၂၀၀၆ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီး
၂၀၀၈ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
၂၀၀၉ ဗိုလ်ချုပ်
၂၀၁၀ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး
၂၀၁၁ မတ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
၂၀၁၂ ဧပြီ ၃ ဗိုလ်ချုပ်ကြီး

ရရှိခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ

ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် (၀၄-၀၁-၂၀၂၁) လွတ်လပ်ရေးနေ့တွင် “သီရိပျံချီ ”ဘွဲ့မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော သရေစည်သူသင်္ဂဟဘွဲ့သို့ တိုးမြှင့်၍ “နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)” ဖြင့် ချီးမြှင့်ခံခဲ့ရသည်။

ကိုးကား

Tags:

ကာကွယ်ရေးဦးစီးချုပ်(ကြည်း)စစ်တက္ကသိုလ်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗထူးတပ်မြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး

🔥 Trending searches on Wiki မြန်မာဘာသာ:

ပလောင်းနိုင်ငံမိုးကုတ်တရားဘရာဇီးနိုင်ငံလိပ်ဗမာပြည် ကွန်မြူနစ်ပါတီဗိသုကာပညာအင်္ဂလိပ်ဘာသာစကားဒန့်သလွန်မြန်မာ့ပြည်တွင်းပဋိပက္ခများတန်ခူးလဩကာသ ဘုရားရှိခိုးရက္ခိုင့်တပ်တော်ဂူဂယ်အယုဒ္ဓယခွေးရူးပြန်ရောဂါလစ်ဗျားနိုင်ငံဝတ်မှုန်ရွှေရည်၃၁-ဘုံမေတ္တာတနင်္သာရီတိုင်းဒေသကြီးနို့တိုက်သတ္တဝါကျုံပျော်မြို့စောင်းကောက်ဟာဝိုင်ယီကျွန်းစုမြန်မာနိုင်ငံမြန်မာ့တပ်မတော် သမိုင်းကြောင်းမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းမူးယစ်ဆေးဝါးအပါယ်လေးဘုံဝီကီပီးဒီးယားထိုင်းနိုင်ငံ၏ ပြည်နယ်များဗမာလူမျိုးအနော်ရထာလက္ခဏာဗေဒလိမ်လည်မှုပြင်သစ် တော်လှန်ရေးရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းမုံရွာမြို့မြသန်းတင့်အချစ်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တောင်ကြီးမြို့ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အောင်ခြင်း ၈ ပါးအက်တမ်မုန်းစွဲ (ရုပ်ရှင်)ခမာလူမျိုးကာကွယ်ရေးဝန်ကြီးဌာနဥသျှစ်ပင်စိုင်းစိုင်းခမ်းလှိုင်ဗေဒင်နှလုံးသွေးကြောကျဉ်းရောဂါသင်းခွေချပ်မင်္ဂလာတရား ၃၈-ပါးဘားအံမြို့ငွေပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂အင်တာနက်ဟာဝိုင်ယီပြည်နယ်ကာလသားရောဂါနီဝရဏအမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးအသည်းရောင် အသားဝါ ရောဂါ စီပိုးတားရော့ပညာအချိန်ဘန်နီဖြိုးဒါနကဆုန်လပြည့် ဗုဒ္ဓနေ့ပုပ္ပားမယ်တော်ဂင်္ဂါမြစ်မင်္ဂလာပါနေဝင်း (ဗိုလ်ချုပ်ကြီး)🡆 More