ဗမာ့လွတ်လပ်ရေးတပ်မတော်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်များသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Interdependence Army - BIA) ကို လက်မောင်း သွေးဖေါက်သစ္စာရေသောက်ကာ စုဖွဲ့တည်ထောင်ခဲ့ကြသည်။A ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များဟာ ဗမာ့တပ်မတော်အနေနဲ့ ထာဝရ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ခံယူသွားရမဲ့ အခြေခံမူကြီး (၄) ရပ်ကို BIA စတင်စုဖွဲ့စဉ်ကတည်းက ချမှတ်ပြဋ္ဌာန်းခဲ့ကြသည်။ ၎င်းအခြေခံမူကြီး (၄) ရပ်မှာ -

  1. နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော်
  2. ပြည်သူ့ဆန္ဒနဲ့ အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်
  3. နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်
  4. နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော်ဖြစ်ရမည် ဟု တိတိကျကျ ပြဋ္ဌာန်းသတ်မှတ် ခဲ့ကြသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အသုံးပြုခဲ့သောအလံများ
ဘီအိုင်အေ ပထမအလံ
ဘီအိုင်အေ ဒုတိယအလံ
ဘီအိုင်အေ တတိယအလံ

ဘန်ကောက်မြို့မှာ စတင်စုဖွဲ့ခဲ့သော BIA ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာပြည်တွင်းသို့ ရဲဘော်သုံးကျိပ်ဝင် အမျိုးသား သူရဲကောင်း စစ်ခေါင်းဆောင်ကြီးများက ဦးစီးကွပ်ကဲကာ ဂျပန်စစ်တပ်နဲ့ အတူမော်လမြိုင် စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီ စစ်ကြောင်း၊ အတွင်းသူပုန် တပ်ဖွဲ့စစ်ကြောင်းအဖြစ် စစ်သည် စစ်ကြောင်းများ အသီးသီးစုဖွဲ့ပြီး ၁၉၄၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ချီတက် ဝင်ရောက်ခဲ့ ကြသည်။ ကြည်းကြောင်းချီတပ်ဖွဲ့များက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ဆက်စပ်လျက်ရှိတဲ့ နယ်မြေဒေသများကို ဖြတ်သန်း ချီတက်ကြရင်း ဒေသခံ ဗမာ့တိုင်းရင်းသား သွေးချင်း မျိုးချစ်လူငယ်များကို စည်းရုံး သိမ်းသွင်းကာ BIA တပ်မတော်ကြီးအား တိုးချဲ့ စုဖွဲ့ခဲ့ကြသည်။ ထို့ကြောင့်လည်း ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ထားဝယ်၊ မြိတ်မှ သွေးချင်း တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

သမိုင်းဝင် စစ်ခေါင်းဆောင်ကြီးများ

တပ်မတော်၏ သမိုင်းကို တစေ့တစောင်း လေ့လာကြည့်လျင် နောက်ပိုင်းတပ်မတော်မှာ အထင်ကရ နာမည်ကျော်ကြား အစဉ်အလာကြီးမားတဲ့ သမိုင်းဝင် စစ်ခေါင်းဆောင်ကြီးများကို တွေ့ရှိရမည် ဖြစ်သည်။ ၎င်းတို့မှာ ဗိုလ်မှူးကြီးဗထူးဗိုလ်မှူးချုပ်စိန်ဝင်း၊ ဗိုလ်မှူးကြီး လွန်းတင်၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီးဖေသက်၊ ဗိုလ်မှူးကြီး ဂွမ်ရှိန် စသူတို့ဟာ ဒေသခံ တနင်္သာရီနဲ့ မွန်ပြည်နယ်က မျိုးချစ် စစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။

ထို့နောက် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

တပ်မတော်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

၁၃-၃-၁၉၄၄ မှာ BDA ဗမာ့တပ်မတော်ခေတ် ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တစ်ခုတွင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းဆင်းပွဲ မိန့်ခွန်းတွင် “ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ ဗမာနိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ တို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီနိုင်ငံ အကျိုးကို ကာကွယ်ရမယ်။ ဗမာ့တပ်မတော်ဟာ ဗမာ တနိုင်ငံလုံး တမျိုးသားလုံး အတွက်ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတစ်ဦး တစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ ဒီတပ်မတော်ဟာ တစ်ဖွဲ့၊ တစ်ပါတီ၊ လူတစ်စုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်” လို့ ပြောကြားခဲ့သည်။

မှတ်စု

    A. ^ သစ္စာဆိုပွဲ အခမ်းအနားကို ၂၆ ဒီဇင်ဘာ ၁၉၄၁ တွင် ဘန်ကောက်မြို့ရှိ မြန်မာမျိုးချစ်ရဲဘော်ကြီး ဦးလွန်းဖေ ၏ အိမ်တွင်ပြုလုပ်သည်။ ကြိုတင်ခေါ်ယူထားသော ယိုးဒယား ဆရာဝန်တဦးက ဆေးထိုးပြွန် နှင့် ရဲဘော်တို့ထံမှ လက်မောင်းသွေးများကို ဖေါက်ထုတ်ယူ၍ ငွေဖလား အတွင်း သို့ စုပေါင်းထည့်ပေးလေသည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်တေဇမှစ၍ အစဉ်အလိုက် ဖောက်ယူပြီး လူစေ့သွားသော အခါ သစ္စာဆိုကြရသည်။ သစ္စာဆိုရာ၌ (မြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေးတိုက်ပွဲ အတွက် ကိုယ်ကျိုးမဖက် အသက်စွန့်၍ ရဲဝံ့စွာ တိုက်ပွဲ ဝင်မည် ဖြစ်ကြောင်း) သံပြိုင်ဆိုကြရသည်။ သစ္စာပြုပြီးသည်နှင့် ငွေဖလား အတွင်းမှ လက်မောင်းသွေးများကို ရဲဘော်များသည် သောက်လိုက်ကြသည်။ ထိုအခမ်းအနားသို့ ရဲဘော်သုံးကျိပ်ဝင်များ အားလုံး စုံညီစွာ မတက်ရောက်နိုင်ပေ။ အချို့ ရဲဘော်များမှာ စစ်သားစုဆောင်းရေး တာဝန် အတွက်လည်းကောင်း၊ အခြားဆောင်ရွက်ဖွယ် တာဝန်အရပ်ရပ်ကြောင့်လည်းကောင်း၊ ခရီးထွက် ကြရ၍ဖြစ်သည်။ မတက်ရောက်နိုင်သော ရဲဘော်များအတွက် ခေါင်းဆောင် ဗိုလ်တေဇက ကိုယ်စားပြု၍ သစ္စာပြုခဲ့သည်။

ဆက်စပ်ဖတ်ရန်

ကိုးကား

စိန်တင်၊ တက္ကသိုလ် (၁၉၆၈)။ ရဲဘော်သုံးကျိပ်မော်ကွန်း။ 1976။

Tags:

ဗမာ့လွတ်လပ်ရေးတပ်မတော် သမိုင်းဝင် စစ်ခေါင်းဆောင်ကြီးများဗမာ့လွတ်လပ်ရေးတပ်မတော် တပ်မတော်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းဗမာ့လွတ်လပ်ရေးတပ်မတော် မှတ်စုဗမာ့လွတ်လပ်ရေးတပ်မတော် ဆက်စပ်ဖတ်ရန်ဗမာ့လွတ်လပ်ရေးတပ်မတော် ကိုးကားဗမာ့လွတ်လပ်ရေးတပ်မတော်ရဲဘော်သုံးကျိပ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အီသီယိုးပီးယားနိုင်ငံကိုယ်ဝန်ဖျက်ချခြင်းခွေးတောက်ပင်မြန်မာနိုင်ငံ၏ အမည်များဓမ္မစကြာသုတ္တန်သရက်သီးတပ်မတော် (ကြည်း)ဗောဇ္ဈင်္ဂသုတ်ဘီလူးကြယ်လိပ်ပွေး(ရောဂါ)ရွှေဥဒေါင်းတစ်ကိုယ်ရည်အာသာဖြေခြင်းဂျာနယ်ကျော် မမလေးမုန့်လုံးရေပေါ်မြန်မာစာစတင်ဖြစ်ပေါ်လာပုံဂရိနိုင်ငံပါရာဇိကမြန်မာကျပ်ငွေမဟာဗောဓိတထောင်မုဒုံမြို့ရေဘဝဲမြန်မာတိုင်းရင်းသားမျိုးနွယ်များဇီးကွက်ကျေးရွာအုပ်စုမယ်နုအုတ်ကျောင်းမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ပျူပညာရေးဝန်ကြီးဌာနမေတ္တာတပ်မတော် (ရေ)ငါး (တိရစ္ဆာန်)ဘူတန်နိုင်ငံပစ္စည်း (သဒ္ဒါ)ကွန်ပျူတာသရက်ချောင်းမြို့နယ်ပရိတ်ကြီး ၁၁ သုတ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရာမာယဏမြန်မာ သက္ကရာဇ်မင်းသိင်္ခနေတိုး (ရုပ်ရှင်သရုပ်ဆောင်)လူဦးရေအနော်ရထာမြန်မာပြည် စာတိုက် သင်္ကေတများနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသရဏဂုံပန်းဆယ်မျိုးပညတ်တော်ဆယ်ပါးအိပ်စက်ခြင်းဝင်းမြင့် (နိုင်ငံတော်သမ္မတ)တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်သိဒ္ဓတ္ထမင်းသားလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမိုးကုတ်မြို့စွမ်းအင်သံချပ်ကာယန္တရားတပ်ဖွဲ့ဂျူးဘာသာဘုရားစစ်ပွဲနည်းပညာသီပေါမင်းမန္တလေး နန်းတော်ကျင်ဒွေးမြို့ဓာရဏပရိတ်ရေသည်ပြဇာတ်အကြည်တော်လေးဖြူအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ငုရွှေဝါပင်ဘိုးဘိုးအောင်အလောင်းမင်းတရားဆေးခြောက်ပင်ဒွေး🡆 More